နွားနို့မတည့်သူများအတွက် ကယ်လ်ဆီယမ် ရင်းမြစ်များ


သဖန်းသီးခြောက်
သဖန်းသီးခြောက် (၁၀) လုံးစား ခြင်းဖြင့် ကယ်လ်ဆီယမ် (၂၆၉) မီလီဂရမ် ရရှိနိုင်ပြီး နေ့စဉ်လိုအပ် ချက်၏ နှစ်ဆယ်ရာနှုန်းရရှိခြင်းဖြစ် သည်။

ပဲမျိုးစုံ
ပဲတွင်ပရိုတင်းဓါတ်၊ သွေးတွင်း အဆီကျစေသော အမျှင်ဓါတ်၊ ကယ်လ်ဆီယမ်တို့ ကြွယ်ဝစွာပါ ဝင်ပြီး ပျမ်းမျှအားဖြင့် ပဲပြုတ်တစ် ပန်းကန်တွင် ကယ်လ်ဆီယမ် (၁၆၁) မီလီဂရမ်ပါဝင်သည်။

အခွံမာသီးအစေ့များ
သစ်ချသီးအစေ့၊ သစ်အယ်စေ့၊ နှမ်းစေ့၊ နေကြာစေ့၊ ဖရုံစေ့များတွင် ကယ်လ်ဆီယမ်လုံလောက်စွာပါဝင် သည်။

အစိမ်းရောင်ဟင်းရွက်များ
ခန္ဓာကိုယ်သည် အစိမ်းရောင် ဟင်းရွက်များမှ ကယ်လ်ဆီယမ်ကို နွားနို့ထံမှရသည်ထက် ပိုမိုစုပ်ယူနိုင် သည်။ ကိုက်လန်ရွက်၊ မုန်ညင်းရွက်၊ ဟင်းနုနွယ်ရွက်များတွင် ကယ်လ်ဆီယမ်လုံလောက်စွာရရှိနိုင်သည်။

တို့ဟူး
တို့ဟူးတွင် ကယ်လ်ဆီယမ်ဆာ လဖိတ်ပါဝင်ပြီး တို့ဟူးပန်းကန်တစ် ဝက်တွင် ကယ်လ်ဆီယမ် (၂၀၄) မီလီဂရမ်ပါဝင်သည်။

ပဲနို့
အချို့ပဲနို့များသည် နို့အစစ်ကဲ့ သို့ ကယ်လ်ဆီယမ်ညီမျှစွာပါဝင် သည်။ ပဲနို့ပုလင်းများတွင် ကယ်လ်ဆီ ယမ်များ အနည်ထိုင်နေတတ်သော ကြောင့် ပုလင်းလှုပ်ပြီးမှ ပဲနို့သောက် ပါ။

ဇော်ကို
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ