ဆားဝက်ခြံများကို တိုက်ထုတ်နည်းများ

မျက်နှာပေါ်မှ ဆားဝက်ခြံများဟာ အလှအပ အတွက် မဟာရန်သူတော်များ ဖြစ်ပါတယ်။ ဒါကြောင့် ဆား ဝက်ခြံကြောင့် စိတ်ညစ်နေရသူတွေ အတွက် တိုက်ထုတ်နည်းလေးတွေ တင်ပြလိုက်ပါ တယ်။

ခရမ်းချဉ်သီးဖျော်ရည်

ခရမ်းချဉ်သီး တွေကို အစေ့တွေဖယ်ပြီး ညှစ်ထားတဲ့ အရည်ကို ဆားဝက်ခြံပေါ်မှာ အုပ်တာဟာ အကောင်း ဆုံး ပေါင်းတင် ဆေးပါပဲ။ ခရမ်းချဉ်သီး အနှစ်ရည်ကို ဆားဝက်ခြံ ဖြစ်တဲ့နေရာမှာ ၁ဝ မိ နစ် ခန့်ထားပြီး ရေအေးဖြင့် ပြန်လည် ဖယ်ရှားပါ။

ရွှံ့စေးရေ

ရွှံ့စေးရေကတော့ ဝက်ခြံက အဆီတွေကို စုပ်ယူမယ့် အကောင်းဆုံး သဘာဝရေပါ။ ဆိုးဝါးပြင်းထန်တဲ့ ဝက်ခြံတွေ အတွက် လိမ်းရလည်းအေးပြီး အဆီစုပ်မှုလည်း အားကောင်းတဲ့ ရွှံ့ရေ ပေါင်း တင်ဆေးက ပိုမို ထိရောက်ပါတယ်။ ဈေးကွက်ထဲမှာ အသင့်လုပ်ပြီးသား ရွှံ့အခြေခံ ပေါင်းတင်ဆေးတွေ ရှိပါတယ်။

နွားနို့ရည်

နွားနို့စစ်စစ် အနည်းငယ်ကို ဂွမ်းသန့်သန့်လေးနဲ့ အနည်းငယ်ယူပြီး အမည်းစက်တွေ ပေါ်ကို ၁၅ မိနစ်ခန့် ထားပေးပါ။ အမည်းစက် သို့မဟုတ် ဝက်ခြံခေါင်းတွေ နူးညံ့လာပြီး ဖယ်ရ ပိုလွယ်ကူ တာ တွေ့ရပါမယ်။

သွားတိုက်ဆေး

နှာခေါင်းပေါ်က အမည်းစက်၊ ဆားဝက်ခြံတွေ အတွက် အရိုးရှင်းဆုံး နည်းက သွားတိုက်ဆေးပါ။ သွားတိုက် ဆေး အနည်းငယ်ကို ရေစွတ်ထားတဲ့ နှာခေါင်းပေါ် လိမ်းပေးပါ (မျက်လုံးကို သတိထား ပါ) စိုနေတဲ့ သွားတိုက်တံလေးနဲ့ သွားတိုက်ဆေး ပွတ်ထားတဲ့ နေရာကို ဖြည်းဖြည်းလေး နေ့စဉ် ပွတ်ပေးပါ။ ဒီနည်း လမ်းဟာ အငြင်းပွားဖွယ်ရာ ရှိပေမဲ့ ဆားဝက်ခြံ ရှိသူများ အတွက်တော့ အ လွယ်ဆုံး နည်းလမ်းလေးပါ။ ဒီနည်းသုံးပြီးလျှင် သွားပွတ်တံကို ရေနွေး ပူပူဖြင့် စေ့စပ်စွာ ဆေးကြော သန့်စင်ပါ။

ကြယ်ရီ

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ