မြက်ခင်းနှင့်သဲပေါ်တွင် ဖိနပ်မပါဘဲလမ်းလျှောက်ခြင်း၏ ကျန်းမာရေး အကျိုးထူး


နံနက်ပိုင်းကလေးမှာ မြက်ခင်းစိမ်းပေါ်၌ ဖိနပ် မပါဘဲ လမ်းလျှောက်ခြင်း၊ သဲပေါ်တွင် လမ်းလျှောက်ခြင်း သည် ကျန်းမာစေခြင်း၏ တစိတ်တဒေသဖြစ်ပါသည်။ အထူးသဖြင့် နွေရာသီနံနက်ပိုင်းကလေးတွင် လမ်း လျှောက်ခြင်းသည် ကျန်းမာခြင်းအတွက် အကျိုးထူးကို ရစေသည်။

ဤသို့လမ်းလျှောက်ခြင်းသည် အလုံးစုံ သောကျန်းမာရေးဆိုင်ရာ အချက်များဖြစ် သည့် နှလုံးသွေး ကြောများ လုပ်ငန်းစဉ် ၊ မျက်လုံး၏အမြင်အာရုံ၊ စိတ်၏ကျန်းမာခြင်း၊ အာရုံကြောစနစ်များအတွက်အကျိုး ဖြစ်စေ သည်။ ထို့အပြင် သွေးလှည့်ပတ်မှုအဆင့်ကိုလည်း တိုး တက်စေပြီး ခြေထောက်၏ကြွက်သားများထဲတွင် သွေး လှည့်ပတ်မှုကိုကောင်းမွန်စေသည်။

တနည်းအားဖြင့် စိတ်ဖိစီးမှု၊ စိတ်အားငယ်မှုများ၊ စိတ်ဓာတ် ကျခြင်းတို့ကို သက်သာစေသည်။ သဲပေါ်တွင် ဖိနပ်မပါဘဲ လမ်းလျှောက်သည့်အခါ သဲပွင့်များက ခြေ ထောက်ကြွက်သားများကို တက်ကြွစေပြီး ဖိစီးမှုကို ပြေ ပျောက်စေသည်။ မကောင်းသည့်အတွေး များကို မဖြစ် စေဘဲ စိတ်ကြည်လင်မှုကို ရရှိစေသည်။နံနက်တိုင်း မြက်ခင်းစိမ်းပေါ်တွင် လမ်းလျှောက်သည့်အကျင့်က မျက်လုံး၏အမြင်အာရုံကို ကြည်လင်စေသည်။ မြက်ခင်း ၏အစိမ်းရောင်က မျက်ကြောများတင်းခြင်းကို ပြေလျော့ စေသည်။ ညဘက် အိပ်မပျော်ခြင်းကိုလည်း သက်သာ စေပြီး နုပျိုလန်းဆန်းစေသဖြင့် မြက်ခင်းစိမ်းတွင် လမ်း လျှောက်ခြင်း သည် အ ကျိုးထူးသည့်လေ့ကျင့်ခန်းတစ်မျိုး ဖြစ်သည် ။

Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ