ဦးနှောက်အစိပ်အပိုင်းတစ်ခုကအရွယ်ရောက်ပြီးသူများတွင်လည်း ဆက်လက်ကြီးထွားကြောင်းတွေ့ ရှိ
ဦးနှောက်၏ဖွံ့ ဖြိုးမှုသည် အသက်အပိုင်းအခြားတစ်ခုတွင် ရပ်တန့် သွားလေ့ရှိသည်ဟု ယုံကြည် ထားသော်လည်း ဦးနှောက်တွင်းရှိ မျက်နှာကို မှတ်မိစေသော အစိပ်အပိုင်းသည် အရွယ်ရောက်ပြီးသွား လျင်လည်း ဆက်လက်ဖွံ့ ဖြိုးနေဆဲဖြစ်သည် ကိုတွေ့ ရှိရကြောင်း အမေရိကန်ပြည်ထောင်စု ၊ စတန်းဖို့ ဒ် တက္ကသိုလ်မှ သုတေသီတစ်ဦး က ပြောပြသည် ။
ဦးနှောက်က အရွယ်အစားပိုပြီးကြီးလာတာ ၊ ဖောင်းထလာတာမဟုတ်ပါဘူး ။ အဲဒီအစိပ်အပိုင်းမှာ ရှိတဲ့တစ်ရှူးပမာ ဏ က ပိုပိုပြီးများလာတာပါ ။ အဲဒီပြောင်းလဲမှုတွေဟာသေးငယ်လွန်းပြီး MRI Scan ဖတ်တဲ့စနစ်နဲ့ သေသေချာချာ ကြည့်မှသာ မြင်တွေ့ ရတာဖြစ်ပါတယ် ဟုသုတေသီတစ်ဦးဖြစ်သူ Jesse Gomez က ပြောပြသည် ။
Quantitative MRI စနစ်နဲ့ ဦးနှောက်ကိုဖတ်ရှုကြည့်တဲ့အခါ ဦးနှောက်ထဲမှာ တစ်ရှူးဘယ်လောက်ရှိတယ် ဆိုတာကိုတိုင်းတာနိုင်ပါတယ် ။ အဲဒါကို Microstructural လို့ ခေါ်ပါတယ်။ အဲဒီလိုဖတ်ရှုကြည့်တဲ့အခါ ဦးနှောက်ထဲကလူ့ မျက်နှာကိုမှတ်မိစေတဲ့အပိုင်းကတစ်ရှုးတွေကဆက်လက်ပွားများနေတာကိုတွေ့ ရတာပါ ဟု ၄င်းက ဆက်လက်ပြောပြသည် ။
ဦးနှောက်ဆဲလ်တွေကတောအုပ်တစ်ခုဆိုရင် ဦးနှောက်ဆဲလ်တွေက သစ်ပင်တစ်ပင် စီနဲ့ တူပါတယ် ။ တောအုပ် ဟာ ၁၀၀ ဧကကျယ်တယ်ဆိုရင် အမြဲ ၁၀၀ ဧကပဲကျယ်နေမှာပဲ ။ ဒါပေမယ့် သစ်ပင်တွေရဲ့ အကိုင်းအခက်တွေကတော့ တဖြည်းဖြည်းပိုများပြီးပိုလည်းပြည့်စုံ ၊ ပိုလည်း ရှုပ်ထွေးလာနိုင်ပါတယ်ဟု ၄င်းက ဖြည့်စွက်ပြောပြသည် ။
သုတေသီများသည် အသက် ၅ နှစ်၊ ၁၂ နှစ်၊ ၂၂ နှစ်၊ ၂၈ နှစ် အရွယ် ကလေးနှင့်အရွယ်ရောက်ပြီးသူများ၏ ဦးနှောက်အား Quantitative MRI Scan ဖတ်ရှုကြည့်ခဲ့ပြီး ၄င်းတို့ ၏ မျက်နှာနှင့် အဆောက်အဦ တည်နေရာတို့ ကိုမှတ်မိစေသောဦးနှောက်အစိပ်အပိုင်းအားလေ့လာခဲ့ကြောင်း ၊ ၄င်းလေ့လာဆန်းစစ်မှု အရ ဦးနှောက်သည် အသက် အပိုင်းအခြားတစ်ခုသို့ ရောက်ရှိသွားသောအခါ ဖွံ့ ဖြိုးတိုးတက်မှု လုံးဝ ရပ်တန့် သွားသည်မဟုတ်ဘဲ အရွယ်ရောက် ပြီးသော်လည်းမျက်နှာ၊တည်နေရာ၊ပုံရိပ် အစရှိသည်တို့ ကို မှတ်မိသောအပိုင်းကဆက်လက်ဖွံ့ ဖြိုးနေဆဲဖြစ်သည် ကိုတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin