Selfie ကို အရူးအမူးရိုက်တတ်လို့ မင်းသူငယ်ချင်းတွေရဲ့ ဆူပူခြင်းကို ခံနေရပါသလား ?


Selfie ကို အရူးအမူးရိုက်တတ်လို့ မင်းသူငယ်ချင်းတွေရဲ့ ဆူပူခြင်းကို ခံနေရပါသလား ? နောက်တစ်ကြိမ် သူတို့က မင်းကို ဆူပူတဲ့အခါ selfie ဆွဲခြင်းဟာ မင်းရဲ့ ခန္ဓာကိုယ် အလေးချိန် လျှော့ချရာမှာ အကူအညီပေးတယ်လို့ သိပ္ပံနည်းကျ သက်သေပြုပြီးကြောင်း သူတို့ကိုပြောပြလိုက်ပါ။
Columbia တက္ကသိုလ်တစ်ခုရဲ့ လေ့လာသူတွေက အလေးချိန်လျော့ချနေတဲ့ ဝနေတဲ့လူ ၂၇၁တစ်ယောက်ကို အုပ်စုခွဲ လေ့လာခဲ့ ကြပါတယ်။ အစားချင့်ချိန်စားသောက်ကြသူတွေရဲ့ တိုးတက်မှုကို ၁၆ပတ်ကြာအောင် တိုင်းတာချက်များ ၊ လှုံ့ဆော်ချက်များနဲ့ အတူ အပတ်စဉ်တိုင်းမှာ ပါဝင်သူတွေရဲ့ ခန္ဓာကိုယ်အပြည့် ဓာတ်ပုံတွေ ရိုက်ယူခဲ့ကြပါတယ်။
သူတို့တွေ တွေ့ရှိတာကတော့ ဓာတ်ပုံတွေဟာ ခန္ဓာကိုယ်အလေးချိန်လျှော့ချသူတွေအတွက် သူတို့ရဲ့ တိုးတက်မှုကိုမြင်ရစေပြီး ပိုမို လှုံ့ဆော်တွန်းအားပေးမှု ဖြစ်စေပါတယ်။ သူတို့ရဲ့ မျက်လုံးနဲ့ သူတို့ဓာတ်ပုံကို မျက်ဝါးထင်ထင်မြင်ရတဲ့အခါ သူတို့ ကျခဲ့တဲ့ချွေးစက်တွေဟာ ပိုမိုထိုက်တန်လာပါတယ်။ ဓာတ်ပုံတစ်ပုံဟာ သင့်ရဲ့ ကိုယ်အလေးချိန်လျှော့ချဖို့ ရိုးရှင်းပြတ်သားတဲ့ မြင်ကွင်းကိရိယာ တစ်ခုပါပဲ။ သူက မင်းရဲ့ ခန္ဓာကိုယ် ဘယ်လိုအချိုးအစားရှိတယ် ဆိုပြီး အကြံဥာဏ်တွေပေးတယ် လို့ ခံစားရစေပါတယ်။

တကယ်လို့ မင်းဟာ မင်းရည်ရွယ်တဲ့ ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲမှုကို ရရှိနေပြီဆိုရင်တောင် မင်းခန္ဓာကိုယ်ဟာ နှစ်အတော်ကြာအောင် ဘယ်လိုကြီးထွား ပြောင်းလဲလာခဲ့လည်း ဆိုတဲ့ အချက်က အံ့အားသင့်စရာပါ။ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒါကို မင်းသိနိုင်ဖို့က မင်းဟာ selfie တွေ ဆွဲပြီး မင်းရဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုကို နှိုင်းယှဉ်ကြည့်နေမှပဲ သိသာနိုင်မှာပါ။ အဲ့ဒီပြောင်းလဲမှုက မင်းကို ပိုမိုတက်ကြွစွာ ကိုယ်အလေးချိန်လျှော့ချစေချင်လာမှာ ဖြစ်ပါတယ် ။ selfie လေး ဆွဲလိုက်ပါ ။

Ref -www.indiatimes.com
ညီ ( ဆေး ၂ )
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ