သတိထားသင့်တဲ့သွေးပေါင်ချိန်ပြဿနာ


(၁) ပုံမှန်သွေးပေါင်ချိန် အမြင့်ပိုင်း တွင်ရှိခြင်း
သွေးပေါင်ချိန် ၁၂၁/၈၁ mmHg မှ ၁၃၉/၈၉ mmHg အတွင်းကိုသွေးတိုးစပြုသည့်အခြေအနေဟု သတ်မှတ်နိုင်သည် ။ သို့သော် ထိုအခြေအနေမှာပင် လေဖြတ်နိုင်သည့် အန္တရာယ်ရှိလာပြီဖြစ်သည် ။ သွေးပေါင်ထိန်းဆေးများကို ဆရာ ဝန်နှင့်တိုင်ပင်၍ သောက်ထားသင့် သည်။

(၂) တဖြည်းဖြည်းသွေးတိုးလာခြင်း
အမျိုးသမီးများ၌ ဆယ်စုနှစ် တစ်ခုလျှင် (ဂ) မှတ်မှ (၁၀) မှတ်အ ထိသွေးတိုးတတ်ပြီး အမျိုးသားများ၌ (၄) မှတ်မှ (၅) မှတ်အတွင်းတက်လာ တတ်သည်။ မိမိသွေးပေါင်ချိန်တ ဖြည်း ဖြည်းတက်လာပြီး သွေးတိုး စပြုသည့်အခြေအနေဖြစ်လာပါက ကုသမှုခံယူပါ။

(၃) ဆေးရုံဆေးခန်းရောက်မှ သွေး တက်ခြင်း
White coat hypertension ဟုခေါ်သည့်ဆေးရုံ၊ ဆေးခန်းရောက် မှသွေးတိုးပြီး သွေးစစ်ခြင်း ၊ ဆေးစစ် ခြင်းတို့၌ သွေးပေါင်ချိန်သည့်အခါ သွေးမတိုးခြင်း၊ နေအိမ်၊ ဆေးဆိုင်တို့ ၌ ချိန်သည့် အခါ သွေးမတိုးခြင်းစသည်ဖြင့်ကြုံရလျှင် ဆရာဝန်အား တိုင်ပင်ပါ။ စိတ်ဖိစီး မှသွေးတိုး တတ် ခြင်း ဟုသေချာပါက ဆေးမသောက် ဘဲနေနိုင်သည် ။

ဇော်ကို
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ