သင့်ကျန်းမာရေး (ခေါင်းတစ်ခြမ်းကိုက်ခြင်း)

လူတိုင်းလိုလို ခေါင်းကိုက်ဖူးပါလိမ့်မယ်။ ခေါင်းကိုက်ခြင်းရဲ့ အကြောင်းကို သေသေချာချာ မသိပေမဲ့ ခေါင်းကိုက်လာရင် လည်ပင်း ကြွက်သားတွေ တင်းမာ လာပါတယ်။

ခေါင်းတစ်ခြမ်း ကိုက်ခြင်းဟာ ဦးခေါင်းခွံရိုးနဲ့ ဦးနှောက်တွင်းက သွေးကြောတွေ ပုံမှန်မဟုတ်ဘဲ ကျယ်ပြန့် လာခြင်းကြောင့် ဖြစ်ရ ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်ခြင်းဟာ အားအင်ကုန်ခန်းစေတဲ့ ဝေဒနာ တစ်ခုပဲ ဖြစ်ပါတယ်။

လက္ခဏာများ

ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ အစောပိုင်း လက္ခဏာများမှာ ဦးခေါင်းအတွင်း တစ်စုံတစ်ခု တင်းကျပ် နေသလို ခံစားရပြီး မူမမှန်ဘဲ ပျို့အန်ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်းတွေ ဖြစ်တတ် ပါတယ်။ အဲဒီလို အခြေအနေမှာ စကားပြောရင် ဗလုံးဗထွေး ဖြစ်လာတယ်။ ဦးခေါင်း တစ်ဖက် တည်းကနေ ခေါင်းအပြင်းအထန် ကိုက်လာတယ်။ ခေါင်းကိုက်ရင် နာရီ အနည်းငယ်ကြာ ကနေ ရက်အနည်းငယ်ကြာ တဲ့အထိ ဖြစ်နိုင် ပါတယ် ။ သန္ဓေတားဆေး ဟော်မုန်းဆေးကုထုံး (HRT) မှာ သုံးတဲ့ဆေး၊ သွေးတိုးရောဂါမှာ သုံးတဲ့ ဆေးတွေ ဟာ ခေါင်းတစ်ခြမ်း ကိုက်တဲ့ ဝေဒနာကို ဆိုးရွားစေတယ်။ ခေါင်းတစ်ခြမ်း ကိုက်ခြင်းကြောင့် မောပန်း နွမ်းနယ်ခြင်း၊ စိတ် လှုပ်ရှားခြင်း၊ မျက်စိဒဏ် ဖြစ်ခြင်းတို့ကို ဖြစ်စေပါတယ်။ တချို့ အစားအစာကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဆေးဝါးများ

ထရစ်တန် (Triptan) လို့ခေါ်တဲ့ ဆေးဟာ ခေါင်းတစ်ခြမ်း အပြင်းအထန်ကိုက်တဲ့ လက္ခဏာ ကို သက်သာစေတယ်။ ခေါင်းကိုက်ရင် အဲဒီဆေးသောက်ဖို့ လိုတယ်။ မူးဝေပျို့အန်တာနဲ့ တစ်ပြိုင်နက် အစာအိမ်က စုပ်ယူမှု အားနည်းသွားလို့ ဆေးသောက်ရတယ်။ မကြာခဏ ခေါင်းကိုက်သူတွေ ဘီကာဘလော့ကာ (B-blocker)၊ ပရိုပန်နိုလော၊ အတီနိုလောတို့ကို ကြိုတင် ကာကွယ်ဆေး အဖြစ် အသုံးပြုနိုင်ပါတယ်။

အစားအစာ(ဓာတ်စာ)

အစာကို နည်းနည်းပဲ စားသင့်ပေမဲ့ နာရီဝက်ကြာတဲ့ အခါမှာ တစ်ခါ စားသင့် ပါတယ်။ သိပ်ပြင်းထန်ရင် အရည်သောက်ပါ။ ခံစားမှုကို နှိုးဆွစေတဲ့ အစာက ကဖိန်းဓာတ်၊ ချောကလက်ကို ပြုပြင် စိမ်ထားတဲ့ အစာ၊ အချဉ်ဖောက်ထားတဲ့ အစားအစာ၊ အရက်၊ ရှောက် သီး၊ သံပရာသီးနဲ့ သစ်သီးဖျော်ရည်၊ ဘီယာ၊ ငှက်ပျောသီး ၊ အခွံမာငါး၊ ဂျုံနဲ့ပြုလုပ်တဲ့ အစား အစာ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ ပါဝင်တယ်။

သွေးကြောကျဉ်းစေ၊ ကျယ်စေတဲ့ ဒိန်ခဲ၊ ဝိုင်အနီ၊ ချောကလက်၊ ကြက်အူချောင်းနဲ့ ရှောက်သီး၊ သံပရာသီး တို့ဟာ ခေါင်းကိုင်ခြင်းကို သက်သာစေတယ်။

အစာအတွက် အကြံပြုချက်

နိုက်ထရိတ်နဲ့ နိုက်ထရိတ်ပါတဲ့အစာများဟာ ခေါင်းတင်းခြင်း၊ ခေါင်းကိုက်ခြင်းကို နှိုးဆွစေ တယ်။ မုန်လာဥနီ၊ ဆလတ်၊ တရုတ်နံနံ၊ဟင်းနုနယ်၊ မုန်လာဥ၊ ဝက်ပေါင်ခြောက်၊ ဝက်အူ ချောင်းတွေ မစား သင့်ဘူး။ နူးညံ့ပြီး မလိုင်ထုတ်ထားတဲ့ ဒိန်ခဲနဲ့ အခြား အာဟာရတွေ၊ မရှိမဖြစ်
တဲ့ အာဟာရ ဗီတာမင်တွေပါအောင် လုံလုံလောက်လောက် စားပေးသင့်တယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ အားဆေးတွေကို သုံးစွဲသင့်ပါတယ်။ ။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ