သက်တော်ရာကျော်ရှည်ရခြင်း
အသက်ရာကျော်ရှည်ရခြင်းအကြောင်း လေ့လာသူ ဒန်းဘတ်တနာက ကမ္ဘာ့အသက်အရှည်ဆုံးတွေဖြစ်တဲ့ အီတလီ၊ ဂျပန်၊ ကယ်လီဖိုးနီးယား စတဲ့ဒေသက ဘိုးသက်ရှည်၊ ဘွားသက်ရှည်တွေကို လေ့လာခဲ့ပါတယ် ။
လေ့လာပြီးချိန်မှာ အိုမင်းမှုကို တွန်းလှန်နိုင်တဲ့ အားဖြည့်ဆေးဆိုတာ မရှိပါဘူး ။ ဒါပေမယ့် ပြုပြင်ဖန်တီးထားတဲ့ အစားအသောက်တွေ ရှောင်ရှားခြင်း ၊ မိသားစုကို ဦးစားပေးခြင်း ကယ်လိုရီ မှီဝဲမှုကို ၂၀ ရာခိုင်နှုန်းလျှော့ချခြင်းနဲ့ ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းထားခြင်းစတဲ့ အချက်တွေကတော့ အိုမင်းခြင်းကို နှေးကွေးစေပါတယ် ။
အရေးကြီးတာက စိတ်ဖိစီးမှုကို လျှော့ချစေဖို့ပါ” လို့ ဒန်ဘတ်တနာက ရှင်းပြပါတယ် ။
ဒါ့အပြင် အသက်ရာကျော်ရှည်ဖို့အတွက် အောက်ပါအလေ့အထတွေကို နေ့စဉ် ဆောင်ရွက်ပေးဖို့ လိုပါတယ် ။
တရားထိုင်ပါ
ငြိမ်သက်တိတ်ဆိတ်တဲ့နေရာထိုင်ပြီး နှာခေါင်းအောက်နဲ့ နှုတ်ခမ်းအထက် အရေပြား နေရာကို အာရုံစိုက်ထားပါ ။ အသက်ရှူသွင်း၊ ရှူထုတ်လုပ်တဲ့ အတွေ့အထိကို ခံစားမိပါလိမ့်မယ် ။ စစချင်း ၁၅ မိနစ်လောက် လေ့ကျင့်ပြီး နောက်ပိုင်းတစ်နာရီအထိ အချိန်ပေးကာ တရားထိုင်ပါ ။
ကိုယ့်အကြောင်းသုံးသပ်ပါ
ဘဝနေထိုင်မှုဆိုင်ရာ ဦးတည်ချက် အကြောင်းချရေးပါ ။ ဘဝမှာ အသက်ရှင်နေထိုင်ရတဲ့ ရည်ရွယ်ချက်ကို သိနားလည်တာဟာ အသက်ရှည်အောင် ပံ့ပိုးပေးနေပါတယ် ။
ယောဂကျင့်ပါ
အသက်ကြီးလာရင် လုပ်သင့်တဲ့ ကျင့်စဉ်တစ်မျိုးပါပဲ ။ အဆစ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ် ။
ကျန်းမာရေး အသိဖြင့် နေထိုင်ခြင်း ၊ စားသောက်ခြင်း ၊ စိတ်ပိုင်းဆိုင်ရာကို ဘာသာရေး အဆုံးအမတရားဖြင့် ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ပြီး အသက်ရာကျော်ရှည်ပါစေ လို့  ဆုတောင်း မေတ္တာပြု့ ပါသည် ။
အသက်ရာကျော်ရှည်ပါစေ
Mg Mandalay
https://www.facebook.com/mg.mandalay
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin