အသက်ရှည်စေဖို့ လက်ဖက်စိမ်းရည် တစ်ခွက်သောက်ကြစို့

နေ့စဉ် လက်ဖက်စိမ်းရည်တစ်ခွက် ပုံမှန်သောက်သုံးခြင်းဟာ အသက်ရှည်ရှည် နေနိုင်စေ မယ် လို့ လေ့လာမှုတစ်ခုမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ် ။ ဒါဟာ လက်ဖက်စိမ်းရည်ကရတဲ့ ဓာတ်ပေါင်းတွေ ဟာ ရောဂါများကို ကာကွယ်ပေးနိုင်ပြီး ကယ်လိုရီနည်းပါးတာကြောင့် ပဲဖြစ်ပါတယ်။

ဗြိတိသျှနေ့စဉ်စား အာဟာရဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်အရ လက်ဖက်စိမ်းရည်ဟာ သဘာဝအတိုင်း အရည်ဓာတ်ဖြည့်တဲ့ အာဟာရတစ်မျိုးဖြစ်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းအကြွယ်ဝဆုံး အာဟာရ တစ်မျိုးဖြစ်တယ်လို့ သိရပါတယ် ။ လက်ဖက်ရည်ရဲ့ ကျန်းမာရေး အကျိုးပြုအာနိသင်ကို အထူးပြုလေ့လာနေ တဲ့ Dr.Tim Bond က flavonoids ပါဝင်မှုဟာ လက်ဖက်ရည်ကို နာမကျန်းမှုတွေကနေ ကာကွယ်ပေးစေနိုင် တဲ့ သောက်စရာ ဖြစ်လာစေခဲ့ကြောင်း ပြောကြားထားပါတယ်။


လက်ဖက်ရည်ဆိုရာမှာ လက်ဖက်စိမ်းရည်ဟာ ကိုယ်ခန္ဓာရဲ့ ဇီဝ ဖြစ်ပျက်မှု ဖြစ်စဉ်များကို မြှင့်တင်ပေးနိုင်ပြီး အဆီဓာတ်ကို အူကနေ စုပ်ယူခြင်းကို တားဆီးပေးပါတယ်။ ဒါ့အပြင် ဖလူအိုရိုက် ပါဝင်တဲ့အတွက်လည်း လက်ဖက်စိမ်းရည်သောက်ရင် သွားဖုံးရေစီးကမ်းပြိုလိုက်ခြင်းကို ကာကွယ်ပေးပြီး အရိုးတွေကို သန်မာစေပါတယ် ။ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပြီး ဆီးကျိတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာ ကိုလည်း ဖြစ်ပွားမှုနှုန်းလျော့ကျစေပါတယ်။

သက်ကို
ref;ANI
Health Updates Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ