အရက်စွဲရောဂါ ကာကွယ်ပါ


ပျော်ချင်လို့ ဘဲသောက်သောက် ၊ငိုချင်လို့ ဘဲသောက် သောက် ၊ ဆေးအဖြစ်သောက်သောက် အရက်ကို ကာလကြာရှည်သောက်သုံးခဲ့လျှင် အရက်စွဲစေခြင်းကိုဖြစ်ပေါ်စေပါတယ် ။

အရက်ဆိုတာနဲ့ ယောင်္ကျားလေးများသာ သက်ဆိုင်ပါတယ်လို့ ရှေးရှေးအခါကဆိုရပါတော့မယ် ယခုခေတ်မိန်းကလေးများပါ ဘီယာ ၊ ဝိုင် အရက်များကို အုပ်စုလိုက်ဝိုင်းဖွဲ့ သောက်နေကြပါတယ် ။ တိုးတက်လာတယ်လို့ ဘဲပြောရမလား ခေတ်မီတယ်လို့ ဘဲပြောရမလား မပြောတက်တော့ပါ ။
ခေတ်တွေကတိုးတက်ပြောင်းလဲ လူတွေကလည်း တိုးတက်ပြောင်းလဲ ရောဂါတွေကလည်း တိုးတက်ပြောင်းလဲပါ ။သူ့ ခေတ်သု့ အခါ တော့ အားလုံးဟာ အစဉ်ပြေသပလို့ တောင်ပြောရပါတော့မည် ။

မိမိကိုယ်မိမိသိမ်ငယ်တယ် ၊ စိတ်ဓာတ်ကျနေသူများသည် အရက်လေးသောက်သုံးလိုက်မှ စိတ်ညစ်ညူးမှုတွေပြေပျောက် စိတ်တွေရွှင်လန်း ပျော်ရွှင်မှုကိုခံစားရရှိပါတယ်ဗျာလို့ ယုံကြည်ပြီး အရက်ကိုစွဲစွဲလန်းလန်းသောက်သုံးရာကစပြီး အရက်စွဲသွားပါတော့တယ် ။ မီဒီယာကြော်ငြာတွေ သူများနိုင်ငံက ကျားမ အရက်သောက်သုံးခြင်းတွေက အရက်သောက်သုံး တတ်ဖို့  ဆွဲဆောင်နေမှု့  တပိုင်းအပါအဝင်ဖြစ်ပါတယ် ။ တရားပွဲတွေတောင် ည ၇ နာရီတိတိ တရားပွဲစပါမယ်လို့ ပြောတာတောင် လူကြီးလူလတ်တွေက ကိုရီးယားဇာတ်လမ်းတွဲက ၈ နာရီမှပြီးမှဆိုတော့ အခုခေတ်တရားပွဲတွေ ၈ နာရီတောင်ပြောင်းလဲလာခဲ့ရလေတော့ ကျန်သည့်ပြောင်းလဲခြင်းကိုတော့ မပြောပလောက်တော့ပါ ။

အရက်သည် အဆိပ်တစ်ခုဖြစ်ပါတယ် လူခန္ဓာကိုယ်တွင် အယ်လ်ကိုဟောပါဝင်မှု ၀.၅၀ ရာခိုင်နှုန်း ကျော်လွန်လူအသက်ကိုပင်ဆုံးရှုံးနိုင်ပါတယ် ။ သောက်တာဖြင့်ကြာပေါ့မသေပါ မသေသေးတော့လည်း ပြောကြပါမည် ။

အရက်ကိုရေရှည်သောက်သုံးခဲ့လျှင် သောက်သုံးသူ ဦးနှောက်သည့် ကျုံ့ သွားနိုင်ပြီး စိတ် ကစဥ့်ကလျားဖြစ်ခြင်း ၊ မှတ်ဥာဏ်တွေဆုံးရှုံးပြီး စိတ်အာရုံနှင့် လှုပ်ရှားမှုမတွဲမိခြင်းနှင့် မှတ်ဥာဏ်လျော့နည်းလာခြင်းကြောင်းတစ်ခြားတစ်ခြားသောအကြောင်းအရာအသစ်များကို မမှတ်မိတော့ဘဲ သေရာပါအထိ ခံစားရရှိဖြစ်ပေါ်လာပါတယ် ။

အရက်ကြောင့် ကိုယ့်တွင်ကလိစာများဖြစ်သော အသည်း ၊ကျောက်ကပ် ၊နှလုံး ၊ ဦးနှောက်နှင့် အာရုံကြောပိုင်းစနစ်များကိုပါ ထိခိုက်ပျက်စီစေပါသည် ။ အရက်ကြောင့် အသည်းရောင်ခြင်း ၊အသည်းအဆီဖုံးခြင်းနှင့် အသည်းခြောက်ခြင်းရောဂါဆိုးစွဲကပ်သေဆုံးကြရပါသည် ။ထပ်မံပြီးတော့ အစာအိမ်ရောင်ရမ်းခြင်း အစာအိမ်နာရောဂါပါစွဲကပ်လေ့ရှိပါသည် ။လူခန္ဓာကိုယ်အတွက် ခွန်အားနှင့် အစာခြေအင်္ဂါအဖွဲ့ အစည်းတွက် လိုအပ်သော အင်ဆူလင် နှင့် ဂလူကာဂွန်ကို ထုတ်လုပ်ပေးသည် ပန်ကရိယလည်း ရောင်ရမ်းသွားနိုင်ပါသည် ။ အသည်းအရောဂါအပြင် လည်ချောင်း နှင့် အစာပြွန်ကင်ဆာရောများထပ်တိုးလည်း ဖြစ်လာနိုင်ပါသည် ။

ဒါကြောင့် အရက်သည် လူ့ ခန္ဓာကိုယ့်ကို ဆိုးရွားစွာထိုခိုက်ပျက်ဆီးစေခြင်းကြောင့် စွဲလမ်းစွာသောက် သုံးခြင်း လုံးဝမသင့်ပါ ။

အရက်စွဲလန်းသူရောဂါသည်တွင် အစာစားချင်စိတ်မရှိခြင်း ၊ စိတ်ကစဉ်ကလျားဖြစ်ပြီး အသိမဲ့ စွာ အော် ဟစ်နေခြင်း ၊ ဒေါသစိတ်ကြီးထွားလာကာ ရန်လို တိုက်ခိုက်စိတ်များ ဖြစ်ပေါ်လာခြင်း နှင့်နောက်ဆုံး မိမိအသက်ကိုပင် ကိုယ်တိုင်ဆုံးရှုံးခြင်းအပြု့ အမှုများပါလုပ်ဆောင်လာပါသည် ။
ဒါကြောင့် အိမ်တစ်အိမ် မိသားစုတွင် အရက်စွဲလန်းသူတစ်ဦးရှိနေပါက လူမှု့ ရေးနှင့် ကျန်းမာရေး ဆိုင်ရာနောက်ဆက်တွဲပြသနာဆက်လက်မဖြစ်ပေါ်စေရန်အတွက် အရက်ဖြတ်ခြင်း ကျန်းမာရေး ကုသဆောင်ရွက်ပေးမှု့ ကို အမျိုးသားကျန်းမာရေးအသိစိတ်ဖြင့် ကုသမှု့ ဆောင်ရွက်ပေးကြပါလို့  တိုက်တွန်းအပ်ပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ