သင့်နှလုံးကို ကြင်နာဖို့ ဘယ်တော့မှ နောက်မကျပါ
တစ်သက်လုံး အကျင့်ဆိုးတွေနဲ့နေလာပြီးမှ အခုမှ အကျင့်ကောင်းတွေ ပြောင်းလို့ ဘာမှမထူးပါဘူးလို့ မထင်လိုက်ပါနဲ့ ။ သင့်အသက်ဘယ်လောက်ဖြစ်ဖြစ် ခုချိန်မှ စပြီး ကျန်းမာရေးအတွက် အမူ အကျင့်ကောင်းတွေ ပြောင်းလဲပြုပြင်နိုင်ရင် သင့်နှလုံးကို ကာကွယ်နိုင်ပါတယ် ။ သင့်နှလုံးဟာ ထိခိုက်စဖြစ်နေ ရင်တောင် ပြန်လည်ပြုပြင်နိုင်ပါတယ်လို့ Harvard Medical School မှ Dr.Harvey က ပြောပါတယ် ။
ဘဝနေထိုင်မှုပုံစံကို အဓိကပြောင်းလဲသင့်သည့် အချက်လေးချက်
အောက်ပါအတိုင်း ဘဝနေထိုင်မှုပုံစံပြောင်းလဲတာကြောင့် နှလုံးရောဂါကာကွယ်ရေးမှာ သိသိသာသာ ကောင်းမွန်လာနိုင်ပါတယ်။
၁။ ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာဟာ နှလုံးသွေးကြောရောဂါအတွက် ဖြစ်နိုင်ခြေအများဆုံးအချက်ပါ။ ဆေးလိပ်သောက်တာကြောင့် နှလုံးတိုက်ခိုက်ခံရနိုင်ခြေ ၂၅၀ ရာခိုင်နှုန်း ပိုမြင့်မားလာပါတယ်။
သင်ဟာ နှစ်ပေါင်းများစွာ ဆေးလိပ်သောက်နေသူဖြစ်ရင်တောင် ဆေးလိပ်ဖြတ်တာကြောင့် သင့်ကျန်းမာရေး ပိုကောင်းမွန်လာနိုင်ပါတယ် ။ နှလုံးခုန်နှုန်းနဲ့ သွေးဖိအား ပုံမှန် အနေ အထားပြန်ရောက် သွားပြီး နှလုံးတိုက်ခိုက်ခံရနိုင်ခြေဟာလည်း ပြန်လည်ကျဆင်းသွားပြီး အချိန်ကြာလာတာနဲ့အမျှ ဆေးလိပ် မသောက်သူတွေအတိုင်း ပြန်ဖြစ်သွားနိုင်ပါတယ် ။
၂။ သွေးတွင်းကိုယ်လက်စထရောအဆင့် လျှော့ချပါ
သွေးတွင်းကိုယ်လက်စထရောအဆင့်ကို လျှော့ချနိုင်တဲ့ အကောင်းဆုံးနည်းလမ်းဟာ အစားအသောက်ဆင်ခြင်ဖို့ပါ။ အစားအစာမှာ ပါဝင်တဲ့ ကိုလက်စထရော တစ်မျိုးတည်းကသာ သွေးတွင်းကိုယ်လက်စထရောအဆင့်ကို မြင့်တက်စေတာ မဟုတ်ပါဘူး။ ပြည့်ဝဆီတွေဟာလည်း ခန္ဓာကိုယ် အတွက် အန္တရာယ်ရှိတဲ့ ကိုလက်စထရော ထုတ်လုပ်ဖို့ နှိုးဆွနိုင်ပါတယ် ။
ကိုလက်စထရော လျှော့ချနိုင်သော အစားအစာ
ကြက်ဥ၊ အသား၊ ဒိန်ခဲနဲ့ မလိုင်အပြည့်ပါတဲ့ နွားနို့တွေကို ရှောင်ပါ ။ ဟင်းသီးဟင်းရွက် ၊ ပဲအမျိုးမျိုး နဲ့ ကောက်နှံ တစ်ခုလုံးအစားအစာတွေ ပိုစားပါ ။ ဟင်းချက်ရာမှာ ထောပတ် ဒါမှမဟုတ် မာဂျရင်းကို အသုံးပြုမယ့်အစား သံလွင်ဆီကို အသုံးပြုပါ ။ မကောင်းတဲ့ ကိုလက်စထရော အဆင့်လျော့သွား နိုင်ပါတယ် ။
၃။ လေ့ကျင့်ခန်းပြုလုပ်ပါ
လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် နှလုံးကြွက်သား သန်မာစေတာ ၊ သွေးလှည့်ပတ်မှု ကောင်းစေတာ ၊ ကောင်းတဲ့ ကိုလက်စထရော (HDL) ကို မြင့်တက် စေပြီး မကောင်းတဲ့ ကိုလက်စထရော (LDL) အဆင့်ကို လျော့နည်းစေတာ၊ သွေးကြောတွင်း ဖိစီးမှုနည်းစေတာနဲ့ သွေးခဲမှုမဖြစ်အောင် ကာကွယ် တာတွေနဲ့ နှလုံးသွေးကြောစနစ်အပေါ် အကျိုးရှိစေပါတယ် ။
နှလုံးအတွက် အကောင်းဆုံးလေ့ကျင့်ခန်းဟာ အေရိုးဗစ်လေ့ကျင့်ခန်းပါ ။ အေရိုးဗစ်လေ့ကျင့်ခန်း ဆိုတာဟာ ကြွက်သားအုပ်စုကြီးတွေကို အချိန်ကြာကြာ အသုံးပြုရတဲ့လေ့ကျင့်ခန်းလိုမျိုးပါ ။ ဥပမာ - စက်ဘီးစီးတာ ၊ ရေကူးတာ ၊ လမ်းမြန်မြန်လျှောက်တာ ၊ ပြေးတာ ၊ လှေကားတက်တာ ၊ လှေလှော်တာနဲ့ ကြက်တောင်ရိုက်တာတွေပါ ။
လေ့ကျင့်ခန်းပမာဏ ဘယ်လောက်လုပ်လုပ် သင့်အတွက် အသုံးဝင်ပါတယ် ။ တစ်ပတ်ကို တစ်နာရီပဲ လေ့ကျင့်ခန်းလုပ်ရင်တောင် နှလုံးအတွက် အကျိုး ရှိပါတယ် ။ ဒါပေမယ့် တစ်ပတ်ကို အနည်းဆုံး ၃ နာရီ- ၄နာရီ လောက် လေ့ကျင့်ခန်းလုပ်သင့်ပါတယ် ။ အသက်ရှုရခက်ခဲလာတဲ့ အထိတော့ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်မလုပ်ပါနဲ့ ။
၎။ သွေးဖိအား လျှော့ချပါ
အသက် ၆၀ ကျော်သူ ထက်ဝက်ကျော်မှာ သွေးတိုးရောဂါလို့ ခေါ်တဲ့ သွေးဖိအားမြင့် တက်နေတတ်ပါတယ် ။ သွေးဖိအားမြင့်တက်တာကြောင့် နှလုံးကြွက်သားတွေ ဒဏ်ပိကာ သွေးလွှတ်ကြောနံရံတွေ ပျက်စီးစေနိုင်တာကြောင့် သွေးတိုးရောဂါရှိသူတွေဟာ သာမန်သူတွေထက် နှလုံးတိုက်ခိုက်ခံ ရနိုင်ခြေ နှစ်ဆပိုမြင့်မားပါတယ် ။
သွေးဖိအားပုံမှန်ဖြစ်ဖို့ အကောင်းဆုံးနည်းလမ်းဟာ သင်စားတဲ့ အစားအသောက်ထဲမှာ မှန်ကန်တဲ့ သတ္တုဓာတ်တွေ ပါဝင်ဖို့ လိုအပ်ပါတယ် ။
အငန်ဓာတ် (ဆိုဒီယမ်) လျှော့စားပါ
တစ်နေ့ကို ဆိုဒီယမ် ၁၅၀၀ မီလီဂရမ်ထက် လျော့နည်းပြီးစားပါ ။ အိမ်သုံးဆား၊ ငံပြာရည်၊ ငါးပိ၊ ငါးခြောက်၊ အချိုမှုန့်၊ မုန့်ပွဆော်ဒါ၊ ပဲငံပြာရည် အစရှိတာ တွေမှာ ဆိုဒီယမ် ပါဝင်ပါတယ် ။ အဆင်သင့်စားလို့ရတဲ့ အစာနဲ့ အဆာပြေအစာတွေမှာလည်း ဆိုဒီယမ်များစွာ ပါဝင်တတ်ပါတယ် ။
ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ် ပိုစားပါ
ငှက်ပျောသီး၊ လိမ္မော်သီး၊ သခွားမသီး၊ ပန်းသီး၊ အာလူး၊ စပျစ်သီးခြောက်၊ အစိမ်းရောင် ပန်းဂေါ်ဖီအစရှိတဲ့ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက် အများစုမှာ ပိုတက်စီယမ် ပါဝင်ပါတယ် ။ ကယ်လ်စီယမ် များစွာပါဝင်တဲ့ အစာတွေအဖြစ် အဆီထုတ်ထားတဲ့ နို့၊ ဟင်းနုနွယ်၊ ငါး၊ တိုဟူးနဲ့ အစိမ်းရောင် ပန်းဂေါ်ဖီများ စားသုံးနိုင်ပါတယ် ။
Mg Mandalay
https://www.facebook.com/mg.mandalay
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin