လမ်းမကြီးနှင့်နီးကပ်စွာနေထိုင်သူများ သူငယ်ပြန်နိုင်ခြေမြင့်မား။


အသုံးပြုမှုများပြားသော ကားလမ်းမကြီး နှင့် နီးကပ်စွာနေထိုင်သူများတွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများ အပြင် သူငယ်ပြန်ရောဂါလည်း ဖြစ်နိုင်ခြေမြင့်မားကြောင်း အမေရိကန်ပြည်ထောင်စု ၊ ပြည်သူ့ ကျန်းမာရေးစောင့် ရှောက်ရေးဌာနမှ သတိပေးချက်ထုတ်ပြန်ထားသည် ။

လမ်းမကြီးနဲ့  မီတာ (၅၀)အတွင်းမှာနေထိုင်တဲ့ သူတွေဟာ လမ်းမကြီးနဲ့ အဝေး မှာနေထိုင် သူတွေနဲ့ နှိုင်းလိုက်ရင် သူငယ်ပြန်နိုင်ခြေ (၇)ရာခိုင်နှုန်း ပိုပြီးမြင့်မားတာကိုတွေ့ ရပါတယ် ။ တစ်ကယ်တော့ လမ်းမကြီးနဲ့ ဝေးလေ၊ သူငယ် ပြန်နိုင်ခြေလည်း ကျဆင်းလေပါပဲ ။ မီတာ (၅၀)အကွာမှာ သူငယ်ပြန်နိုင်ခြေ (၄)ရာခိုင်နှုန်းရှိပြီး မီတာ (၁၀၀) အကွာ ကနေတော့ (၂) ရာခိုင်နှုန်းပဲ ကျန်၇ှိပါတယ် ။ မီတာ (၂၀၀) လောက်ဝေးတဲ့လူတွေမှာတော့ သူငယ်ပြန်နိုင်ခြေ ရှိနေ သေးပေမယ့် နည်းသွားပါတယ် ဟု သုတေသီတစ်ဦးက ပြောပြသည် ။

လမ်းမကြီးနဲ့  မီတာ (၂၀၀) လောက်အဝေးမှာနေထိုင်တာက ကျန်းမာရေးအတွက် အသင့်တော် ဆုံးဖြစ်ပါတယ် ။ လမ်းနဲ့ ကားတွေကြောင့်ဖြစ်တဲ့ ရောဂါအတော်များများကို အဲဒီလိုနေထိုင်သူတွေမှာ မတွေ့ ရပါဘူး ။ ဒါပေမယ့် လမ်းမကြီးနဲ့ နီးလေ၊ ရောဂါပေါင်းစုံဖြစ်ပွားနိုင်ခြေ နီးလေ ဖြစ်ပါတယ်။ နေ့ စဉ်ဖြတ်သန်းနေတဲ့ မော်တော်ယာဉ်တွေ ကြောင့်ဖြစ်တဲ့လေထုညစ်ညမ်းမှုနဲ့  မော်တော်ယာဉ်တွေစီက ဆူညံသံတွေက ဦးနှောက်နဲ့ အာရုံကြောစနစ် တစ်ခု လုံးကို ယိုယွင်းစေပါတယ် ။ လေထု ညစ်ညမ်းမှု နဲ့ အတူပါလာတဲ့ အလွန်သေးငယ်တဲ့အမှုန်တွေက အသက်ရှူတဲ့အခါ အဆုပ်ထဲရောက်သွားပြီး အဆုပ်ထဲက ဆံခြည်မျှင်သွေးကြောတွေကနေ ဦးနှောက်ထဲအထိရောက်သွားလို့ ဖြစ်ပါ တယ်။ အဲဒီလို ဦးနှောက်နဲ့ အာရုံကြော ယိုယွင်းပျက်စီးသွားတော့ သူငယ်ပြန်နိုင်ခြေ မြင့်မားလာတာဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ရှင်းပြသည်။

လူဦးရေတိုးလာတာနဲ့  မြို့ ပြလူနေမှုစနစ်ကို ခင်တွယ်လာတာနဲ့ ပေါင်းစပ်လိုက်တဲ့အခါ လူတွေ ဟာ မြို့ ပေါ်မှာပဲ ပြွတ်သိပ်နေထိုင်နေကြပြီး မလွဲသာမရှောင်သာတော့ဘဲ ကားလမ်းမ နဲ့ နီးရာကို ရောက်လာ ကုန်ကြတာဖြစ်ပါတယ် ။ သူတို့ တတွေမှာ ဦးနှောက်ဆဲလ်တွေ ပျက်စီး လို့ ဖြစ်တဲ့ရောဂါတွေရော ၊ အာရုံကြော စနစ်ပျက်စီး လို့ ဖြစ်တဲ့ရောဂါတွေ ရော ဖြစ်ပွား တာကိုတွေ့ ရပါတယ် ။ အဲဒီထဲမှာ သူငယ်ပြန်တာနဲ့  ပါကင်ဆန်ရောဂါတို့ က အထင်ရှားဆုံးဖြစ်ပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။


ဇန် (၇) ကျန်းမာရေး၊ သမန်းကျား၊ ရတနာပုံနေ့ စဉ်။
Lashio News Diary
https://www.facebook.com/LNDLashio/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ