ဗိုက်တာမင်ဆေးဝါးများစားသုံးခြင်းမှာ ငွေဖြုန်းတီးမှုသာဖြစ်ဟုဆို


ဗိုက်တာမင်ဓာတ်များပါဝင်သည့် ဆေးဝါးများစားသုံးမှုမှာ ကျန်းမာရေးကို အထောက်အကူပြုမှုနှင့် ခန္ဓာကိုယ် အား အထောက် အကူဖြစ်စေမှုအနည်းငယ်သာရှိသောကြောင့် ငွေဖြုန်းတီးခြင်း သာဖြစ်သည်ဟု သြစတြေးလျဆေးပညာရှင်အသင်းက သတင်း ထုတ်ပြန်ခဲ့ကြောင်း အေဘီစီသတင်းဌာနက ဖော်ပြသည်။
သြစတြေးလျဆေးပညာရှင်အသင်းသည် နိုင်ငံအတွင်းရှိ ပါမောက္ခများနှင့် ဆေးဝါးကျွမ်းကျင်ပညာရှင်များ၊ ခန္ဓာဗေဒ ပညာရှင်များပါဝင်သည့်အဖွဲ့ဖြင့် လေ့လာမှုများပြုလုပ်ခဲ့ရာတွင် ဗိုက်တာမင်ဓာတ်များ ပါဝင် သည့်ဆေးဝါးများ စားသုံးခြင်းမှာ ငွေကြေးကုန်ကျမှုနှင့်ထိုက်တန်သည့် အကျိုးကျေးဇူး ရရှိခြင်း မရှိ ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည် ။

ဗိုက်တာမင်ဓာတ်များကို နေ့ စဉ်စားသုံးနေသည့် အစားအစာများထဲမှ လုံလောက်စွာ ရရှိနေပြီး ဆေးဝါးများ ထပ်မံစားသုံးခြင်းမှာ ခန္ဓာကိုယ်တွင်လုံလောက်ပြီး ဖြစ်သောကြောင့် အကျိုးသက်ရောက်မှု မရှိခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည် ။

သြစတြေးလျ ဆေးပညာရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာ မိုက်ကယ်ဂန်နွန်က ဗိုက်တာမင်ဓာတ်များ ပါဝင်သည့် ဆေးဝါး များကို စားသုံးခြင်းမှာ ငွေဖြုန်းတီးရာရောက်သည့်အပြင် ဈေး ကြီးသည့် ဆီးဖန်တီးရန် ကြိုးပမ်းသကဲ့သို့သာဖြစ်နေကြောင်း ပြောသည်။ ဗိုက်တာမင်ဆေးဝါးများကို စားသုံးမည်ဆိုပါက ဆရာဝန်များညွှန်ကြားမှသာ စားသုံးသင့်သည်ဟုလည်း ဒေါက် တာမိုက်ကယ်ဂန်နွန်က အကြံပြုခဲ့သည်။

The Union Daily
https://www.facebook.com/uniondaily.net/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ