ခါးကိုက်ခါးနာဝေဒနာအတွက် အကိုက်အခဲပျောက်ဆေးများအသုံးမပြုသင့်ဟုဆို


လူ့ ဘ၀သက်တမ်းတွင် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ မလွဲမသွေကြုံရလေ့ရှိသည့် ခါးကိုက် ခါးနာဝေဒနာအတွက် အက်စပရင်၊အိုင်ဗျူပရိုဖင် အစရှိသည့် အကိုက်အခဲပျောက်ဆေးများ ကိုသောက်သုံး ခြင်းသည် ခါးကိုက်ခါးနာဝေဒနာအပေါ်အကျိုးသက်ရောက်မှုမရှိဘဲ အူလမ်းကြောင်း နှင့်အစာအိမ်တို့ ကို သာ ပို၍ထိခိုက်စေနိုင်ကြောင်း သြစတြေးလျနိုင်ငံ၊ George Institute of Global Health မှ သုတေသီများက သတိပေးထားသည် ။ ခါးကိုက်ခါးနာဝေနာများအတွက် အကိုက် အခဲပျောက်ဆေး အပြင်းစားများသောက်ကြကြောင်း ၊ သို့ သော် ၄င်းအကိုက်အခဲပျောက်ဆေးများသည် ခါးကိုက်ခါးနာဝေဒနာကိုသက်သာစေနိုင်ခြင်းမရှိကြောင်း၊ သကြား စားပေးခြင်းဖြင့် ပို၍ပင် သက်သာစေ နိုင်ကြောင်း ၊ ၄င်းဆေးအပြင်းစားများကြောင့် အူလမ်းကြောင်းနှင့်အစာ အိမ် နာကျင်ခြင်း ၊ သွေးပေါက်ခြင်း တို့ ဖြစ်စေ နိုင်ကြောင်း သုတေသီတစ်ဦးက ပြောသည်။

စတီရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေး (NSAID) အုပ်စုဝင်ဖြစ်သည့် အက်စပရင်နှင့်အိုင်ဗျူပရို ဖင် ကဲ့သို့ ဆေးဝါးများကို အလွယ်တကူဝယ်ယူရရှိနိုင်ပြီး အခြားသောကိုက်ခဲမှုများနှင့်အတူ ခါးကိုက်ဝေဒနာ အတွက်လည်းအသုံးပြုကြကြောင်း၊ အနည်းငယ်မျှသာသက်သာပြီး ဘေးထွက်ဆိုးကျိုးပို ၍ များခြင်းဖြစ်ကြောင်း ၊ အူလမ်းကြောင်းနှင့်အစာအိမ်သွေးယိုစီးမှုဖြစ်နိုင်သည့်အပြင် နှလုံးသွေးကြောဆိုင် ရာ ပြဿနာများလည်းဖြစ်ပွားနိုင်ကြောင်း သိရသည်။

သြစတြေးလျသုတေသီများက ကျောရိုးနာကျင်မှုကိုခံစားနေရသည့်လူနာပေါင်း ၆၀၀၀ ကျော်အား လေ့လာ ဆန်းစစ်ခဲ့ကြောင်း ၊ ၄င်းတို့ အား အက်စပရင် ၊အိုင်ဗျူပရိုဖင် နှင့်ဆေးအာနိသင်မပါသော ပလာစီ ဘို ဆေးများကို အဖွဲ့ လိုက်ခွဲကာတိုက်ကျွေးခဲ့ကြောင်း၊ နောက်နှစ်ပတ်ကြာသော ၄င်းတို့  အားလုံးသည် ခါးနာ ဝေဒနာ သက်သာလာကြောင်း ပြောကြားခဲ့ကြကြောင်း၊ ၄င်းတို့ ကို သကြားဓါတ်ကို ချင့်ချိန်ကာ တိုက်ကျွေး ခဲ့ကြောင်း သိရသည် ။ အသက်အရွယ်ကြီးလာရင် ခါးကိုက်ခါးနာတာ ဖြစ်မှာပါပဲ။

ဘ၀တစ်သက်တာလုံးအသုံးပြုထားတဲ့ခါးလည်း ဖြစ်သလို ကိုယ်အလေးချိန်တက်လာတာတွေကြောင့်လည်း ခါးနာတာပါ။ အဲဒီအတွက် အကိုက်အခဲ ပျောက်ဆေးတွေသွားသောက်လို့ ထူးခြားမှာမဟုတ်တဲ့အပြင် အခြားသောဆိုးကျိုးများကိုသာခံစားရမှာ ဖြစ်ပါတယ်။ တစ်ကယ်တမ်းမှာ ခါးကိုက်ခါးနာဝေဒနာတွေအတွက် သကြားဓါတ်ကို မျှတအောင်စားပေးပြီး ကိုယ်လက်လှုပ်ရှားမှုကိုသာ ပုံမှန်ပြုလုပ်ပေးခြင်းက အကောင်းဆုံး ကုထုံးဖြစ်ပါတယ် ။ လုံးဝမသက်သာ တော့မှ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူသင့်ပါတယ် ။ အလွယ်တကူဝယ်ယူရရှိနိုင် တဲ့ အကိုက်အခဲပျောက်ဆေးအပြင်းစားတွေကို မသောက် သင့်ပါဘူးဟု သုတေသီတစ်ဦးက သတိပေးထား သည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ