ဥရောပတွင် ဖြစ်ပေါ်နေသော မီးခိုမြူများတွင် တရုတ်နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော မီးခိုးမြူများထက် အဆိပ်ငွေ့ ပါဝင်မှု ပိုမိုမြင့်မားနေ


ဥရောပတွင် ဖြစ်ပေါ်နေသော မီးခိုးမြူများတွင် တရုတ်နိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော မီးခိုးမြူများထက် အဆိပ်ငွေ့ ပါဝင်မှု နှုန်းမှာ ပိုမိုမြင့်မားနေကြောင်း The Independentသတင်းဌာနက ဖေဖော်ဝါရီ ၁၁ ရက်က ရေးသားဖော်ပြ သွားခဲ့သည်။ တရုတ်နိုင်ငံတွင် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ မီးခိုးမြူများ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး မီးခိုးမြူများကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပေါ်ကာ လေထုအတွင်း အဆိပ်သင့်ဓာတ်ငွေ့ပါဝင်နှုန်းထားမှာ လူသားတို့၏ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်ခဲ့သည်။ သို့သော်လည်း ဖေဖော်ဝါရီလမှ စတင်၍ ဥရောပနိုင်ငံများ၌ ဖြစ်ပေါ်ခဲ့သော မီးခိုးမြူများမှာ တရုတ်နိုင်ငံ တွင် ဖြစ်ပေါ်ခဲ့သော မီးခိုးမြူများထက် အဆိပ်ငွေ့ပါဝင်မှု ၂၇ ဆအထိ မြင့်မားနေကြောင်း သိရသည် ။

ကင်းကောလိပ်မှ ပရော်ဖက်ဆာ ဖရန့်ခ်ကယ်လီက “ဥရောပနိုင်ငံကြီး အများစုမှာဖြစ်ပေါ်နေ တဲ့ လေထုညစ်ညမ်းမှုတွေက ၂၀၁၇ ခုနှစ်မှာ ပိုဆိုးလာတယ်၊ မီးခိုးမြူတွေ ဖြစ်ပေါ်လာပြီး အဆိပ်ငွေ့တွေ ပါဝင်မှုနှုန်းကလည်း အရမ်းကို မြှင့်တက်လာတယ်၊ မီးခိုးမြူဆိုတာ လေထုညစ်ညမ်းမှုနှင့် တိုက်ရိုက် ဆက်နွယ်ပတ်သက်နေတယ် ၊ ဒီလိုဖြစ်စဉ်မျိုး ကတော့ ဥရောပနိုင်ငံကြီးတွေနဲ့ အမေရိကန်နိုင်ငံ မှာ ဖြစ်ပေါ်တာ သိပ်ကိုရှားတယ် ၊ အားလုံးသတိထားကြပါ၊ ဥရောပနိုင်ငံကြီးတွေမှာ ဖြစ်ပေါ်နေတဲ့ မီးခိုးမြူတွေမှာ အဆိပ်ငွေ့ ပါဝင်မှုနှုန်းက အရမ်းကို မြင့်မားနေတယ်” ဟု ပြောကြား သွားခဲ့သည်။

သို့သော်လည်း ပရော်ဖက်ဆာဖရန့်ခ်ကယ်လီက ဥရောပနိုင်ငံတွင် အဆိပ်ငွေ့ ပမာဏမြင့်မား စွာ ရောစပ်ပါဝင်နေ သည့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်မှုမှာ တရုတ်နိုင်ငံထက် ၂၇ ဆ မြင့်မားနေသည် ဟု ဆိုသော်ငြားလည်း တရုတ်နိုင်ငံ ဘေကျင်းမြို့တော်၊ ရှန်ဟိုင်းမြို့တော် ၊ ဟောင်ကောင်မြို့တော် တို့တွင် ဖြစ်ပေါ်နေသော လေထုညစ်ညမ်းမှုမှာလည်း ဥရောပနိုင်ငံများကို အမီလိုက်နေဆဲ ဖြစ်ကြောင်း သတိပေး ပြောကြားသွားခဲ့သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ