Hot Water and Health ရေနွေးနဲ့ ကျန်းမာရေး


ကျွန်တော်တို့ယဉ်ကျေးမှုမှာ ရေပူရေချမ်း ကမ်းလှမ်းဆိုတဲ့ ဆိုဆုံးမ လမ်းညွှန်စကားရှိတယ်။ မိဘတွေ၊ အရှင်သခင်တွေနဲ့ ခင်ပွန်းယောက်ျားကို ရေပူနဲ့ ရေအေး လုပ်ပေးကြတာ ကောင်းမြတ် သင့်တော်ကြောင်းပြောတာဖြစ်ပါတယ်။ သည်ခေတ်မှာလည်း ဆေးပညာအရ ပူတဲ့ရေကနေရစေနိုင်တဲ့အကျိုးတွေလို့ သတ်မှတ်ထားတာတွေရှိပါတယ်။

၁။ အစာကျေချက်မှု အားပေးတယ်။
၂။ ဝမ်း မချုပ်စေဘူး။
၃။ နာတာ ကိုက်ခဲတာ သက်သာစေမယ်။
၎။ ကိုယ်အလေးချိန် ကျစေမယ်။
၅။ သွေးလှည့်ပတ်မှု ကောင်းစေမယ်။
၆။ အသက်အိုစာတာ သက်သာစေမယ်။
၇။ အဆိပ်အတောက် ပြေစေမယ်။
၈။ အအေးမိတာ၊ ချောင်းဆိုးတာ သက်သာစေမယ်။
၉။ ကိုယ်လက်လှုပ်ရှားအပြီးသောက်ရင် ကောင်းတယ်။
၁ဝ။ အိပ်ပျော်စေမယ်။
၁၁။ အရေပြားပိုးဝင်တာ ကာကွယ်မယ်။
၁၂။ ရေကတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်မယ်။

ရာသီဥတုအပြောင်းတိုင်းမှာဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးသစ်တွေကြောင့် နှာစေး အအေးမိတာ၊ ချောင်းဆိုး နှာခြေတာအတွက် ရေနွေးနွေးထဲမှာ ဆားခပ်ပြီး ခံတွင်းသန့်ရှင်းပေးတာ လက်တွေ့ကျကျ သက်သာရာရစေတယ်။

ထိခိုက်ဒဏ်ရာရတာကို ချက်ချင်းဖြစ်ရင် ရေခဲတင်ရင် အထဲမှာ သွေးယိုထွက်တာ သက်သာစေမယ်။ နောက်ရက်လောက်ကစပြီး အပူကပ်တာက ရောင်ရမ်းဖြစ်စဉ်နဲ့ အနာကျက်ဖြစ်စဉ်ကို ပိုကောင်းစေပါမယ်။

အမျိုးသမီးတွေမှာ မွေးလမ်းကြောင်းနေရာတွေမှာဖြစ်တာ အတော်များများကို ရေနွေးသုံးနည်းက အကျိုးရှိတယ်။ အဖြူဆင်းတာ၊ ရောင်တာ၊ နာတာ၊ ပိုးဝင်တာတွေအတွက် ရေနွေး + ရိုးရိုးဆပ်ပြာနဲ့ သန့်ရှင်းတာကောင်းတယ်။ ပိုးသေဆေးရည်တွေ မကောင်းပါ။ တကိုယ်ရေသန့်ရှင်းရေးစာ ရေးထားပါတယ်။

ယောက်ျား-မိန်းမ စအိုနေရာရောဂါတွေအတွက်လည်း အလွန်ကောင်းပါတယ်။ လိပ်ခေါင်း၊ ဘရင်ဂျီနာ၊ ရေနွေးထဲ စိမ်ထိုင်နည်းကို Sitz bath ခေါ်တယ်။ စာသပ်သပ်ရေးထားပါတယ်။ သွေးတိုးနဲ့ ရေချိုးခြင်းလည်းရေးထားပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ