ဆေးခြောက်က ဆေးလိပ်ထက် ငါးဆပိုဆိုး


ဆေးခြောက် သုံးစွဲခြင်းသည် တခြားရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအပြင် အဆုတ်ကို ထိခိုက်သော ဆိုးရွားမှု နှုန်းမှာ ဆေးလိပ်သောက်ခြင်းထက် ငါးဆခန့် သာကြောင်း နယူးဇီလန်ဆေးသုတေသနအဖွဲ့က သတင်းထုတ်ပြန် ထားသည်။

၎င်းတို့က ဆေးခြောက် အနည်းငယ်ခန့် သုံးစွဲခြင်းသည် စီးကရက် ငါးလိပ်ခန့် သောက်သုံးခြင်းနှင့် နှိုင်းယှဉ် ဖော်ပြထားခြင်း ဖြစ်သည်။ ဆေးခြောက်သည် အဆုတ်၏ လေလမ်းကြောင်းကို ချို့ယွင်းပျက်စီး စေသည့်အပြင် အောက်ဆီဂျင် ရယူနိုင်မှုကိုပါ ထိခိုက်စေနိုင်သည်။

ထို့ပြင် အဆုတ်အတွင်းရှိ တစ်ရှူးများမှ မလိုအပ်သော အညစ်အကြေး များကိုလည်း မဖယ်ရှားနိုင်တော့ပေ။ လေ့လာသူများသည် လူ ၃၃၉ ဦးကို အုပ်စုလေးစုခွဲ၍ လေ့လာခဲ့ကြသည်။

ဆေးခြောက်သုံးစွဲသူ၊ ဆေးခြောက်နှင့် စီးကရက်ရော၍ သုံးစွဲသူ၊ စီးကရက်သီးသန့်သောက်သုံးသူနှင့် စီးကရက်၊ ဆေးခြောက် မသုံးစွဲသူများကို သီးသန့်လေ့လာခဲ့ကြခြင်း ဖြစ်သည်။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ