အယ်ကိုဟော အာရုံခံစနစ်ပါဝင်သောTostitos အာလူးကြော်အထုပ်များ


ဆန်းသစ်ဖန်တီးမှုများအမြဲထုတ်လုပ်နေသောGoodby Silverstein & Partners အေဂျင်စီနှင့် ပူးပေါင်း၍ Tostitos အာလူးကြော်ကုမ္ပဏီက ရှူထုတ်သောလေတွင် အယ်ကိုဟော ပါဝင်မှု တိုင်းတာနိုင်သော နည်းပညာပါဝင်သည့် Tostitos Party Bags အာလူးကြော်ထုတ်များ ထုတ်လုပ်သွားမည် ဖြစ်ကြောင်းသိရသည် ။

Tostitosအာလူးကြော်ကုမ္ပဏီမှာအရက်သောက်ပြီးကားမောင်းတတ်သူများအားယာဉ်အန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးနိုင်ရန် အတွက် အရက်အားအာရုံခံသည့် စနစ်ပါဝင်သော Tostitos အာလူးကြော်ထုတ်များတွင် အရက်အာရုံခံသည့်စနစ်နှင့် အိမ်ပြန်ပို့ပေးနိုင်ရန် တက္ကစီငှားပေးသည့် စနစ်ပါ ထည့်သွင်းထားကြောင်းသိရသည်။

အယ်ကိုဟောအာရုံခံစနစ်ကသတ်မှတ်ထားသည့် အရက်ပမာဏတစ်ခုအား စစ်ဆေးတွေ့ ရှိပါက ယာဉ်မောင်းအား အရက်သောက်၍ မောင်းနှင်ခြင်းမပြုရန် မီးလင်းသောစာသားဖြင့် သတိပေးနိုင်ပြီး Near Field Communication ၀ိုင်ယာ လက်စနစ်ဖြင့် မိမိ၏ဖုန်းနှင့် ချိတ်ဆက်ကာ Uberတက်စီတစ်စီး ကိုခေါ်ဆောင်ပေး နိုင်ကြောင်းသိရသည်။ အလွန်အကျွံသောက်သုံးပြီးကားမောင်းနှင်ရန်အတွက် မသင့်တော်တော့သည့် အချိန်များတွင် ဤ Tostitos စနစ်မှာအသက်ကယ်ပေးနိုင်သည့် နည်းပညာ ဖြစ်ကြောင်းသိရသည် ။ ထို့ ပြင် Tostitos အိတ်ခွံများတွင်ပါဝင်သည့် တက်စီလက်မှတ် code များကိုသိမ်းဆည်းထားပါကလည်း အခြားတစ်ချိန်၌ Uberတက်စီစီးနိုင်ရန်အတွက် အသုံးပြုနိုင်ကြောင်းသိရသည် ။

ပုံမှန်အာလူးကြော် ထုပ်များအဖြစ် ရောင်းချသွားမည်မဟုတ်သေးသော်လည်း CNET ၀က်ဆိုက်မှ သတင်းထောက် တစ်ဦးကTostitos ကိုစမ်းသပ်ခွင့်ရရှိခဲ့သည်။သတင်းထောက် Amanda မှာအရက်တစ်ခွက်ကိုသောက်ပြီးသော် ယင်းအာလူးကြော်ထုတ်ထဲသို့ လေကိုမှုတ်သွင်းလိုက်သည့်အခါ အာလူးကြော်ထုတ်တွင် မီးအနီရောင်လင်း လာပြီး ဆယ်ဒေါ်လာခန့်  လျော့ဈေးသတ်မှတ်ထားသော Uberတက္ကစီငှားလက်မှတ်အတွက် ရိုက်နှိပ်ထားသော code အမှတ်များ ပါဝင်ကြောင်းတွေ့ ရှိခဲ့သည်။

အယ်ကိုဟောမသောက်သုံးထားသူများအတွက် လေကိုရှူသွင်းလိုက်ပါကမီးစိမ်းလင်းလာသည်ကိုတွေ့ မြင်ရမည် ဖြစ်သည်။ အရက်သောက်၍ မောင်းနှင်ခြင်းအားတားမြစ်ရန်အတွက် ဖွဲ့ စည်းထားသည့် အသင်းများနှင့် ပူးပေါင်း၍ Tostitos မှာ ၄င်းတို့၏ အာလူးကြော်အထုပ် အများစုတွင် တက်စီငှား လက်မှတ်များထည့်သွင်း ထုတ်လုပ် သွားမည် ဖြစ်ကြောင်းသိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ