အမျိုးသမီးများတွင် မနက်စာမစားခြင်းကအမျိုးအစား(၂) ဆီးချိုပိုမို ဖြစ်ပွားစေနိုင်


အဝလွန်ခြင်းက ဇီဝကမ္မပြောင်း လဲမှုများ ဖြစ်ပေါ်စေပြီး နောက်ဆက် တွဲရောဂါပြဿနာများ ကိုဖြစ်ပေါ်စေ ကြောင်း အားလုံးသိပြီးဖြစ်ကြသည် ။ ထို့ကြောင့် အဝလွန်ခြင်းကို ထိန်း သိမ်းရန်အတွက် အစားအသောက် ရှောင်ခြင်း ပြုလုပ်လေ့ရှိသည် ။ ယခု အခါ ဝါရှင်တန်ဒီစီ ၊ အမျိုးသားကျန်း မာရေး အင်စတီကျူနှင့် ကော်လိုရာဒို အာဟာရနှင့် အဝလွန်ခြင်းဆိုင်ရာ လေ့လာရေးဗဟိုမှ တွေ့ရှိချက်အရ မနက်စာမစားသော အဝလွန်အမျိုး သမီးများနှင့်မနက်စာစားချိန် နောက် ကျသောအဝလွန်အမျိုးသမီးများ တွင် အမျိုးအစားနှစ် ဆီးချိုပိုမို ဖြစ် စေကြောင်းသိခဲ့ရသည် ။

 လေ့လာသူ များအဆိုအရ နေ့လည်စာစားပြီး နောက် အမျိုးသမီးများ၏ သွေးတွင်း သကြားဓာတ်ကို စစ်ဆေးခဲ့ရာ မနက် စာမစားသူများနှင့် စားချိန်နောက်ကျ သူများတွင် သွေးတွင်းသကြားဓာတ် မှာသိသာစွာ များပြားနေပြီး ယင်းက အင်ဆူလင်အာရုံခံစားမှုလျော့နည်းသော လက္ခဏာဖြစ်ကာ ကာလရှည် ကြာ ခံစားရပါက အမျိုးအစားနှစ် ဆီးချိုပိုဖြစ်စေသည်ဟု ရှင်းပြခဲ့သည် ။

အဝင်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ