အစာအငတ်ခံသောရောဂါ


ပိန်ချင်သောကြောင့် အစာမစားဘဲ အငတ်ခံသောရောဂါကို Anorexia ဟုခေါ်သည်။ Anorexia သည်သာမန်အားဖြင့် အပျိုဖော်၊ လူပျိုဖော် ဝင်စအချိန်မှာ စတင်ဖြစ်ပေါ်လေ့ရှိသည်။ Anorexia ကိုခံစားနေရသူမှာ ကိုယ်အလေးချိန် အလွန်အကျွံ လျော့ကျနေတတ်ပါသည်။ ထိုလူများတွင် မည်သို့ပင်ပိန်စေကာမူ မိမိကိုယ်မိမိ အဝလွန်နေသည်ဟု ထင်နေတတ်ကြသည်။ ထို့ကြောင့် ထိုသူများသည် ကိုယ်အလေးချိန်ကျအောင် နည်းအမျိုးမျိုးဖြင့် ကြိုးစားကြသည်။

အသုံးများသော နည်းလမ်းများမှာ လေ့ကျင့်ခန်း အလွန်အကျွံပြုလုပ်ခြင်း၊ ဝမ်းနုတ်ဆေးစားခြင်း၊ အစာပုံမှန်မစားခြင်းတို့ဖြစ်သည်။ Anorexia က ခံစားနေရသောသူများသည် အလွန်အကျွံပိန်၊ ဖျားနာပြီး အသက်အန္တရာယ် ရှိလောက်သည့် အခြေအနေ အထိကြုံတွေ့နေရသည့်တိုင် ကိုယ့်ကိုယ်ကိုယ် အဝလွန်နေသည်ဟု ထင်နေတတ်ကြသည်။

Anorexia အဖြစ်များသော လူများမှာ အထက်တန်းစားများနှင့် အားကစားသမားများ (ဥပမာ- ကိုယ်ခန္ဓာ အချိုးအစားကျမှုကို အဓိကထားရသော အကကခြင်း၊ ပြေးခြင်း) တို့ဖြစ်ကြသည်။

Anorexia ၏ လက္ခဏာရပ်များ၏
- ပုံမှန်ရှိသင့်သော ကိုယ်အလေးချိန်အောက် ၁၅ ရာခိုင်နှုန်း လျော့ကျနေခြင်း
- သုံးလဆက်တိုက် ရာသီသွေးမဆင်းခြင်း(အမျိုးသမီးများ)
- လူအများရှေ့တွင် အစာမစားချင်ခြင်း၊ အစာစားရန် ငြင်းဆိုခြင်း
- စိုးရိမ်ကြောင့်ကြ၊ ပူပန်သောကများခြင်း
- အားနည်းခြင်း
- အရေပြား ကြမ်းတမ်းနေခြင်း
- အသက်ရှုမြန်ခြင်း
- မိမိစားသော အစာများမည်ကို စိုးရိမ်ပူပန်နေခြင်း

နောက်ဆက်တွဲဆိုးကျိုးများ
- အရိုးသေးခြင်း
- ကိုယ်ခန္ဓာအတွင်းရှိ ဗီတာမင်နှင့် သတ္တုဓာတ်များ ဆုံးရှုံးခြင်း
- ကိုယ်ခန္ဓာ အပူချိန်နည်းခြင်း
- နှလုံးခုန်နှုန်း ပုံမှန်မရှိခြင်း
- ကိုယ်ခန္ဓာကြီးထွားမှု လုံးဝရပ်တန့်ခြင်း
- အရိုးပါး ရောဂါဖြစ်နှုန်းကို များစေခြင်း
- အစားအသောက် ပျက်ခြင်း
၎င်းအပြင် ဝမ်းနုတ်ဆေး စားခြင်းကြောင့်လည်း ကိုယ်ခန္ဓာရှိ အူမကြီးကြွက်သားများကို ထိခိုက်စေနိုင်ပါသည်။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ