Mental Health စိတ်ကျန်းမာရေး


လူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ဦးတည်တဲ့ ပြုပြင်မှုတွေ လုပ်မယ်လို့  ဗြိတိန် ဝန်ကြီးချုပ်က ပြောလိုက် တဲ့ သတင်းလွန်ခဲ့တဲ့ (၃) နာရီကထွက်လာပါတယ် ။

စိတ်လှုပ်ရှားမှု ကောင်းမွန်ပြီး စိတ်ရောဂါကင်းရှင်းနေရင် စိတ်ကျန်းမာတယ်လို့ခေါ်တယ် ။ ဘဝမှာ အပြုသဘောဆောင် ၊ အပေါင်းလက္ခဏာအမြင်ရှိ ၊ အခက်အခဲပြဿနာတွေကို ရင်ဆိုင်ကျော်လွှားရာမှာ အလျော့အတင်းရှိပြီး ၊ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်ခြင်းပင်ဖြစ်တယ် ။ လူတဦးအနေနှင့် လူ့အဖွဲ့အစည်း ကို ကောင်းကျိုးချမ်းသာဖြစ်စေဘို့ ပြုမူ-နေထိုင်တတ်ရန်လို့လည်း ဆိုနိုင်တယ် ။ စိတ်ကျန်းမာရေးပြဿနာကများတယ်။ ကမ္ဘာ့ကျန်းမာရေး ဝန်ထုပ်ဝန်ပိုးကြီးတရပ် ဖြစ်နေတယ် ။ ရောဂါပေါင်းစုံ ၏ ၁၄% ရှိတယ် ။ ကူးစက်ရောဂါများမှအပဆိုရင် ၂၈% ရှိတယ် ။ ကမ္ဘာ့လူဦးရေ၏ ၃ဝ% မှာ စိတ်ရောဂါ တမျိုးမျိုးရှိနေကြတယ် ။

အများဆုံးဖြစ်တယ့် စိတ်ရောဂါတွေက -
၁။ စိတ်ကျရောဂါ။
၂။ အရက်စွဲရောဂါ။
၃။ စကီဇိုဖရီးနီးယားရောဂါနဲ့
၎။ ဒီမင်းရှားရောဂါတွေဖြစ်ကြတယ် ။

စိတ်ကျန်းမာရေး ကျား-မ ရွေးတယ်
စိတ်နဲ့ပတ်သက်တဲ့ ဝေဒနာတွေကို ဆန်းစစ်လိုက်ရင် ယောက်ျားတွေမှာ ဖြစ်ကြရတာ နဲ့ မိန်းမတွေ မှာ ဖြစ်ကြရတာ မတူပါ ။ အမျိုးသမီးများမှာ စိုးရိမ်စိတ်လွန်ကဲတာ နဲ့ စိတ်ဓါတ်ကျဆင်းတာ အဖြစ်များတယ် ။ ယောက်ျားတွေကတော့ မူးယစ်-ဆေးဝါးစွဲတာနဲ့ လူနေမှုအသိုင်းအဝိုင်းနဲ့ အဆင်မပြေတာတွေ အဖြစ်များ တယ်လို့ အမေရိကန် စိတ်ပညာအသင်းကနေ ထုတ်ပြန်လိုက်ပါတယ် ။ မူမှန်မဟုတ်တဲ့ စိတ်ပညာဂျာ နယ်ထဲမှာ လူတွေ အများဆုံးဖြစ်တတ်တဲ့ စိတ်ရောဂါတွေနဲ့ ကျား-မ ခွဲခြား လေ့လာချက်ကို ဖေါ်ပြ လိုက်ပါတယ် ။ အမျိုးသမီးတွေဟာ စိုးရိမ်စိတ် လွန်ကဲမှုတွေကနေ အတွင်းဘက် ဦးတည်တဲ့ စိတ်လှုတ်ရှား မှုတွေ ဖြစ်စေတာများတယ် ။ ဒါတွေက ဆုတ်ခွါ-ကင်းပြတ်မှု ၊ အထီးကျန်မှု ၊ စိတ်ဓါတ်ကျခြင်းတွေကနေ ဆက်လာတာတွေ ဖြစ်တယ် ။

အမျိုးသမီးတွေဟာ စိတ်ဓါတ်ကျတာ ပိုဖြစ်တယ် ။ ဘာလို့လဲဆိုတော့ ယောက်ျားတွေထက် ပိုပြီး ထပ်ခါထပ်ခါ လုပ်တတ်ကြတယ် ။ ပြသနာဖြေရှင်းရေးထက် အနုတ်သဘော စိတ်ခံစားမှုကို ထပ်ခါထပ်ခါ လုပ်လေ့များကြလို့ဘဲ ။ ဒီတွေ့ရှိချက်ကနေ စိတ်ရောဂါကာကွယ်ရေးနဲ့ ကုသရေးမှာ လိင်ခွဲခြားဆောင်ရွက် ရမယ်လို့ သိလာစေပါတယ် ။

အမျိုးသမီးတွေဟာ စိတ်ရောဂါအဆင့် မရောက်ခင်မှာ စိတ်မတည်ငြိမ်-စိုးရိမ်စိတ်တွေ ဖြစ်လာတယ် ။ ဘေးပတ်ဝန်းကျင် ကနေ ဖိစီးမှုတွေကို အတွင်းဘက်ဆီ သွင်းယူတတ်ကြတယ်။ စိတ်ကျနေကြတဲ့ စိုးရိမ်စိတ်ကဲနေကြတဲ့ အမျိုးသမီးတွေကို ထပ်ခါထပ်ခါ ဖြစ်မလာစေအောင် လုပ်ရပါမယ် ။ ယောက်ျားတွေ ဆိုရင် ဘာတွေလုပ်ပါဆိုတဲ့ အစီစဉ်ချပေးတာနဲ့ ကြမ်းတမ်စိတ်ကနေ ဖျက်ဆီးချင်စိတ် မဟုတ်တဲ့ဆီ ဦးတည်ပေးဘို့ ဖြစ်ပါတယ် ။

ယောက်ျားတွေဟာ စိတ်လှုတ်ရှားမှုတွေကို အပြင်ဘက်ဆီ ဦးတည်ကြတယ် ။ ဒါ့ကြောင့် ကြမ်းတမ်းမှု ၊ ယာယီ-တုံ့ပြန်မှု၊ သွေးဆောင်မှုနဲ့ လုပ်သင့်တာကိုမလုပ်ခြင်းဆိုတာတွေကို ရွေးချယ်တတ်တယ် ။ လိင်ခြားနားမှုဟာ အတွင်းဘက် ဦးတည်ခြင်းနဲ့ အပြင်ဘက်ဆီ ဦးတည်ခြင်းတွေပါ ခြားနား ကြတာဖြစ်တယ် ။

၂ဝဝ၁-၂ဝဝ၁ အတွင်းက National Institutes of Health မှာရှိတဲ့ ကိန်းဂဏန်းတွေကို လေ့လာခဲ့တယ် ။ အသက် ၁၈ နှစ်အထက် လူပေါင်း ၄၃ဝ၉၃ ယောက်ကို လေ့လာတာ ဖြစ်တယ် ။ အဲဒီအထဲမှာ အမျိုးသား = ၄၃%၊ အမျိုးသမီး = ၅၇% (အဖြူ = ၅၆့၉%၊ အသားဝါ-ညို = ၁၉့၃% ၊ အမည်း = ၁၉့၁% ၊ အာရှ ၊ ဟဝိုင်ယီနဲ့ ပင်လယ်နေ = ၃့၁%၊ ဌာနေလူနီ နဲ့ အလာစကာ = ၁့၆%၊) ပါတယ် ။ စိတ်ရောဂါ အမျိုးအစားပေါင်း ၅၃ မျိုးခွဲထားတယ် ။ ( ဘာသာမပြန်တော့ပါ ။)

နာမည်ကျော် ဒတ်ခ်ျ ပန်းချီဆရာကြီး Vincent van Gogh (ဗင်းဆင့်-ဗန်ဂိုး) မှာ စိတ်ကျရောဂါရှိပြီး အဲဒီအချိန်က ကုသနည်းမရှိသေးလို့ သူ့ကိုယ်သူ သတ်သေသွားခဲ့ရတယ် ။

အခြားသော စိတ်ရောဂါရှိတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်များ
1. ဂီတပညာရှင် ဗီသိုဘင်၊
2. ဗြိတိသျှဝန်ကြီးချုပ် ဝစ်စတန်ချာချီ၊
3. သဘာဝသိပ္ပံညာရှင် ချားလ်ဒါဝင်၊
4. တီထွင်သူ အယ်ဒီဆင်၊
5. စာရေးဆရာ အားနက်စ် ဟယ်မင်ဝေး၊
6. ကဗျာဆရာ ဗစ်တာဟူးဂိုး၊
7. အမေရိကန်သမတ ဂျက်ဖါဆင်၊
8. အမေရိကန်သမတ လင်ကွန်း၊
9. ပိသုကာ မိုက်ကယ်အိန်ဂျယ်လို၊
10. မီးအိမ်ရှင်မ ဖလောရင့် နိုက်တင်ဂေး
11. သိပ္ပံပညာရှင် နူတန်

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ