ရေကျောက်ရောဂါ


ရေကျောက်ရောဂါ (Chickenpox) ကို ပဲသီတာလို့လည်း ခေါ်ကြပါတယ်။ ကလေးတွေမှာ ဖြစ်ရိုးဖြစ်စဉ် ကူးစက် ရောဂါဖြစ်ပါတယ်။ ဗေရီဆယ်လား (Varicella Zoster) လို့ ခေါ်တဲ့ ဗိုင်းရပ်(စ်)ပိုး တစ်မျိုးကြောင့် ဖြစ်ပွားရပါတယ်။

ပိုးဝင်ပြီး ပထမ တစ်ရက်အတွင်း နှာစေပြီး ချောင်းဆိုးမယ်။ ယားမယ။ နည်းနည်းဖျားမယ်။ နှစ်ရက်၊ သုံးရက်ကြာရင် အရေပြားပေါ်မှာ အရည်ကြည် ဖုလေးတွေ ပေါ်လာပါတယ်။ (၇)ရက် အတွင်း အရည်ကြည်ဖုလေး တဖြည်းဖြည်းခြောက်ပြီး (၇)ရက် ကျော်သွားရင် အကုန်လုံး ခြောက်လာပြီး ကွာကျပါတယ်။

ကလေးတွေမှာ ရောဂါပျိုးစ (အရည်ကြည်ဖုမပေါ်ခင်) အချိန်မှာ ကူးစက်မှု အမြန်ဆုံးဖြစ်ပါတယ်။

တစ်ခါတစ်ရံ နှာစေးချောင်းဆုံးရုံလောက်နဲ့ ပြီးသွားပြီး တစ်ရက်နှစ်ရက်ကြာတော့ အတူနေကလေးတွေကို ကူးစက်သွားတယ်။ ကူးစက်ပုံကတော့ ရောဂါရှိတဲ့ကလေးရဲ့ အသက်ရှူလမ်းကြောင်းမှ ထွက်သောအရည်၊ အမှုန်အစက်ကလေးတွေ Droplet ကတဆင့် ကူးစက်ပါတယ်။ အရည်ကြည်ဖုလေးတွေကို ဘက်တီးရီးယား ပိုးဝင်သွားရင် ပြည်တည်နာလေးတွေ ဖြစ်သွားပါတယ်။

ရေကျောက် ဗိုင်းရပ်(စ်)ပိုးကြောင့် ဦးနှောက်ရောင်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ အဆုတ်အအေး မိရောဂါ ဖြစ်သွားနိုင်ပါတယ် ။ သာမန်အားဖြင့် အသက်အန္တရာယ်မရှိပေမယ့် ခုခံအားကျဆင်းနေတဲ့ ကလေးတွေ၊ ကျောက်ကပ် ရောင်ရောဂါရှိတဲ့ကလေး ၊ သွေးကင်ဆာရောဂါ ရှိတဲ့ကလေးတွေ ၊ စတီးရွိုက်ဆေးတွေသောက်နေလို့ခုခံအား ကျနေတဲ့ ကလေးတွေဆိုရင်တော့ အန္တရာယ်ရှိပါ တယ် ။

ကလေးတိုင်းလိုလိုဖြစ်နိုင်ပါတယ် ။ အငယ်ဆုံး(၆)လကနေ အသက်ကြီးသည်အထိ ဖြစ်နိုင်ပါတယ် ။ ငယ်ငယ်တုန်း က မဖြစ်တဲ့ ကလေးတွေ လူကြီးဘ၀မှာ ကူးစက်ခံရနိုင်ပါတယ် ။ အတွေ့အကြုံအရ အသက် (၁၉)နှစ်မှ အသက် (၂၀)အထိ ရေကျောက်ပေါက် တာ တွေ့ဖူးပါတယ် ။ အများအားဖြင့် မတ်လ ၊ ဧပြီလလောက်မှာ ကလေးတွေ အဖြစ်များပါတယ် ။


ရောဂါဖြစ်မှန်း သေချာဖို့အတွက် ပြင်ပလက္ခဏာများကို စမ်းသပ်ကြည့်ရှုရုံနဲ့ သေသေချာချာသိရှိနိုင်ပါတယ်။ အရည် ကြည်ဖုလေးတွေ ပေါက်နေတာကို ကြည့်ပြီးပြောနိုင်ပါတယ် ။ သွေးစစ်ကြည့်မယ် ဆိုရင်တော့ ရေကျောက် ဗိုင်းရပ်(စ်)ပိုး အတွက် ခုခံပစ္စည်းတွေထွက်နေတာ ရှာဖွေတွေ့ရှိနိုင်ပါတယ် ။

ဗိုင်းရပ်(စ်)ပိုးဟာ ခန္ဓာကိုယ်ထဲမှာ ကျန်နေခဲ့ပြီး ကြီးလာရင် ကျောက်ပေါက် နေတဲ့လူရဲ့ အရည်ကြည် ဖုလေးတွေကို ဖောက်ယူပြီး ဗိုင်းရပ်(စ်)ပိုးကို မွေးယူလို့ရပါတယ် ။

ကုသပုံကတော့ ဗိုင်းရပ်(စ်)ပိုးအတွက် ပေးထားတဲ့ဆေးကတော့ မရှိပါဘူး ။ အဖျားကြီးရင် အဖျားကျဆေးပေးမယ် ။ ယားယံလျှင် အယားပျောက် ဆေးတွေပေးပါတယ် ။ အရည်ကြည်ဖု ပြည်တည်လျှင်တော့ ပဋိဇီဝပိုးသတ်ဆေးတွေပေးဖို့ လိုပါ လိမ့်မယ် ။

အရည်ကြည်ဖုလေးတွေ အချိန်တန်ရင် ကွာကျသွားမှာပါ။ ဘာဆေးမျှလိမ်းစရာမလိုပါဘူး ။ အမာရွတ်လည်း ထင်ကျန် ခြင်း မရှိပါဘူး ။ တစ်ခါတစ်ရံအရေပြားရဲ့ (Dermis) အလွှာကို ထိရင်တော့ အမာရွတ်သေးသေးလေး ကျန်တက်ပါတယ် ။ ပြည်တည် ရောဂါ ပိုးဝင်ရင်လည်း ကျန်တက်ပါတယ် ။

ရေကျောက်ရောဂါဟာ ကာကွယ်ဖို့အတွက် ကာကွယ်ဆေးကို သာမန်အားဖြင့် ထိုးမပေးပါဘူး ။ ခုခံအားကျဆင်းနေ တဲ့ ကလေးတွေဆိုရင်တော့ ထိုးပေးနိုင်ပါတယ် ။

ဒီရောဂါဟာ အန္တရာယ်မရှိလှသလို၊ သိပ်ပြီးစိုးရိမ်စရာ မလိုပါဘူး ။ အရည်ကြည်ဖု လေးတွေဖြစ်ပေါ်လာလည်း ဘာဆေးမျှလိမ်းစရာ မလိုပါဘူး ။ သနပ်ခါးလည်း လိမ်းစရာမလိုပါဘူး ။ သူ့ဘာသာသူ ပျောက်သွားမှာ ဖြစ်ပါတယ် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ