မျက်စိစွံခြင်းကို ကာကွယ်ရန်
(၁)မျက်ခွံကို ဆေးကြောခြင်း
မကြာခဏ မျက်စိစွံတတ်သူတို့ သည် အထူးသဖြင့် ဘက်တီးရီးယား ကူးစက်ပေါက်ပွားမှုကို ဖြစ်လွယ်သူ များဖြစ်သည်။ မျက်နှာသုတ်ပဝါ သန့်သန့်နှင့်အပျော့စား ခေါင်းလျှော် ရေ ဥပမာ ကလေး သုံးခေါင်းလျှော် ရေသုံး၍ အညစ်အကြေးများကို သာသာလေးပွတ်ပြီး မျက်ခွံမှ ဆဲလ် သေများကို ဖယ်ပစ်ပါ။ ပြီးလျှင် ရေ နွေးနှင့်ဆေးပါ။
(၂)သန့်ရှင်းသောလက်များ
ဖြစ်လေ့ဖြစ်ထရှိသော အ ကြောင်းရင်းမှာ လက်မှ ဘက်တီး ရီးယားများက မျက်လုံးကို ကူးစက် ခြင်းဖြစ်သည်။ လက်များကို မကြာ ခဏဆေးပေးပါ။ အထူးသဖြင့် အိမ် သာသုံးပြီးချိန်၊ အစာမစားမီ၊ စားပြီး ချိန်များတွင် ဆေးကြောပါ။ မျက်လုံး ကိုပွတ်ခြင်း၊ ထိခြင်း ရှောင်ပါ။
(၃)မျက်ကပ်မှန်
မျက်ကပ်မှန်ကိုထိသော လက် များကို စင်ကြယ်အောင် အထူးဂရု စိုက်ပါ။ မျက်ကပ်မှန်ချည်းသက် သက်၌ပင် ဘက်တီးရီးယား ကူးစက် တတ်သည် ဖြစ်ရာ ယင်းတို့ကို နေ့စဉ် မျက်ကပ်မှန်ဆေး ရည်နှင့် ဆေးပေး ပါ။ လစဉ်တပ်ရပါက (၄)ပတ် တစ် ခါ မျက်ကပ်မှန်အသစ်ပြောင်းပါ။ ည အိပ်လျှင် မတပ်ပါနှင့်။ မည်သို့ပင် စိတ်ချရအောင် လုပ်ထားသည့်မျက် ကပ်မှန်မျိုးဖြစ်စေ မျက်စိစွံခြင်းကို ဖြစ်စေသည်။
(၄)မျက်လုံးဆိုးလိုင်နာရည်နှင့် ရှဲဒိုးများ
မျက်ခွံတွင် လိုင်နာနှင့် ရှဲ ဒိုးဆိုးဆေးများ လိမ်းခြင်းသည်လည်း မျက်စိစွံစေတတ်သည်။ အထူးသဖြင့် မိတ်ကပ်အများကြီးလိမ်းခြင်း တစ် နေတည်းမှ အထပ်ထပ်ဆိုးခြင်းတို့ သည် မျက်စိစွံခြင်းကို ဖြစ်စေတတ် သည်။
မျက်ခွံတွင် မိတ်ကပ်များ စွဲ ငြိပြီး မဆေးဘဲ မအိပ်ပါနှင့်။ ည မအိပ်မီ မျက်ခွံကို ရေနွေးဖြင့် ဆေးပါ။ မျက်ခွံကို လိမ်းသည့်ဖော့တံ၊ စုတ်တံ၊ မြကျ့ ၊ခဲတံတို့တွင် ဘက် တီးရီးယား ကပ်ငြိစေတတ်သဖြင့် မကြာခဏလဲပေးပါ။ မျက်လုံးဆိုး ဆေး၊ ရှဲဒိုးတို့ကို အကြာကြီးထား၍သုံးခြင်းမျိုးမပြုလုပ်ဘဲ လဲလှယ်ပေး ခြင်းဖြင့် ဘက်တီးရီးယားကြောင့် မျက်စိစွံခြင်းကို ကာကွယ်နိုင်ပါလိမ့် မည်။
ဒေါန
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin