ကာဗိုဟိုက်ဒရိတ်၏ အကျိုးအပြစ်များ


ကာဗိုဟိုက်ဒရိတ်ဟာ လူသားအားလုံးအတွက် မရှိမဖြစ်တဲ့အရာပါ ။ သို့ သော် အရေးကြီးဆုံးအချက်က လူကို ကောင်းကျိုးပြု သော ကာဗိုဟိုက်ဒရိတ် နှင့် ဆိုးကျိုးဖြစ်စေသော ကာဗိုဟိုက်ဒရိတ် တို့ ကို ခွဲခြားသိနားလည်တတ်ဖို့  လိုပါတယ် ။ ကောင်းမွန်တဲ့ ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ခြင်း ၊ ရောင့်ရဲတင်းတိမ်လွယ်ခြင်း ၊ ဗိုက်ထဲမှာကြာကြာခံတာ ကြောင့် နောက်ထပ် အစာစားချင်စိတ်ကို ချိုးနှိမ်ပေးထားနိုင်ခြင်း ၊ သွေးထဲရှိ ကိုလက်စထရောကို ချပေးနိုင်ပြီး နှလုံးရောဂါ အမျိုးမျိုးတို့ မှ ကာကွယ်ပေးနိုင်ခြင်း စသဖြင့် ကောင်းကျိုးပြုပါတယ် ။
ကောင်းကျိုးပြုသော ကာဗိုဟိုက်ဒရိတ် ဆိုတာ ဘာကိုခေါ်ပါသလဲ ?
ကာဗိုဟိုက်ဒရိတ်(carbohydrates)ကို ဆေးသိပ္ပံနည်းအရ “carbs” ဟု အတိုကောက် ခေါ်ဝေါ်လေ့ ရှိပါတယ် ။ The University of Maryland Medical Center မှ လေ့လာစမ်းစစ်မှု မှတ်တမ်းများအရ ၊ အရွယ်ရောက်ပြီးသူတစ်ဦး၏ တစ်နေ့ တာ စားသောက် လိုက်သော အစားအစာတွေမှ ကာဗိုဟိုက်ဒရိတ် စုစုပေါင်း ၄၀ မှ ၆၀ ရာခိုင်နှုန်းအထိ ရရှိနိုင်ပါတယ်တဲ့ ။ ကောင်းမွန်သော carbs ဆိုသည်မှာ အာဟာရတန်ဖိုးမြင့်မားသော အစားအစာတွေဖြစ်ပြီး ၊ သင့်တင့်တဲ့ ကယ်လိုရီမျှသာပါရှိကာ ၊ ၄င်းတို့ ကို စားသုံး ပြီးနောက် တင်းတိပ်ရောင့်ရဲစေကာ နောက်ထပ် အစာစားချင် စိတ်ကိုလည်း ချက်ချင်း မဖြစ်စေနိုင်တော့ပါဘူး ။ တနည်းပြောရရင် Good carbs ဆိုသည်မှာ လူသားတို့ အတွက် မရှိမဖြစ် လိုအပ်နေသော အာဟာရများဖြစ်ကြတဲ့ အမျှင်ဓာတ် ၊ ပရိုတင်းဓာတ် ၊ ကျန်းမာသော အဆီဓာတ်များ ၊ ဗီတာမင် နှင့် သတ္တုဓာတ်များ ဖြစ်ကြပါတယ် ။ အမျှင်ဓာတ်မြင့်မားတဲ့ အစားအစာတွေက သွေး ထဲရှိ သကြားဓာတ် နှင် အင်ဆူလင် ပမာဏကို နှိမ့်ချပေးရုံသာမက ၊ မကောင်းသော LDL ကိုလည်း နှိမ့် ချပေးနိုင်ပါတယ် ။ ဒါ့ပြင် အမျှင်ဓာတ်ပါတဲ့ အစာတွေထဲမှာ ကယ်လိုရီပါဝင်မှု နည်းပါးတာကြောင့်လည်း ကိုယ်အလေးချိန် မတက်စေပါဘူး ။ အမျှင်ဓာတ်က ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး ၊ ကင်ဆာရောဂါ များမှလည်း ဟန့် တားပေးနိုင်ပါတယ် ။ အရွယ်ရောက်ပြီး သူတစ်ဦးဟာ နေ့  စဉ် အမျှင်ဓာတ် ၃၅ မှ ၅၀ ဂရမ်ထိ စားပေးသင့်ကြောင်း နိုင်ငံတကာရှိ အာဟာရဆိုင်ရာ သုတေသီများက အကြံပြု ထားပါတယ် ။ Good carbs အစားအစာတွေထဲမှာ ဆိုဒီယမ် ပါဝင်မှုနည်းပါတယ် ။ ကိုလက်ထစရော ပါဝင်မှု အင်မတန် နည်းပါတယ် (သို့ ) ကိုလက်ထစရော လုံးဝ မပါရှိပါဘူး ။ ဒါကြောင့် Good carbs တွေဟာ ခန္ဓာကိုယ် ထဲရောက်သွားတဲ့အခါ “ အဆီ ” အဖြစ် ပြောင်း လဲခြင်း မရှိတော့ပါဘူး ။ ၄င်း carbs တွေကို အနက်ရောင်ပဲစေ့များ ၊ ပဲ ထောပတ် ၊ ပဲနီကလေး ၊ ပဲပိစပ် ၊ ကုလားပဲ ၊ အဆီနည်းသော နွားနို့ ၊ အဆီနည်းသော ဒိန်ချဉ် ၊ ပဲနို့ ရည် ၊ အညိုရောင် ကွေကာ အုတ်အကြမ်း ၊ ဆန်လုံးညို ၊ ပေါင်မုန့်ကြမ်း တို့  မှ ရရှိနိုင်ပါတယ် ။ နေကြာစေ့၊ ဗာဒံစေ့၊ ရွှေဖရုံစေ့ စတဲ့ အစေ့အဆံလေး များမှလည်း carbs အနည်းငယ်ကို ရရှိနိုင်ပါတယ် ။

ဆိုးကျိုးဖြစ်စေသော ကာဗိုဟိုက်ဒရိတ် ဆိုတာဘာလဲ ?
သကြားအနည်းငယ်ပါသော အစားအစာတွေဟာ ဆိုးကျိုးဖြစ်စေသော ကာဗိုဟိုက်ဒရိတ်များဘဲ ဖြစ်ပါတယ်။ အဲဒီလို အစား အစာတွေက လူကိုတင်းတိမ်ရောင့်ရဲမှုမရှိနိုင်ပါဘူး ။ ပြန်လည်ပြုပြင် ထားသော ကောက်နှံ အစား အစာတွေ နှင့် သကြား(အချို) တွေ မဖြစ်ရပါဘူး ။ အဲဒီအစားအစာတွေထဲမှာ ကယ်လိုရီ ၂၀ ရာခိုင်နှုန်း နှင့်အထက် ပါဝင်နေပါတယ် ။ ၄င်းအစားအစာတွေကို နေ့ စဉ် စားသုံးမိပါက သွေးထဲမှာ သကြားဓာတ် တွေစုဝေးလာကာ အ၀လွန်ခြင်း နှင့် ဆီးချိုရောဂါ အမှတ်-၂ ကို ဖြစ်လာ စေပါမယ် ။ သကြား ပါဝင်သော ဆိုဒါ နှင့် ကာဗွန်ဓာတ်ငွေ့ ပါသော ဘိလပ်ရည် နှင့် အချိုရည်အမျိုးမျိုး ၊ ဒိုးနတ်မုန့် များ ၊ ဂျုံမုန့် ညက် နှင့် ထောပတ်တို့ ကို ရော၍ ဖုတ်ထားသော မုန့် များ ၊ ကွတ်ကီး ၊ သကြားလုံး ၊ ကပ်စေးနှဲ ၊ ဖြူဆွတ်ဆွတ် သကြားမှုန်များ ၊ ခရက်ကာများ ၊ အာလူးအကျွတ်ကြော် ၊ ဆီကြော်မုန့် အမျိုးမျိုး ၊ ဖြူဖွေးနေအောင် ပြုပြင်ထားသော ဆန် နှင့် ပေါင်မုန့်ဖြူ တို့ ဟာ ဆိုးကျိုးဖြစ်စေသော ကာဗိုဟိုက်ဒရိတ် ပါဝင်တဲ့ အစားအစာများပဲ ဖြစ်ကြပါတယ် ။ ၄င်း Bad carbs တွေမှာ အမျှင်ဓာတ်ပါဝင်မှု နည်းပါးပြီး ၊ အာဟာတန်ဖိုးလည်း နည်းပါတယ် ။ လူကို ဘေးဖြစ်စေတဲ့ ပြည့်ဝဆီများ နှင့် ဆိုဒီယမ် ပါဝင်မှု လွန်စွာများပါတယ် ။ ဒါ့ပြင် Bad carbs တွေက ကိုလက်စထရောများပြီး၊ ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါ အဆီအဖြစ်ပြောင်းလဲ သွားပါတယ် ။

ရောရိရောရာ ကာဗိုဟိုက်ဒရိတ် ဆိုတာဘာလဲ ?
ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာများကို ရောရိရောရာ ကာဗိုဟိုက်ဒရိတ် ( Complex Carbs ) လို့  ဆေးသိပ္ပံနည်းအရ ခေါ်ဆို ကြပါတယ်။ ကစီဓာတ်ထဲမှာ အမျှင်နဲ့ ပရိုတင်းတွေ မြင့်မားစွာ ပါရှိနေ တာကြောင့် အစာကျေညက်စေဖို့ အချိန်တော်တော် ပေးရ ပါတယ် ။ ဒါကြောင့်လည်း Complex Carbs တွေကို ကျန်းမာရေးနဲ့ မညီညွတ်ဖူးရယ်လို့  လူအများစုက ထင်မှတ်မှား နေကြ ပါတယ် ။ တကယ်တော့ Complex Carbs တွေမှာ (က) ကျန်းမာရေးအတွက် ကောင်းကောင်း အထောက် အပံ့ဖြစ်စေတဲ့ Healthy Complex Carbs နှင့် (ခ) ကျန်းမာရေးကို အနည်းငယ်မျှသာ အထောက် အပံ့ဖြစ်စေတဲ့ Less Healthy Complex Carbs ဟူ၍ နှစ်မျိုးရှိပါတယ် ။ The University of Maryland Medical Center မှ အကြံပြုချက်အရ (က) ပြောင်းဖူး ၊ စားတော်ပဲ ၊ ပဲသီး ၊ အာလူး တို့ က Healthy Complex Carbs ဖြစ်ကြပြီး (ခ) ဖြူဖွေးနေအောင် ပြုပြင်ထားစေသာ ဆန် နှင့် ပေါင်မုန့်ဖြူ တို့  ဟာ Less Healthy Complex Carbs တို့ ဖြစ်ကြပါတယ် ။

good carbs ကိုရွေးမလား ? bad carbs ကိုရွေးမလား ?
ကိုင်းဒါဖြင့် ကာဗိုဟိုက်ဒရိတ်၏ အကျိုးအပြစ်ကို ခွဲခြားသိကြပြီဆိုရင် ၊ သင့်ရဲ့  တစ်နေ့ တာ စားသောက်မှု ပုံစံကို အောက်ပါ နည်းလမ်း ( ၇ ) သွယ်ဖြင့် ရွေးချယ်ကြရအောင် ။ သွေးထဲတွင် သကြားပမာဏမြင့်တက်ခြင်းကလည်း ကာဗိုဟိုက်ဒရိတ်ပြဿ နာဖြင့် ဆက်စပ်မှုရှိနေ၍ မပေါ့ဆသင့်ပါဘူး ။
(၁) နံက်စာကို ကောက်နှံတွေဖြင့် စတင်လိုက်ပါ ။
တစ်ပန်းကန်စာ ပမာဏရှိသော အပူပေးချက်ပြုတ်ထားတဲ့ ဆန် ၊ ပြောင်း ၊ ဂျုံ၊ ကွေကာအုတ် ထဲမှာ ကျန်းမာရေးနဲ့  ညီညွတ်တဲ့ အမျှင်ဓာတ်တွေ ပါရှိနေပြီး၊ ကျန်းမာရေးကိုဆိုးကျိုးဖြစ်စေတဲ့ သကြား(အချို)ဓာတ် ပါဝင်မှု လွန်စွာနည်းပါတယ် ။
(၂) ဖျော်ရည်မသောက်ဘဲ သစ်သီးစားပါ ။
အလတ်စား လိမ္မော်သီးတစ်လုံး နှင့် ၁၂ အောင်စရှိသော လိမ္မော်ရည် တစ်ဖန်ခွက်တို့ ကို နှိုင်းယှဉ် ကြည့်ပါက ၊ လိမ္မော်သီးက အမျှင်ဓာတ်ပါဝင်မှု ၂-ဆ မျှပိုနေပြီး ၊ သကြား(အချို) ဓာတ်က လိမ္မော်ရည်ထက် ထက်ဝက်မျှ လျော့နည်းပါတယ် ။
(၃) အာလူး အစား ပဲစေ့များကို ရွေးချယ်ပါ ။
အာလူး နှင့် ပဲသီး နှစ်မျိုးစလုံးဟာ Healthy Complex Carbs ဖြစ်ကြတာကြောင့် ကျန်းမာရေးနဲ့  ညီညွတ်သည်မှာ မှန် သော် လည်း ၊ အာလူးက ကိုယ်အလေးချိန်ကို တက်စေပါတယ် ။ ကုလားပဲ ကဲ့သို့ သော ပဲများကတော့ အစာကျေညက်လွယ်ပြီး ၊ ပရိုတင်းဓာတ်ဖြည့်ပေးနိုင်ပါတယ် ။
(၄) အပြင်မှာမစားဘဲ အိမ်မှာစားပါ ။
အပြင်စာများ နှင့် fast foods တွေက စားကောင်းအောင် ဖန်တီးထားတာကြောင့် အရသာရှိစေသော်လဲဘဲ ၊ အချို(သကြား)များ ၊ အငန် (ဆိုဒီယမ်) များ နှင့် ဆီတွေများစွာ ပါရှိနေတာကြောင့် ကျန်းမာရေးနဲ့  မညီညွတ်စေတော့ပါဘူး ။ ဒါကြောင့် ငွေကုန်လည်း သက်သာ ကျန်းမာရေးအတွက်လည်း ကောင်းစေဖို့  မိမိဖာသာ အိမ်မှာ ချက်ပြုတ်စားတဲ့ အကျင့်ကောင်းကို ကြိုးစားမွေးမြူပါ ။
(၅) Do & Don’t ကို ခွဲခြားသိမြင်ပါစေ ။
(က) ဒိန်ချဉ်ကဲ့သို့  ကျန်းမာရေးနှင့်ညီသော ဘက်တီးရီးယားများပါဝင်သည့် အစားအစာများကို Do လိုက်ပါ/စားပေးပါ ။ ဒိန်ချဉ် က အစာခြေဖျက်မှုအားကောင်းလာပြီး သွေးထဲရှိ သကြားပမာဏကို ထိန်းသိမ်းပေးနိုင်ပါတယ် ။
(ခ) ပီဇာကဲ့သို့  ကာဗိုဟိုက်ဒရိတ်နှင့် အဆီပါဝင်မှုများသော အစားအစာများ ၊ အယ်လ်ကိုဟောပါသော အဖျော်ယမကာ နှင့် အချိုရည်များ ကို Don’t မစားသောက်ပါနှင့် ။ ၄င်းတို့ က သွေးထဲရှိ သကြား ပမာဏကို မြင့်တက်စေပါတယ် ။
(ဂ) ဥပမာ စပျစ်သီးခြောက်တို့ လို သစ်သီးခြောက်တွေက ကျန်းမာရေးနှင့်ညီညွတ်စေတာ မှန်သော်လည်း ၊ ကာဗိုဟိုက်ဒရိတ် မြင့်မားစွာပါဝင်နေတာကြောင့် အများအပြား မစားသင့်ပါဘူး ။
(၆) အချိုရည်ထက် ရိုးရိုးရေကိုသာ သောက်ပါ ။
ပြင်းထန်သော အားကစားနည်းများကစားရခြင်း (သို့ ) အလုပ်ပင်ပန်းနွမ်းနယ်ခြင်းတို့ ကြောင့် အားဖြည့် အချိုရည်သောက်ရန် လိုအပ်နိုင်သော်လည်း ၊ ယင်းအချိုရည်အချို့ တွင် ဆိုဒါကဲ့သို့  သကြားပမာဏ အများအပြားပါဝင်နေကြပါတယ် ။ ဒါကြောင့် အချိန် တစ်နာရီ မပြည့်သော လေ့ကျင့်ခန်း များ ပြုလုပ်ခြင်း အတွက် ရိုးရိုးရေကိုသာ သောက်သုံးသင့်ပါတယ် ။
(၇) သတိရှိပါ ။
မ,ဟော်မုန်းပါဝင်သော သန္ဓေတားဆေးများကြောင့်လည်း သွေးထဲရှိ သကြားပမာဏ ကို မြင့်တက်စေပါတယ် ။ ဒါ့ပြင် အင်ပျဉ် ထခြင်း ၊ အဆစ်အမြစ်ရောင်ခြင်း ၊ ပန်းနာရင်ကျပ်ဖြစ်ခြင်း တို့ အတွက် ကုသသော ဆေးဝါးအချို့ ကြောင့် သကြားဓာတ်ပမာဏကို မြင့်တက်စေနိုင်ပါတယ် ။

(ဆောင်းပါးရှင်…. ပေါက်ပေါက်…ရေးသားမျှဝေသည်)
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ