သစ်တော်သီးရဲ့ ကျန်းမာရေး အကျိုးပြုအာနိသင်


သစ်တော်သီးဟာ ချိုမြမြအရ သာရှိပြီး အာဟာရတန်ဖိုး များစွာပါ ဝင်တဲ့ သစ်သီးဖြစ်ပါတယ်။ အရည် ရွှမ်းတဲ့ သစ်သီးဖြစ်လို့ အသားအရေ လှပဖို့အတွက်လည်း အထူးစားသုံး သင့်ပါတယ်။ ပါးစပ်ထဲမှာ ပျော်ဝင် သွားသလို ခံစားရတဲ့အတွက် ထော ပတ်ကဲ့သို့အသီး (ထောပတ်သီးမ ဟုတ်ပါ)လို့အနောက်တိုင်းသားတွေ က တင်စားကြပါတယ်။ သစ်တော်သီး ရဲ့ ကျန်းမာရေး အကျိုးပြုအာနိသင် တွေကို ပြောပြလိုပါတယ်။

- ကင်ဆာဖြစ်နိုင်ချေကို လျော့ပါးစေ ပါတယ်- သစ်တော်သီးမှာ များပြား စွာပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ အူမကြီးကင်ဆာကို ကာကွယ်ပေး နိုင်ပါတယ်။ phytonutrients တွေ ပါဝင်တဲ့အတွက် အစာအိမ် ကင်ဆာ ဖြစ်နိုင်ချေကိုလည်း နည်းပါးစေပါ တယ် ။ အမေရိကန်နိုင်ငံသား ပင်စင် စားငါးသိန်းကျော်ကို သုတေသနပြု ထားတဲ့ အစီရင်ခံစာအရ သစ်တော် သီးစားသုံးသူတွေမှာ အစာရေမျိုကင်ဆာ အဖြစ်နည်းတယ် လို့လည်း သိရ ပါတယ်။

- နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချ ပေးနိုင်ပါတယ် - သည်းချေရည်တွေ ကို အူတွင်းကိုပို့ဆောင်ပေးနိုင်ပြီး သည်းခြေအက်ဆစ်တွေ အိုင်ထွန်း ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒါကြောင့် ကိုလက်စ တီရောဖြစ် ပေါ်မှုကိုလျော့နည်းစေတာပါ။ အဆီ ကျဆေးတွေနဲ့ အတူတူလောက်ပဲ သွေး တွင်း အဆီဓာတ်ကို ကျဆင်းစေနိုင်ပါတယ် ။

- ဆီးချိုသွေးချိုရောဂါကို ကာကွယ် ပေးနိုင်ပါတယ် - သစ်တော်သီးမှာ ပါဝင်တ anthocyanins နဲ့ flavanol ဟာ အင်ဆူလင်ရဲ့ တုံ့ပြန်နိုင်စွမ်းကို တိုးတက်စေပါတယ်။ ကိုယ်ခန္ဓာတွင်း က ဂလူးကို့စ် သုံးစွဲမှုကိုလည်း ထိန်း ညှိပေးနိုင်ပါတယ်။

- ဓာတ်တိုးခြင်းနဲ့ ရောင်ရမ်းမှုဆန့် ကျင်ပစ္စည်း တွေ ပါဝင်မှုများပါတယ်။ flavanol ပါဝင်မှု ဒုတိယအများဆုံး သစ်သီးတစ်မျိုးဖြစ်တဲ့အတွက် အခု လို အာနိသင်တွေ များပြား တာဖြစ်ပါတယ်။ နာတာရှည်ရောဂါ များ၊ စိတ်ဖိစီးမှုများနဲ့ ကင်ဆာရောဂါ တွေကို ကာကွယ်ပေးနိုင်တာဟာ ဓာတ်တိုးခြင်းနဲ့ ရောင်ရမ်းမှုဆန့်ကျင် ပစ္စည်းတွေပါဝင်မှုမြင့်မားတဲ့ သစ် တော်သီးရဲ့ အစွမ်းတွေပါပဲ။

- ဓာတ်မတည့်ခြင်းကို ကာကွယ်နိုင် ပါတယ်-သစ်တော်သီးမှာ salicylate နဲ့ benzoate ပါဝင်မှု နည်းပါးတာ ကြောင့် ဖြစ်ပါတယ်။

- ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါ တယ် ။ အမျှင်ဓာတ်ပါဝင်မှု များပြား တဲ့အတွက် အစာခြေစနစ်ကို ပိုမို ကောင်းမွန်စေပါတယ် ။ အူလှုပ်ရှားမှု ကိုလည်းပိုမိုကောင်းမွန်စေပါတယ်။

သက်ကို
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ