ကောင်းမွန်စွာ အိပ်စက်နိုင်အောင် ကူညီပေးနိုင်တဲ့ အစားအစာများ


 အိပ်ရေးမဝခြင်းဟာ တစ်နေ့တာလုံးရဲ့လုပ်ငန်းဆောင်တာများမှာ အနှောင့်အယှက်ပေးနိုင်ပြီး စိတ်မကြည်မလင်ဖြစ်ရတာကြောင့် နေ့စဉ် အိပ်ရေးဝဝ အိပ်စက်နိုင်ဖို့ လိုအပ်ပါတယ်။ အကယ်၍ ညဘက်တွေမှာ အလွယ်တကူ အိပ်မပျော်နိုင်ဘူးဆိုရင်တော့ သင့်ကိုအိပ်ပျော်သွားအောင် ကူညီပေးနိုင်မယ့် အစားအစာတွေကို စားသုံးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

  ပထမဆုံး ပြောပြပေးချင်တဲ့ အစားအစာကတော့ ငှက်ပျောသီးပါ။ ငှက်ပျောသီးမှာမှ အေးစက်တဲ့ ငှက်ပျောသီးဖြစ်နေရင် ပိုအဆင်ပြေပါတယ်။ ငှက်ပျောသီးမှာ ပိုတတ်ဆီယမ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်နေပြီး ဒီဓါတ်က လူကိုအလျင်အမြန် အိပ်ပျော်သွားအောင် ကူညီပေးနိုင်တဲ့အပြင် ဘာအကြောင်းပြချက်မှမရှိပဲ ညည့်နက်သန်းခေါင် အိပ်ရာမှနိုးခြင်းတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။

  နောက်တစ်ခု သရက်သီးရှိတ်ပါ။ သရက်သီးတွေမှာ Antioxidants ၊ အသားဓါတ်တွေနဲ့ ဗီတာမင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်နေတဲ့အပြင် ကိုယ်အတွင်းမှာရှိတဲ့ သကြားဓါတ်ပါဝင်နေမှုကို လျော့ချပေးနိုင်တာကြောင့် ကောင်းမွန်စွာအိပ်စက်စေနိုင်ဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။

 နောက်ဆုံးပြောပြပေးချင်တဲ့ အစားအစာတစ်ခုကတော့ အဆီမပါတဲ့ ပြောင်းဖူးပေါက်ပေါက်ဖြစ်ပါတယ်။ ထောက်ပတ်မပါတဲ့ ပြောင်းဖူးပြောင်းပြောင်း ညဘက်အစာပြေအဖြစ် ရွေးချယ်စားသောက်နိုင်သလို သူ့မှာပါဝင်တဲ့ အာနိသင်တစ်မျိုးကြောင့် ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပြီး မနက်ခင်းတွေမှာလည်း လူကိုလန်းဆန်းစေနိုင်ပါတယ်။ ဒါဆို ဒီအစားအစာတွေကို စားသုံးရင်းနဲ့ ညတိုင်းညတိုင်း ကောင်းမွန်စွာ အိပ်စက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာ။

( VitamiN )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : Ba-bamail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ