ကလေးငယ်များတွင် ဖြစ်ပွားသောကင်ဆာကို လက်ဖက်စိမ်းက ကာကွယ်ပေးနိုင်


လက်ဖက်စိမ်းမှာပါဝင်တဲ့ ပစ္စည်းတစ်မျိုးဟာ ကလေးသူငယ် တွေ သေဆုံးမှုနှုန်းကို မြင့်တက်စေတဲ့ ကင်ဆာတွေကို ကာကွယ်ပေးနိုင် တယ်လို့ သုတေသနတစ်ရပ်မှာ ဖော် ပြထားပါတယ်။

ကင်ဆာရောဂါဆိုင်ရာ သုတေ သီ Dr.Orazio Vittorio က လက် ဖက်စိမ်းမှာ တွေ့ရှိရတဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်တဲ့ cate chin ဟာ ကလေးငယ်တွေမှာဖြစ် တတ်တဲ့ ကင်ဆာတစ်မျိုးဖြစ်တဲ့ neuroblastoma ကင်ဆာဆဲလ် တွေကို ၅၀%သေစေနိုင်ပါတယ်လို့ ပြောကြားလိုက်ပါတယ်။
ဒီလိုလေ့လာနိုင်ခဲ့တဲ့အတွက် Dr.Orazio Vittorioဟာ Kid's Cancer Project Award ဆုကို ရရှိခဲ့ပြီး ဒေါ်လာ၂သောင်းခွဲကို ဆုကြေးအဖြစ် လက်ခံခဲ့ပါတယ်။

 neuroblastoma ဆိုတဲ့ ကင်ဆာဟာ နို့စို့အရွယ်ကလေးငယ်တွေမှာ အဖြစ် အများဆုံး ကင်ဆာဖြစ်ပြီး အသက် ရှင်သန်ဖို့ အခွင့်အလမ်းနည်းပါးပါ တယ်။ လက်ဖက်စိမ်းမှာပါတဲ့ cate chin ကို ကင်ဆာကုထုံးဖြစ်လာနိုင်ဖို့ အတွက် မိမိတို့ကြိုးပမ်းနေပြီးဩစ တေးလျကလေးများ ကင်ဆာဆိုင်ရာ အင်စတီကျုနဲ့ ပူးပေါင်းသုတေသန ပြုနေတယ်လို့ Dr.Orazio Vittorio က ပြောကြားထားပါတယ်။
neuroblastoma အတွက် အသုံးပြုနေတဲ့ ကင်ဆာဆေးသွင်း ကုသမှုတွေကို အဆိုပါရောဂါက ယဉ်ပါးမှုရှိနေပြီလို့လဲ သိရပါတယ်။

သက်ကို
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ