Motion sickness ခရီးသွားစဉ် ပျို့-အန်ခြင်း


မေး - အသက်က ၂၆ နှစ်ရှိပါပြီ။့ မှာ အလုပ်လာလုပ်တာ ၃ လ လောက်ပဲရှိပါသေးတယ်။ အလုပ်ကစိတ်ဖိစီးမှု နည်းနည်းရှိပါတယ်။ ရန်ကုန်မှာနေတုန်းကကားမူးပြီးအန်ချင်တာလောက်ပဲရှိတာပါ။ ဆေးခန်းပြတာလဲ စကားပြော အဆင်မပြေတာကြောင့်ပါ။

ခရီးသွားစဉ် မူးဝေ အော့အန်ခြင်းဖြစ်ရသည်မှာ မျက်စိကမြင်သိ၍ ဦးနှောက်ဆီပို့လွှတ်သည့် အာရုံကြောစနစ်၏ ပေးပို့ချက်နှင့် ကိုယ်ခန္ဓာ အတတ်-အဆင်း၊ ဘယ်ကွေ့-ညာကွေ့ ဖြစ်သည်အား နားအတွင်းထဲရှိ အင်္ဂါအစိတ်အပိုင်းက ပို့လွှတ်သည့် ပေးပို့ချက်တို့ သဟဇတမဖြစ်ခြင်းကြောင့် မူးဝေ အော့အန်ဖြစ်စေခြင်းဖြစ်သည် ။ Hyoscine, Cyclizine, Cinnarizine, Promethazine တို့ကိုပေးနိုင်သည် ။ နားအတွင်းက လာမည့် ပေးပို့ချက်အား ဦးနှောက်၏ အန်ခြင်းကို ဖြစ်စေသည်နေရာသို့ မရောက်စေရန် တားဆီးမည့်ဆေးကို ပေးရခြင်း ဖြစ်သည် ။

အသုံးအများဆုံးဆေး Dramamine ကို အသက် ၂ နှစ် အထက်ပေးနိုင်သည် ။ ကိုယ်တိုင် ကားမောင်သူအား မပေးရ ။ အရက်နှင့်မတွဲရ ။ အခြားအိပ်ချင်စေသည့်ဆေးများ (အအေးမိသက်သာဆေး ၊ ဘိန်းပါသည့်ဆေး ၊ အိပ်ဆေး ၊ စိတ်ငြိမ်ဆေး ၊ အတက်သက်သာဆေး ၊) များနှင့် တွဲမပေးသင့်ပါ ခရီးသွားစဉ် မူးဝေ အော့အန်ခြင်းအတွက် ခရီးမထွက်မီ နာရီဝက် ၊ ၁ နာရီကြိုတင်သောက်ရမည် ။ အချို့ဆေးက ၄ နာရီ ခံပြီး အချို့က ၂၄ နာရီခံသည် ။ ဆေးကို ရေတဖန်ခွက်အပြည့်ဖြင့်သောက်ပါ ။ နားကြောင့်ဖြစ်ရသည့် ခေါင်းမူးရောဂါ အတွက် ဆေးကို တနေ့လျှင် ၄-၆ ကြိမ်သောက်ရသည် ။ အိပ်ချင်မည် ။ အိပ်ပျော်နေမည် ။

ဒေါက်တာတင့်ဆွေ
HealthGuide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ