နောင်တတရားတွေကြားမှာ ပိတ်မိမနေစေရန်


လောကမှာ အမှားနဲ့ ကင်းဖူးတဲ့ လူရယ်လို့ မရှိသေးပါဘူး။ ဒါပေမယ့် လူတွေရဲ့မိမိအမှားအပေါ်ကို လက်ခံ တုံ့ပြန်ပုံမှာတော့ အမျိုးမျိုးကွဲပြားကြ ပါတယ်။ မိမိရဲ့အမှား သို့မဟုတ် နောင်တရစရာတစ်ခုအပေါ် အလွန် အကျွံပူဆွေးနေရင်တော့ သင့်ရဲ့ဘဝ အလုပ်၊ကျန်းမာရေးတွေအပေါ် ဆိုး ရွားစွာ သက်ရောက် လာနိုင်ပါတယ် ။ ဒါပေမယ့် လူတိုင်းကတော့ စိတ်ကျန်း မာရေး၊ ဆရာဝန်တွေ၊ ဆေးတွေ သောက်ဖို့ မလိုသေးပါဘူး။ တချိUK လူတွေမှာ ဘဝနေထိုင်မှု ပုံစံအနည်း ငယ်ပြောင်းလဲလိုက်ရုံနဲ့ ဝေဒနာ လက္ခဏာတွေ သက်သာလာစေ နိုင်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့သူ တွေမှာ ပျော်ရွှင်ကောင်းမွန်တဲ့ ဘဝ တစ်ခု ပြန်ရလာဖို့ဆိုရင်

(၁) မိသားစု သို့မဟုတ် ယုံကြည်ရ တဲ့သူငယ်ချင်းတွေနဲ့ တိုင်ပင်ပါ။ ဒီလူတွေက မိမိရဲ့အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးပါလိမ့် မယ်။
(၂) အကောင်းမြင်သမားတွေနဲ့ ပေါင်းသင်းပါ။ သူတို့တွေဘဝရဲ့ စိန် ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ကြလဲ သင်ယူပါ။ ဝမ်းနည်းနေတဲ့အချိန်မှာ ပျော်ရွှင်ဟန်ဆောင်ရတာ ခက်ခဲမှာ ပါ။ ဒါပေမယ့် သူတို့ရဲ့ အပြူအမူ တွေကို အတတ်နိုင်ဆုံးအတုခိုးပါ ။
(၃) နေရောင်ခြည်နဲ့ များများ ထိတွေ့ပါ။ နေ့စဉ်အနည်းဆုံး ၁၅မိ နစ်ခန့် နေရောင်အောက်မှာ လမ်း လျှောက်ပါ။ နေရောင်ခြည်နဲ့ မထိ တွေ့ခြင်းက စိတ်ကျဝေဒနာကို ပိုဆိုး စေရုံသာမက ဇီဝနရီကိုပါ လွဲမှားစေ နိုင်ပါတယ်။
(၄) လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ လေ့လာမှုတွေအရ ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်းက အကောင်းဆုံးစိတ် ဝေဒနာပျောက်ဆေးပါ။ တစ်ရက်ကို အနည်းဆုံး မိနစ် ၃၀ ခန့် လေ့ကျင့် ခန်းလုပ်ပေးသင့်ပါတယ်။
(၅) အာဟာရ ကြွယ်ဝတဲ့ အစားတွေ စားပါ။ အထူးသဖြင့် ဗီတာမင်ဘီကြွယ်ဝတဲ့အစေ့အဆန်တွေ၊ ကျန်း မာရေးနဲ့ညီညွှတ်တဲ့အဆီတွေပါဝင် တဲ့ သံလွင်ဆီ၊ အဆီများတဲ့ငါးစတာ တွေ စားသင့်ပါတယ်။
(၆) အိပ်ချိန်လုံလုံလောက်လောက် ရရှိပါစေ။ တစ်ရက်ကို ၈ နာရီ လောက်အိပ်ဖြစ်အောင် ကြိုးစားပါ။ တကယ်လို့ အိပ်မပျော်တဲ့ပြဿနာ ရှိရင် ခုတင်နားမှာစာအုပ်တစ်အုပ် ထားထားပြီး အိပ်မပျော်မီ ဖတ်ပေး ပါ။ ဒါဆိုအိပ်ပျော်သွားပါလိမ့်မယ်။

Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ