ပန်ကရိယကင်ဆာမှာ အစွမ်းထက်တဲ့ ကြက်ဟင်းခါးသီး


ပန်ကရိယကင်ဆာအတွက် အသုံးဝင် တဲ့ သဘာဝထွက်နည်းလမ်း တစ်မျိုးဖြစ်တဲ့ ကြက်ဟင်းခါးသီးအ ရည်ဟာ အနာဂတ် ကင်ဆာကုထုံး များမှာ ပါဝင်နိုင်ဖွယ်ရာရှိတယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါ တယ်။

ကော်လိုရာဒိုတက္ကသိုလ်ရဲ့ သုတေသနပြုချက်အရ ကြက်ဟင်း ခါးသီးအရည်ဟာ ပန်ကရိယကင်ဆာ ဆဲလ်တွေရဲ့ စွမ်းရည်ကိုလျော့ကျ စေပြီး ယင်းတို့ရဲ့စွမ်းအင်ပင်မကို ဖျက်ဆီးနိုင်တယ်လို့ ဖော်ထုတ်နိုင်ခဲ့ ပါတယ်။ "သုံးနှစ်ကြာလေ့လာမှုအရ ကြက်ဟင်းခါးသီးအရည်ဟာ ပန်က ရိယ ကင်ဆာဆဲလ်တွေ ကို သေဆုံးစေ နိုင်ပါတယ်ဆိုတာ သက်သေပြနိုင်ခဲ့ ပါတယ်"လို့ လေ့လာမှုခေါင်းဆောင် Dr.Rajesh Agarwal က ပြောကြား ခဲ့ပါတယ်။

ပန်ကရိယကင်ဆာကို ဖြစ်စေ တဲ့အထဲမှာ ဆီးချို၊ သွေးချိုရောဂါလဲ ပါဝင်တဲ့အတွက် အဲဒီရောဂါကို ထိန်းချုပ်နိုင်တယ်လို့ သုတေသနရ လဒ်များမှာ အတည်ပြုထားတဲ့ ကြက် ဟင်းခါးသီးကို အခုလို လေ့လာ နိုင်ခဲ့တာဖြစ်ပါတယ် ။ ယခင်လေ့လာ မှုများအရ ကြက်ဟင်းခါးသီးမှာ ရင် သားကင်ဆာကို ကာကွယ်နိုင်တဲ့ အစွမ်းတွေရှိကြောင်း ဖော်ထုတ်နိုင် ခဲ့ပြီးပါပြီ။

ကြက်ဟင်းခါးဦးမှာ ပန်ကရိယ မှာရှိတဲ့ ဘီတာ(beta)ဆဲလ်တွေကနေ အင်ဆူလင်ထုတ်ခြင်းကိုလည်း ထိန်း ချုပ်နိုင်တဲ့အတွက် ဒီအာနိသင်ကို ရရှိတာဖြစ်ကြောင်း၊ ပန်ကရိယ ကင် ဆာဖြစ်ပွားနိုင်ချေကိုလည်း ၆၀% လျှော့ချပေးနိုင်ကြောင်း Dr.Rajesh Agarwal က ရှင်းပြထားပါတယ်။
ဒီလေ့လာမှုကို Journal of Carcinogenesis မှာ ဖော်ပြထား တာဖြစ်ပါတယ်။

သက်ကို
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ