Huge leap in prostate cancer testing ယောက်ျားဆီးကျိတ်ကင်ဆာ စမ်းသပ်နည်းသစ်
ယောက်ျားဆီးကျိတ်ကင်ဆာကို စကန်ရိုက်နည်းသစ်ဟာ ဆယ်စုနှစ်တွေအတွင်းမှာ ကြီးမားတဲ့ ဆေးပညာ တိုးတက်မှုတခုလို့ ဆိုတဲ့သတင်း ကနေ့ထွက်ပါတယ်။
အဆင့်မြင့် MRI ရိုက်ပြီး စမ်းသပ်တာပါ။ လူနာပေါင်း ၅၇၆ ယောက်ကို စမ်းသပ်လေ့လာခဲ့ပါတယ်။ သူတို့ထဲက ၄ ယောက်မှာ ၁ ယောက်ကို ရောဂါအခြေအနေမှန်သိရလို့ အန္တရာယ်များတဲ့ ဘိုအော့်ပစီ ခေါ် အသားစဖြတ်ယူစစ်ဆေးဘို့ မလိုစေလိုက်ပါ။
လက်ရှိစစ်ဆေးနည်းမှာ သွေးထဲက prostate specific antigen (PSA) levels များနေသူတိုင်းကို ဘိုင်အော့ပစီ လုပ်ရပါတယ်။ ဆေးထိုးအပ် ၁၂ ချောင်းနဲ့ ဆီးကျိတ်နေရာအနှံ့က အသားစထုတ်ယူရတယ်။ အဲလိုလုပ်တာတောင်မှ ကွက်ကျန်ရစ်တာရှိနိုင်တယ်။ စမ်းသပ်နည်းကြောင့် သွေးထွက်နိုင်တယ်။ ပိုးဝင်နိုင်တယ်။ ပန်းသေ ပန်းညှိုးဖြစ်နိုင်တယ်။ £450 ကုန်ကျတယ်။
စမ်းသပ်မှုကို ဗြိတိန်က ဆေးရုံ ၁၁ ခုမှာ လုပ်ခဲ့တာဖြစ်တယ်။ ၂၇% လူနာတွေ ဘိုင်အော့်ပစီ လုပ်စရာမလိုတဲ့အကျိုး ရရှိလိုက်ပါတယ်။ MRI scan နည်းနဲ့ ရောဂါ ၉၃% ကိုသိနိုင်တယ်။ ဘိုင်အော့်ပစီနည်းကနေ ၄၈% သာသိနိုင်တယ်။
ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin