အသားအရေ ပြဿနာတွေကို အစားအစာနဲ့ ကုသရအောင်
အလှကုန်ပစ္စည်းတွေနဲ့ အသားအရေထိန်း ပစ္စည်းတွေဟာ အသားအရေ ပြဿနာကို လျော့ပါး သက်သာ စေပေမယ့် အသားအရေ ကျန်းမာလှပဖို့ရာ အတွက် အစား အစာတွေရဲ့ အခန်းကဏ္ဍကိုလည်း မေ့မထား သင့်ပါဘူး ။ သင့်အသားအရေက ပုံမှန်ထက်ပိုခြောက်သွေ့ နေရင် ပိုအဆီပြန် နေရင်၊ ပိုနီရဲနေရင်၊ ပိုအိုမင်းနေရင် အဲဒီ ပြဿနာတွေကို ကူညီဖြေရှင်း ပေးနိုင်မယ့် အစားအစာတွေကို စားသုံးပေးဖို့ လိုပါတယ် ။
မလှပသော အသားရေအတွက် အစိမ်းရောင် ဟင်းသီးဟင်းရွက်
အသားအရေ ခြောက်သွေ့တာ ၊ နွမ်းနယ်တာစတဲ့ မလှပေတဲ့ အရေပြားကို လိုးရှင်းတွေ လိမ်းပေမယ့် အခြေခံအသားအရေ ကတော့ သိသိသာသာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး ။ လိုးရှင်းလိမ်းတာ အပြင် နေ့စဉ်စားသောက်တဲ့ အစားအသောက် တွေကိုလည်း အသားအရေအတွက် ရွေးချယ်စားသောက်ဖို့ လိုပါတယ် ။
အသားအရေ ကျန်းမာလှပရေး အတွက် အစိမ်းရောင် အရွက်တွေကို ရွေးချယ်စားသောက် သင့်ပါတယ် ။ ဆလတ်ရွက်၊ ဟင်းနုနယ်ရွက်၊ မုန်ညင်းစတဲ့ အရွက်တွေမှာပါတဲ့ ဗီတာမင်တွေနဲ့ သွပ်ဓာတ်တွေဟာ ဆဲလ်တွေကို ပြုပြင်ပေးခြင်းနဲ့ အရေပြားကို အနာကျက် မြန်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။
နေလောင်ဒဏ်ခံရသော အသားအရေ အတွက် အင်တီအောက်ဆီးဒင့်
အသားအရေဟာ နေဒဏ်ကို ထပ်ခါတလဲလဲ ထိတွေ့ရဖန်များတဲ့အခါ အသားအရေ ထိခိုက် ပျက်စီး စေနိုင် ပါတယ် ။ အသားအရေ ကျန်းမာလှပစေဖို့ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ ပန်းဂေါ်ဖီစိမ်း၊ စတော် ဘယ်ရီသီး ၊ လိမ္မော်သီးစတာတွေ စားပေးပါ ။
နေ့စဉ် အစားအသောက်ထဲမှာ အင်တီအောက်ဆီဒင့် ပါဝင်တဲ့ အသီးအနှံတွေ ထည့်စားပေးရင် အရေပြား ထိခိုက်ပျက်စီးမှုကနေ ပြန်လည် ကောင်းမွန်လာစေပါတယ် ။
နီရဲရောင်ရမ်းနေသော အသားအရေ အတွက် အိုမီဂါသရီးဖက်တီး အက်စစ်
အရေပြားဟာ ကြမ်းတမ်းပြင်းထန်တဲ့ ဓာတုဗေဒပစ္စည်းတွေ ၊ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့ လေ ထုတွေကြောင့် နီရဲရောင်ရမ်းကာ မသက်မသာ ဖြစ်စေနိုင်ပါတယ် ။ အဲဒီပြဿနာ ပြေလည်ဖို့ရာ အတွက် အိုမီဂါသရီး ဖက်တီး အက်စစ်ပေါကြွယ်ဝတဲ့ တူနာငါး ၊ ဆော်လမွန်ငါး စတာတွေ စားပေးပါ ။
နေ့စဉ် အစားအသောက်ထဲမှာ အိုမီဂါသရီးဖက်တီး အက်စစ်ပါတဲ့ အစားအစာထည့်စားရင် အကျိုးကျေးဇူး များစွာ ရရှိနိုင်တယ်ဆိုတာ သိပေမယ့် အသားအရေအတွက် ကောင်းမှန်း သတိမထားမိတတ် ကြပါဘူး ။ အိုမီဂါသရီး ဖက်တီးအက်စစ်ဟာ အသားအရေရဲ့ နီမြန်း ရောင်ရမ်းကာ မသက်မသာ ခံစားရမှုကို သက်သာလျော့ပါးစေပါတယ် ။ Omega 3 Fatty Acid ကို ဆေးဖြည့်ဆေး အနေနဲ့ မှီဝဲလို့ ရပါတယ် ။
အရွယ်မတိုင်ခင် အိုမင်းနေသော အသားအရေအတွက် လိုင်ကိုပင်း
နုပျိုလန်းဆန်းမှုကို လူတိုင်းလိုလား ပေမယ့် နုပျိုဖို့ရာအတွက် အစားအသောက်တွေရဲ့ အခန်းကဏ္ဍကိုတော့ သတိမပြုမိတတ်ကြပါဘူး ။ လိုင်ကိုပင်းပါတဲ့ အစားအစာတွေက အသားအရေနုပျိုလှပဖို့ရာ အတွက် အသုံးဝင်ပါတယ် ။ လိုင်ကိုပင်း အများဆုံး ပါဝင်တဲ့ အကောင်းဆုံးအစာက ခရမ်းချဉ်သီးပါ ။ ခရမ်းချဉ်သီးကို အသီးအရွက်သုပ်တွေထဲ ထည့်စားပေးရင် အရေပြားကို နုပျိုလှပစေပါတယ် ။
Mg Mandalay
https://www.facebook.com/mg.mandalay
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin