အူရောင်ရောဂါ ရှိသူများအတွက် အစားအစာ

နာတာရှည်အူရောင်ရောဂါများသည် ခန္ဓာကိုယ်က မိမိ၏အူလမ်းကြောင်းကို ပြန်တိုက်ခိုက်သည့် ကိုယ်ခံအားရောဂါများဖြစ်ကြပြီး အစာခြေလမ်းကြောင်းမှ အာဟာရ များ ကောင်းစွာမစုပ်ယူနိုင်စေရန် တားဆီးတတ်သည်။ ထို့ကြောင့် နာတာရှည် အူရောင်ရောဂါရှိသူများတွင် ဗိုက်တာမင်နှင့် သတ္တု ဓါတ်ပြည့်ဝသော အစားအစာများ ဂရုစိုက်စားသုံးရန်လိုသည်။

နေ့စဉ်အစားအစာများကို မှတ်တမ်း တင်ပါ။
နေ့စဉ်စားသုံးခဲ့သမျှ အစားအစာများကို မှတ်တမ်းတင်ထားခြင်းဖြင့် မိမိနှင့်မတည့်သည့် အစားအစာများကို သိရှိနိုင်သည်။ ဆရာဝန်နှင့် ပြသသည့်အခါတွင်လည်း အစားအစာ မှတ်တမ်းပြသခြင်းဖြင့် ပိုမိုထိရောက်စွာ ကုသမှုခံယူနိုင်သည်။

နည်းနည်းနှင့်ခဏခဏစားပါ
နာတာရှည်အူရောင်ရောဂါသည် မိမိစားလိုက်သမျှ ကယ်လိုရီများကို မစုပ်ယူနိုင်စေရန် ဟန့်တားထားသောကြောင့် ကိုယ်အလေးချိန်ကျပြီး အာဟာရချို့တဲ့စေသည်။ ထို့ ကြောင့် ကယ်လိုရီပါဝင်မှုများပြီး အသားဓါတ်ကြွယ်ဝသောအစားအစာများမကြာခဏ စားပေးရန်လိုသည်။

အားဆေးသောက်ပါ
အာဟာရပြည့်ဝသော အစားအစာများစားသော်လည်း အူရောင် ရောဂါကြောင့်အာဟာရချို့တဲ့သည့်အခါ အားဆေးများ သောက်ပေး၊ ထိုးပေးရန်လိုသည်။ အထူးသဖြင့် ဗိုက်တာမင် B12 နှင့် သံဓါတ်ကို အားဆေးအနေနှင့် ထပ်ဆောင်း သောက်သုံးရန်လိုသည်။

ရှောင်ရမည့်အစားအစာ
အူရောင်ရောဂါရှိသူ တစ်ဦးနှင့် တစ်ဦး မတည့်သည့် အစားအစာချင်း မတူကြသော်လည်း အမျှင်ဓါတ် ကြွယ်ဝသည့် ဂျုံ၊ ပြောင်း၊ အသီး အရွက်များ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အဆီပါဝင်မှုများသော အစားအစာများ၊ ကဖင်းဓါတ်၊ ကာဗွန်ပါသော အအေးများနှင့် အရက်တို့သည် လုံးဝရှောင်ကျဉ်ရမည့် အစားအစာများဖြစ်ကြသည်။

ဇော်ကို

Health Updates Journal No. 93

Ref:Health Central

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ