အကောင်းမြင်တတ်သောအကျင့်က အမျိုးသမီးများကိုအသက်ပိုရှည်စေနိုင်


အရာရာတွင် အဆိုးကိုသာ ရွေးချယ်ရှုမြင်တတ်သော အကျင့်ကိုဖျောက်၍ ကောင်းသော အဖြစ် အပျက်များ ဖြစ်လာလိမ့်မည်ဟု အကောင်းမြင်တတ်သော အကျင့်ကို လေ့ကျင့်ပျိုးထောင်နိုင်လျင် အမျိုးသမီးများ အသက်ပိုရှည်နိုင်မည် ဖြစ်ကြောင်းအမေရိကန်သုတေသီများကပြောသည် ။
သုတေသီများသည် အမျိုးသမီးပေါင်းအယောက် ၇၀၀၀၀ ထက်မနည်းကို ၂၀၀၄ မှ ၂၀၁၂ အထိ (၈)နှစ်ကြာအောင် စောင့်ကြည့်လေ့လာခဲ့ပြီးနောက် အကောင်းမြင်ဝါဒီအမျိုးသမီးများအနေဖြင့် လူမျိုး ၊ အရပ် ၊ သွေးပေါင်ချိန် ၊ စားသောက်မှုပုံစံ ၊ ကိုယ်လက်လှုပ်ရှားမှု အစရှိသည်တို့  မည်သို့ ပင်ရှိစေကာမူ အဆိုးမြင်ဝါဒီအမျိုးသမီးများထက် အသက်ပိုရှည်နိုင်သည်ကို တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အကောင်းမြင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကြောင့် လေဖြတ်ပြီးသေဆုံးတာ ၊ အသက်ရှူ လမ်းကြောင်း ရောဂါဖြစ်တာ ၊ ဗက်တီးရီးယားကူးစက်တာ ၊ ကင်ဆာဖြစ်ပွားတာ အစရှိ တာတွေ ကို လျှော့ချပေးနိုင်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ အကောင်းမြင်တတ်သူတွေက ဘ၀ကိုလည်း ကျန်းမာစွာ နေထိုင်လေ့ရှိပါတယ် ။ သူတို့ ဟာကိုယ်လက်လှုပ် ရှားမှုကိုလည်း ပိုလုပ်လေ့ရှိပြီး အစားအစာရွေးချယ်ရာမှာလည်း ကျန်းမာရေးနဲ့  ညီညွှတ်တဲ့အစားအစာကို ဦးစားပေး ရွေး ချယ်လေ့ရှိပါတယ် ။ ဒါ့အပြင် အရည်အသွေးပြည့်ဝတဲ့အိပ်စက်ချိန်ကိုလည်း ရရှိကြတဲ့အတွက် သူတို့ တတွေဟာ အသက်ပိုရှည်နိုင်ကြခြင်းဖြစ်ပါတယ် ဟုဘော်စတွန်မြို့ အခြေစိုက် ဟားဗတ်ပြည်သူ့  ကျန်းမာရေးသင်တန်းကျောင်း မှ သုတေသီတစ်ဦးဖြစ်သူ အဲရစ်ကင်မ် က ပြောပြသည် ။
ဘ၀ကို တက်ကြွစွာနေထိုင်သူတွေ ၊ အကောင်းမြင်တတ်သူတွေရဲ့  အကျင့်ကောင်းတွေက ဇီဝကမ္မဖြစ်စဉ်တွေ အပေါ်ကိုလည်းအကျိုးသက်ရောက်ပါတယ် ။ အရာရာကို အကောင်းမြင်ပြီး တက်ကြွနေတဲ့အတွက် အကျင့်ဆိုးတွေကို မလုပ်ဖြစ်ဘဲ အကျင့်ကောင်းတွေကိုသာ လေ့ကျင့်မိတတ်တဲ့ အတွက် အဆစ်အမြက်ရောင်နာတာတွေ ၊ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောပမာဏတက်တာတွေ ၊ ဆဲလ်ပျက်စီးတာတွေကိုသိသိသာသာလျှော့ချနိုင်တာကိုတွေ့ ရပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။

အကောင်းမြင်တတ်သူတွေဟာ ပြဿနာတွေဖြစ်လာရင်လည်း သပ်သပ်ရပ်ရပ်ကိုင်တွယ်နိုင်ကြပါတယ် ။ ဘ၀ရဲ့ စိန် ခေါ်မှုတွေနဲ့  ကြုံလာတဲ့အခါမျိုးတွေမှာ ပြောင်းလဲနိုင်တာကိုပြောင်းလဲမယ် ၊ မပြောင်းလဲ နိုင်တာကို လက်ခံမယ် ၊ အဲဒီလိုမျိုးစိန်ခေါ်မှုတွေနဲ့  ထပ်ကြုံလာရင် ဘယ်လိုဘယ်ပုံဖြေရှင်းမယ် အစရှိတာ  တွေကို သူတို့ တတွေကစဉ်းစားမိတတ် ကြပါတယ် ။ ဒါကြောင့် အရာရာကို အဆိုးမြင် သူတွေက ပြဿနာလေး နည်းနည်းလေးအပေါ် ဆွေ့ ဆွေ့ ခုန်နေတဲ့အချိန်မှာ အကောင်းမြင်တတ် သူများကတော့ အပြုံးမပျက်ဘဲရှိနေနိုင်ကြတာပါ ဟု ၄င်းက ဖြည့်စွက်ရှင်းပြသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ