ကင်ဆာရောဂါ မဖြစ်ပွားစေရန် နည်းလမ်းများ


- ဘာစားစား ကြက်သွန်ဖြူထည့် စားပါ။ ကြက်သွန်ဖြူရဲ့ ဆာလဖာဒြပ် ပေါင်းများက ကင်ဆာကျိတ်ဖြစ်ပေါ် မှုကို ကာကွယ်ပေးပါတယ်။

- ဖရဲသီးတစ်လုံးဝယ်ထားပြီး မနက် တိုင်း တစ်စိတ်စီစားပေးပါ။ ဖရဲသီး မှာcarotenoid ရောင်ခြယ်ဓါတ်များ ပါဝင်တာကြောင့် အဆုတ်ကင်ဆာ ဖြစ်ပွားမှုမှ ကာကွယ်ပေးပါတယ်။

- အသားကင်တဲ့အခါ ရှာလကာရည် (သို့) အချဉ်ရည် သုတ်လိမ်းပြီးမှကင် ပါ။ အသားနှင့်မီးတိုက်ရိုက်ထိတွေ့ ပြီး ကင်ဆာဖြစ်စေသည့် ဒြပ်ပေါင်း များဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင်စေ ရန်နှင့် အရသာမပျက်စေရန် ရှာလ ကာရည် သုတ်လိမ်းသင့်ပါတယ်။

- ရေများများသောက်ပါ။ ရေများများ သောက်ခြင်းကြောင့် ဆီးအိမ်ထဲမှာ ဆီးကျဲစေပြီး ဝမ်းမှန်စေတာကြောင့် ဆီးအိမ်ကင်ဆာနှင့် အူမကြီးကင်ဆာ များမှ ကာကွယ်ပေးပါတယ်။

- ဗိုက်တာမင်ပြည့်ဝတဲ့ အားဆေး သောက်သုံးခြင်းဟာလည်း ကိုယ်ခံ အားစနစ်ကောင်းမွန်စေပြီး ကင်ဆာ ဆဲလ်များကို တိုက်ထုတ်ပေးပါတယ်။

- အဖော်တစ်ဦးထက်ပိုပြီး လိင်ဆက် ဆံ မှုပြုတဲ့အခါ Human Papilloma Virus (HPV) ပိုးကူး တတ်ပါ တယ်။ HPV ဟာအမျိုးသမီး များမှာ သားအိမ်ခေါင်းကင်ဆာဖြစ်စေတာ ကြောင့် လိင်ဆက်ဆံဖက်တစ်ဦး တည်းသာထားရှိခြင်း၊ အကာ အကွယ်အသုံးပြုခြင်းဖြင့် ကာကွယ် နိုင်ပါတယ်။

သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ