ကြမ်းကြားကလေ စမ်းရေပမာ အေးပါစေ


 (မျိုးဆက်သစ် လူငယ်များအတွက် ၂၀၁၃ နှစ်ဦး လက်ဆောင်မွန် စာစု )
လူငယ်များကို အသိလေးတွေ ပေးစေချင်သည့်အတွက် မိမိပြောဆိုရေးသားသည့် စာစကားလေးကို ကြမ်းကြားကလေ ပမာခိုင်းနှိုင်းပြီး ယနေ့ လူငယ် နောင်ဝယ် လူကြီးအတွက် အကျိုးတစုံတရာ ဖြစ်စေလောက်သည်လို့  ထင်မြင်ယူဆမိလို့  စမ်းရေ ပမာ အေးပါစေ ခေါင်းစဉ်လေးအမည်ဖြင့် ပြောပါရစေ ။

ယနေ့ ခေတ်ကာလတွင် ပညာသင်အရွယ်လူငယ်တချို့ မှာ အသိတရားများခေါင်းပါးခြင်းနှင့် အကျိုးမဲ့စွာ ပြုမှု့ု လုပ်ဆောင်လာကြခြင်းကို တွေ့ မြင်မိပါတယ် ။ ယနေ့ လူငယ် နောင်ဝယ် လူကြီး ဖြစ်လာကြမည့် လူငယ်တွေမှာ အမှားနည်းပြီး အမှန်သိအောင် နည်းလမ်းတချို့ ပါ အခုလို့ လူငယ် တချို့ တွေ ဖြစ်ရ ခြင်းကြောင့် စာရေးသူ အနေဖြင့် ခေတ်ကာလကို မပြောပါဘူး အနှစ်တရားတွေကိုဘဲ ပြောချင်ပါတယ် ။

အခုခေတ် တချို့ တချို့ သော လူငယ်တွေသည် သံဃာတော်များ ၊ အဖိုးအဖွား မိဘဆရာ ၊ သက်တုရယ်တူ အချင်းချင်း ၊ ညီငယ် ညီမငယ်အစ ပြောဆိုနေကြသည့်မှာ ဂါရဝတရား လူကျင့်ဝတ်များ ခေါင်းပါး စွာဖြင့် ပြောဆိုဆက်ဆံနေကြသည့် အနေအထားတရပ်ကို ရောက်ရှိနေကြပါသည် ။ ဒါတွေဘာကြောင့် ဖြစ်နေရတယ်ဆိုတာကိုတော့ မသိနိုင်ပေမဲ့  သိနိုင်သည့်မှာ ပင်ကိုယ့်အသိ ခံယူချက်အကျင့် အလွန်ပင် နည်းပါလို့ ပါ ။

ဒီလို့ မဖြစ်အောင် စာပေအသိ ဘာသာရေး သတိ ဆုံးမခြင်း အသိ များကို လက်ခံကျင့်သုံးနိုင်ရပါမယ် ။ ဒါမှသာ လူသားအသိစိတ်ဖြင့် ကျင်လည် နေထိုင်နိုင်ပါလိမ့်မည် ။ လူတော်မဖြစ်နိုင်ပေမဲ့ လူမကောင်း တာတော့ မဖြစ်နိုင်တော့ပါဘူး ။

အခြေခံက စပြီး ပြောရမည်ဆိုလျှင် လူငယ်တွေမှာ မိမိလက်ရှိ ဖြစ်နေသည့် ရရှိနေသည့် ဘဝကိုတော့ ဦးစွာပထမ ကျေကျေနပ်နပ်လက်ခံရပါလိမ့်မည် ။ ဘာလို့ လည်းဆိုတော့ မိမိထက် မြင့်သော အမြင့်ကို ကြည့်ချင်ရင် ခေါင်းတော့ မော့ကြည့်ရပါလိမ့်မည် ၊ ဒါကလည်း ကြာကြာကြည့်မနေနိုင်ဘူးပေါ့ ။

မိမိထက်နိမ့်သော် အဆင့်ကို ကြည့်မယ်ဆိုတော့လည်း ခေါင်းကိုအောက်ငိုတ်ခြင်းဖြင့်လည်း ကြာကြာမကြည့်နိုင်ပါဘူး ။ ခေါင်းမှူးခြင်း ခေါင်းနောက်ခြင်း ဖြစ်ပေါ်ပါတယ် ။

ခေါင်းကိုလည်း အညောင်းခံ မော့ကြည့်ခြင်း ငုံ့ ကြည့်ခြင်းကို မလုပ်ဆောင်ဘဲ ၊ မိမိခေါင်းကို တည့်မတ်စွာ ထားရှိ ကြည့်ပြီး မိမိဖြစ်နေသည့် ဘဝကို ရင်ဆိုင် ဖြစ်သန်းပါက အကောင်းဆုံး အရာများ ဖြစ်ပေါ်စေပါမည် ။

( ၁ ) ကောင်းသော မကောင်းသော အရာကို ခွဲခြားသိမြင်ပါ ။
ပညာသင် လူငယ်တွေမှာ( အပေါင်းအသင်းမမှားပါစေနဲ )့လို့  လူတိုင်း မိသားစုတိုင်း ပြောကြသည့် မဆန်သော စကားလေးပါ ။

မိမိကြောင့် တဖက်သားကို မမှား မပျက်စေချင်သလို့  တခြားတဖက်ကလည်း ကိုယ့်ကြောင့် သူမှား ပျက်ဆီးစေရန် မဖြစ်သင့်သလို့  မလုပ်သင့်ပါဘူး ။

ဥပမာ - ဒီနေ့ စာမေးပွဲ ပြီးပြီကွာ သူငယ်တွေထဲ့က တယောက်က ငါတို့  အိမ်မပြန်သေးဘဲ ဟိုသွား ဒီသွားမယ် ပြောလာတဲ့ သူငယ်ချင်းနဲ့  အိမ်အရင်ပြန်မယ် မိဘတွေကို ဘယ်သွားပါမယ် လို့ ပြောပြီးမှ ပြန်ထွက်မယ်လို့  ပြောသည့် သူငယ်ချင်း စကားနဲ့  မပြောဘူး အခုတည်းက လျှောက်သွားမည့် စကားရပ် နှစ်ခုမှ နှိုင်းယှဉ်လိုက်ရင် ကောင်း မကောင်းတွေ ပါလာပြီး နော် ဒီအချိန်မှာ မိဘအိမ်မပြန်သေးဘဲ သွားလာခဲ့ကြသည့် ပုံစံလေးတွေက နောင်လည်း လုပ်ဆောင်လာမယ် ဆိုရင် မကောင်းသည့် ဖက်ကို ဦးတည်လာနိုင်ပါတယ် ။

လူကြီး မိဘများကို အသိပေးပြီးမှ သွားလာကြမည့် အကျင့် ကို လုပ်ဆောင်ပါ လိုအပ်ပါက လူကြီးမိဘများကို သတိပေးအဆုံးမ ပေးတတ်ပါတယ် ဒါကို လက်ခံပါက အဆိုးနည်းလို့  အကောင်းများပါလိမ့်မည် ။ ကိုယ့်အသိက ကောင်းတာကိုသိတယ် သတိမမူတော့ ကိုယ့်အသိလောက်တောင် မသိ မရှိသေးသည့် တခြား စကားကို နားယောင်နားထောင်ပြီး လမ်းကြောင်း လုံးလုံးလွဲသွားရတယ်နော် ။ အရွယ်မတိုင်ပေမဲ့ အကြွေမြန်နိုင်လို့  အထူးသတိချပ်စရာပါ ။

( ၂ ) သင်ခန်းစာ ယူတက်ပါစေ
အကြောင်းအရာတခုခုဖြစ်ပေါ်လာပြီး ကောင်းမွေ ဆိုးမွေတွေကို မိမိက မပြုလုပ်ပေမဲ့ သူများက ပြုလုပ်လို့  ဖြစ်ပေါ်လာခြင်းကိုလည်း မိမိလုပ်သကဲ့သို့  သင်ခန်းစာများကို ရယူတက်ရပါမယ် မိမိပြုမူလို့  ဖြစ်ခဲ့ရင်လည်း သင်ခန်းစာ ယူတက်ရပါမယ် ။ ဒီလို လုပ်လို့  ဒီလို ဖြစ်ခဲ့တယ် ဆိုသည့် အကျိုးအကြောင်း
သင်ခန်းစာများများရလေ မိမိ ဘဝအတွက် သင်ခန်းစာများကြောင့် အမှားနည်းပါးလာမည် ။

ကိုယ့်တိုင်လုပ်ခဲ့သည့် အကြောင်းအရာရော သူများလုပ်ခဲ့လို့  ဖြစ်ပေါ်လာခဲ့သည့် အကြောင်းအရာများကို မိမိ ဘဝတခုအနေဖြင့် သင်ခန်းစာ မယူတက်ရင် သင်သည် မိုက်မဲသော လူတစ်ဦး အဖြစ် ဆက်လက် ရှင်သန်နေပါလိမ့်မည် ။

( ၃ ) လွဲမှားစွာ အထင်ကြီးခြင်း
သူကတော့ လှလိုက်တာ ချမ်းသာလိုက်တာဆိုပြီး အထင်ကြီးလို စိတ်များ ရှိနေခဲ့ရင် ယခုအချိန်ကစပြီး ထုတ်ပစ်လိုက်ပါ ။အဲဒီစိတ်မျိုးရှိနေပြိးဆိုရင် သင့်ဘဝအတွက် အနှောက်ယှက်တွေဘဲ ပေးနေပါတော့မယ် ။ ကျောင်းသားတွေဆိုရင် စာပေလေ့လာစိတ်နည်းလို့  ခဏတာ သာယာမူ့ ကို ဘဝတာ အတွက် ထင်လာပါမယ် ဒါကြောင့် တချို့ ဆိုရင် ကျောင်းတဝက်နဲ့ ထွက်ခဲ့ရပြီး နောင်တတရား နဲ့ ခံစားနေခဲ့ ကြတာလည်း များစွာရှိကြပါတယ် ။

( ၄ ) သည်းခံစိတ်ကို မွေးတတ်ပါစေ
ကျောင်းသား လူငယ်တွေမှာအရွယ်ရောက်လာလို့ စိတ်ပိုင်းဆိုင်ရာတွေလည်း ပြောင်းလဲလာတက်ကြပါတယ် ။ ဆန်ကျင့်ဖက်လိင်အပေါ်မှာ သာယာခြင်း မက်မောခြင်း ပိုင်ဆိုင်လိုခြင်းတွေ ဖြစ်လာပါတယ် ၊ ဒါသဘာဝပါဘဲလို့ ပြောရပါမယ် ဒီလို့ အချိန်မှာ သဘာဝဘဲကွာ ဘာဖြစ်လည်းဆိုသည့်အရာကို ခဏတာသည်းခံနေထိုင်လိုက်မယ်ဆိုရင် မိမိရည်မှန်းထားသည့် ပန်းတိုင်ကို မလွဲမသွေရောက်ရှိပါလိမ့်မည် သည်းခံခြင်းနည်းလို့ ကတော့ ပန်းတိုင်လည်းပျောက် လမ်းအမှန်ကို မရောက်နိုင်တာ့ဘူး ဆိုတာကို သိပါ မြင်ပါ ။

( ၅ ) ရက် ၁၀၀၀ ကို ကြိုးစားပါ
ပညာသင်ကျောင်းသားတွေမှာ ၈ ၊ ၉ ၊ ၁၀ အတန်းပညာသင်ချိန်မှာ ရက်ပေါင်း ၁၀၀၀ လောက်ဘဲရှိပါတယ် အဲဒီထဲ့မှာ အိပ်ချိန်ရယ် စားချိန် နားချိန် ကို ထပ်နူတ်မယ်ဆိုရင် ရက်ပေါင်း ၆၀၀ ဝန်းကျင်ဘဲရှိပါတယ် ။
လူတစ်ဦးမှာ ကျန်းမာလို့  အသက်ရှည်နေရမယ်ဆိုရင် သက်တမ်း ၈၀ နှစ်ကို ထားကြည့်ပါမယ် ရက်ပေါင်း ၃၀၀၀၀ ဝန်းကျင်ရှိပါတယ် ။ ပြောထားသည့် ရက်ပေါင်း ၁၀၀၀ လောက်ကို လူငယ်တွေမှာ ကြိုးစားအားထုတ်သင်ယူမှတ်သား ကျတ်မှတ်မယ်ဆိုရင် နောက်ထပ်ကျန်သည့် ရက်တွေမှာ အသိပညာရှင် အတတ်ပညာရှင် အဖြင့် နေထိုင်ကြရပါလိမ့်မည် ။
မိမိရည်မှန်းထားသည့် ပန်းတိုင်ကို ရက် ၁၀၀၀ အတွင်းမှာ မျက်ခြေ မပျက်ပါစေနဲ့  အချစ်တွေလည်း ဘေးဖယ်ထားပါ လေလွှင့်ခြင်းစိတ်တွေလည်း ဝေးကွာနေပါ မကောင်းမူ့ ကိုလည်း မမက်မောပါနဲ့ လို့ မိမိ စိတ်ကို အထူးသတိချပ်ပါ ဒါကြောင့် ရက် ၁၀၀၀ ကို ကြိုးစားလိုက်ပါ ။

( ၆ ) ပညာသင်ချိန် အရှက်မရှိနဲ့ 
မည့်သည့် ပညာကို မဆို သင်ကြားနေရသည့် အချိန်တွင် မသိတာကို မေးမြန်းရမှာ ရှက်တက်ခြင်းက မတက်ခြင်းကို အားပေးပါတယ် ။ မသိ မရှင်း နားမလည် ပါက ချက်ခြင်းမေးပါ မိမိမေးလိုက်လို့  ကျန်သူတွေလည်း နားလည်တာလည်းရှိလာပါတယ် သိသလိုလို မသိသလိုလို ဖြစ်နေရင် ကိုယ့်လျှောက်လမ်းရမည့် လမ်းတွေလည်း ဝါးတားတား ဖြစ်နေတတ်ပါတယ် ။ မသိလို့ မေးတာ ရှက်စရာ လုံးဝ မဟုတ်ပါဘူး ( ပညာရှာ ပမာ ဆုတောင်းစား ) သဖွယ် ပြုမှု့ ပါ ။

( ၇ ) မရကောင်းသော နောင်တ
စိတ်ရိုင်းကို အလှပန်းထင် မကောင်းတာကို သာယာ မျှော်မှန်းချက်နဲ့  ဝေးကွာ ပြီးမှ နောင်တ အဖြစ် အခုမှ ပြန်လုပ်ချင်တယ် ပြန်စချင်တယ်ဆိုတာကတော့ မဖြစ်နိုင်သည့် အရာပါ ၊ ဖြစ်နိုင်သည့် အချိန်ကာလကို သင့် ကိုယ်တိုင် မလုပ်ဆောင်ခဲ့လို့ သာ နောင်တ တမိခြင်းဖြစ်ပါသည် ။

ဖော်ပြေရေးသားချက်များမှာ လိုအပ်ချက်တွေရှိကောင်းရှိပါလိမ့်မည် သို့ သော်လည်း ယခုတင်ပြချက်သည့် အပ်တချောင်း အရွယ်အစား ဖြစ်သော်လည်း လိုက်နာကျင့်သုံးတတ်မည်ဆိုပါက ပုဆိန်စွမ်းအားအသွင် ခံစားရရှိနိုင်မယ်လို့ ယုံကြည့်မိပါသည် ။

ကြမ်းကြားကလေ ဖြစ်ပေမဲ့ စမ်းချောင်းကရေ ပမာ အေးမြပါစေ ……………….
Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ