အကျိုးပြု ဘတ်တီးရီးယားကြောင့် ရရှိနိုင်သော အပိုအကျိုးကျေးဇူးများ

အကျိုးပြု ဘတ်တီးရီးယားကြောင့် ရရှိနိုင်သော အပိုအကျိုးကျေးဇူးများအကျိုးပြု ဘက်တီးရီးယား (Probiotics) အကြောင်း ကိုတော့ ကြားဖူးပြီး ဖြစ်ပါလိမ့်မယ်။ လူ့ခန္ဓာကိုယ် အတွက် ကောင်းတဲ့ ဘက်တီးရီးယား တစ်မျိုးဖြစ် ပြီး ဒိန်ချဉ်၊ သက်တမ်းရင့် ဒိန်ခဲနဲ့ ဖြည့် စွက်ဆေးတချို့ထဲမှာ ပါဝင်ပါတယ်။ အ ကျိုးပြု ဘက်တီးရီးယားဟာ အစာခြေ စနစ်ကို ကျန်းမာရေး ကောင်းမွန်စေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကို ကာကွယ် ပေးကာ IBSဝေဒနာကို သက်သာစေပါ တယ်။ ဒါ့အပြင် အောက်ပါ ကျန်းမာ ရေးအကျိုးကျေးဇူး တွေကိုလည်း ရရှိစေ ပါတယ်လို့ သုတေသန ပညာရှင်တွေက ဆိုပါတယ်။

နှလုံးကို ကျန်းမာစေပါတယ်

အချိန်ခြောက်ပတ်ကြာ ဒိန်ချဉ်စား တဲ့သူတွေဟာ မကောင်းတဲ့ ကိုလက်စထ ရောအဆင့်ကို ၉ ရာခိုင်နှုန်းနီးပါး လျော့ ကျစေတယ်လို့ ကနေဒီသုတေသီတွေက ဆိုပါတယ်။ အကြောင်းကတော့ ဒိန်ချဉ် မှာပါတဲ့ Lactobacillus reuteri ဆို တဲ့ အကျိုးပြု ဘက်တီးရီးယားကြောင့် ဖြစ်ပါတယ်။

စိတ်ပှုပင် သောကကို လျော့ကျ စေပါတယ်

အကျိုးပြု ဘက်တီးရီးယား Lactobacillus နဲ့ Bifidobacterium longum ပါတဲ့ ဖြည့်စွက်ဆေးတွေကို ရက် ၃ဝကြာ မှီဝဲသူတွေဟာ မမှီဝဲသူတွေထက် စိတ်ဖိ စီးမှု လျော့နည်းတာကို တွေ့ရှိရကြောင်း ဗြိတိန်အာဟာရဂျာနယ်ရဲ့ လေ့လာမှုတစ် ခုက ဆိုပါတယ်။

သွားနဲ့ သွားဖုံးကို သန့်ရှင်းစင်ကြယ်စေ ပါတယ်

၂ဝ၁၁ လေ့လာမှုတစ်ခုအရ အကျိုး ပြုဘက်တီးရီးယား Lactobacillus reuteri နဲ့ Bifidobacterium တို့ကို မှီ ဝဲတာကြောင့် သွားဖုံးရောဂါနဲ့ သွားပိုး စားတာတွေကို ဖြစ်စေနိုင်တဲ့ အန္တရာယ် ရှိတဲ့ ဘက်တီးရီးယားပိုးတချို့ကို လျော့ ကျစေကြောင်း သိရပါတယ်။

အအေးမိ ချောင်းဆိုးတာကို သက်သာစေပါတယ်

အကျိုးပြုဘက်တီးရီးယားပါတဲ့ ဖြည့်စွက်ဆေးတွေကို မှီဝဲတာက အသက် ရှူလမ်းကြောင်းပိုးဝင်မှုကို ၁၂ရာခိုင်နှုန်း လျော့ကျစေပြီး အနည်းဆုံး အအေးမိ ဝေဒနာ တစ်ကြိမ် ဖြစ်နှုန်းကို လျော့ကျ စေတယ်လို့ ၂ဝ၁၁ လေ့လာမှု ၁ဝခုအရ သိရပါတယ်။ 

By Good Health

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ