သင်ချစ်သောသူ သေဆုံးသည့်အခါ ပူဆွေးသောက ရောက်နေခိုက် သက်သာရာ ရစေမည့် အပြုအမူများ


သင်ချစ်သောသူ သေဆုံးသည့်အခါ ပူဆွေးသောက ရောက်နေခိုက် သက်သာရာ ရစေမည့် အပြုအမူများ ကိုယ်ချစ်ခင်တဲ့ သူ (ဥပမာ- ဆွေမျိုး သားချင်း၊ မိတ်ဆွေ သူငယ်ချင်း ၊ ခင်မင်ရ သူ) သေဆုံးသွားတဲ့ အခါ "သေသောသူ ကြာရင်မေ့"ဆိုတဲ့ စကားလိုမျိုး သူ့ကို မမေ့နိုင်ဘဲ ဝမ်းနည်းကြေကွဲ နေရင် အောက် ပါနည်းလမ်း တွေကို လုပ်ဆောင်သင့်ပါ တယ်။

ပုံမှန်ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ပါ

ပုံမှန်ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်တာက စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးမှုနဲ့ ပူပင်သောကတို့ကို သက်သာလျော့ပါး စေပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

ကိုယ့်ဘဝကို တန်ဖိုးထားပြီး ကျန်ရှိ နေတဲ့ အချိန်အပိုင်းအခြားအတွင်းမှာ ကျန်းမာအောင် နေမယ်ဆိုတဲ့ စိတ်ကို မွေးမြူပါ။ အနားများများယူပါ၊ အာဟာ ရပြည့်ပြည့်ဝ၀စားသောက်ပါ၊ အရက်နဲ့ မူးယစ်ဆေးဝါးကို မသုံးပါနဲ့။

လူမှုရေး လုပ်ငန်းများ လုပ်ဆောင်ပါ

သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကို တတ်နိုင်သမျှ အကျိုးပြုနိုင်ဖို့အတွက် စေတနာ့ ဝန်ထမ်းအလုပ်တွေကို ပါဝင်လုပ်ဆောင်ပါ။ ပူဆွေးသောကကို မေ့လျော့သွားပါစေ။ ရောက်တတ်ရာရာ တွေးတောတာမျိုး မဖြစ်တော့ပါ ဘူး။

နှစ်ပတ်လည် အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ပါ

သင်ချစ်တဲ့သူအတွက် အလှူဒါန ကောင်းကောင်းပြုလုပ်နိုင်အောင် ကြို တင်စဉ်းစားထားပြီး ပြင်ဆင်နေတာ ကလည်း ဝမ်းနည်းပူဆွေးမှုကို လျော့ပါး စေပါတယ်။

ခံစားချက်ကို ဖွင့်ဟပြောပါ

သင့်စိတ်ထဲမှာ မြုံပြီး တစ်ယောက်တည်း ကျိတ်ခံစား မနေသင့် ပါဘူး။ သင်ချစ်သူတွေကို အလွန်အမင်း သတိရလွမ်းဆွတ်တဲ့ အခိုက်မှာ သင့်ကို နား လည် စာနာပေးနိုင်မယ့်သူကို ဖွင့်ဟပြော ပြလိုက်ပါ။ သင်ခံစားနေရတဲ့ ဝေဒနာ သက်သာသွားပါလိမ့်မယ်။

ကုသမှု အစီအစဉ်ချမှတ်ပါ

တကယ်လို့ မေ့သင့်တဲ့ အချိန် ရောက် ပေမယ့် မမေ့နိုင်ဘဲ အိပ်ရာထဲလှဲပြီး မစား နိုင်၊ မသောက်နိုင် ပူဆွေးသောကရောက် ပြီး စိတ်ဓာတ်ကျနေရင် ဆရာဝန်နဲ့ တွေ့ ဆုံပြီး ဆေးကုသမှု ခံယူဖို့ လိုအပ်နေ ပါပြီ။

ကြယ်စင်
 By Good Health

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ