ဆေးလိပ်ကိုတစ်ရက်တစ်လိပ်နှုန်းသောက်လျင်ပင် အသက်တိုနိုင်ခြေ မြင့်မား


ဆေးလိပ်ကိုတစ်ရက်လျင်တစ်ဗူးသောက်သူများသည် ကင်ဆာရောဂါမျိုးစုံ ရနိုင်ခြေမြင့်မားပြီး ပုံမှန်နေထိုင်နိုင်မည့် အသက်ထက် များစွာတိုတောင်းသွားနိုင်ရာဝယ် တစ်ရက်လျက်ဆေးလိပ် တစ်လိပ်သာသောက်သုံးသူများသည်လည်း အသက်တိုနိုင်သည်ပင်ဖြစ်ကြောင်း အမေရိကန် သုတေသီများ ကပြောသည် ။ ဆေးလိပ်ကို ဘယ်လောက်ထိလျှော့သောက်ရင် ကျန်းမာရေး နဲ့  ညီညွှတ်သွားတယ် ဆိုတာမျိုးမရှိပါဘူး ။ တစ်ရက်ကို တစ်လိပ်သောက်ရင်ကို အသက်တိုနိုင်ခြေက မြင့်မားနေပါပြီ ။ တစ်ရက်ကို တစ်လိပ်မပြောနဲ့  ၊ နှစ်ရက်ကိုတစ်လိပ် သောက်ရင်တောင် အသက်တို နိုင်ခြေ မြင့်မားပါတယ် ။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် သောက်သုံးသူ ကိုမျှမကဘဲ သူ့ ပတ်ဝန်းကျင်က လူတွေအားလုံးကို ထိခိုက်စေတဲ့အတွက် ပြည်သူ့ ကျန်းမာရေးရဲ့ နံပါတ်တစ်ရန်သူကြီးဖြစ်ပါ တယ်။

ကမ္ဘာတစ်ဝန်းမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် သေဆုံးသူဦးရေဟာ တစ်နှစ်ကို ၅သန်းထက် မနည်းရှိပါတယ်ဟု သုတေသီတစ်ဦးကရှင်းပြသည် ။ ဆေးလိပ်သောက်သူ အများစုကိုယ်၌ ကလည်းဆေးလိပ်၏ အပြစ်ကိုသိကြောင်း ၊ ထို့ ကြောင့် နောက်ပိုင်းတွင် ၄င်းတို့  ကလည်း  ဆေးလိပ် ကိုလျှော့သောက်ရန် ကြိုးပမ်းလာ ခဲ့ကြခြင်းဖြစ်ကြောင်း ၊ ဆေးလိပ်သောက်ခြင်းကိုလျှော့ချခြင်းကြောင့် အကျိုးထူးသည်မှာ မှန်သော်လည်း အသက်တိုတောင်းနိုင်ခြေမှာ ကျန်ရှိနေဦးမည်ပင်ဖြစ်ကြောင်း ၊ ဖော်ပြခဲ့ သည့်အတိုင်းဆေးလိပ်ကိုနှစ်ရက်တစ်လိပ်နှုန်းသောက်လျင်ပင် အသက်တိုနိုင်သေး သည်ဖြစ်သည့် အတွက် ဆေးလိပ်သောက်ခြင်းကို အပြီးအပိုင်ဖြတ်နိုင်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်

။ ဆေးလိပ်သောက်ခြင်း၏ အပြစ်ကိုပို၍ တိကျစွာသိရှိနိုင်ရန် သုတေသီများကအသက် ၅၉ နှစ်မှ ၈၂ အရွယ် လူ ၂၉၀၀၀၀ ထက်မနည်းကိုလေ့လာဆန်းစစ်ခဲ့ကြောင်း ၊ ၄င်းတို့ အနက် ၂၂၀၀၀ ဦးမှာ လက်ရှိဆေးလိပ်သောက်သူများဖြစ်ပြီး ၁၅၆၀၀၀ ဦးမှာယခင်ကဆေးလိပ်သောက်ခဲ့ သူများဖြစ်ကြောင်း ၊ ၄င်းတို့ ကို ၂၀၀၄ နှင့် ၂၀၀၅ တွင် အပြီးလေ့လာဆန်းစစ်ပြီး ၂၀၁၁ ခုနှစ်အထိ ဆက်လက်စောင့်ကြည့် ကာဆေးလိပ်မသောက်သူများ နှင့် နှိုင်းယှဉ် သုံးသပ်ခဲ့ကြောင်း ၊ ထိုအခါ ဆေးလိပ်ကို တစ်ရက် လျင်တစ်လိပ် သာသောက်သူများသည်ပင် အသက်တိုနိုင်ခြေ ၆၄ ရာခိုင်နှုန်းပို၍မြင့်မားခဲ့သည် ကိုတွေ့ ရှိ ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ။ တစ်ရက်လျင်ဆေးလိပ် (၁၀)လိပ်သောက်သူများစောစီးစွာ သေဆုံးနိုင်ခြေ ၈၇ ရာခိုင်နှုန်းရှိကြောင်း ၊ သေဆုံးနိုင်ခြေဟူသည် မှာဆေးလိပ်သောက်ခြင်းကြောင့်ဖြစ် ပွားသော ရောဂါမျိုးစုံကိုဆိုလိုကြောင်း ၊ အထူးသဖြင့် အဆုပ်ကင်ဆာဖြစ်ပွားကာသေဆုံးနိုင်ခြေ မှာဆေးလိပ်ကို တစ်ရက်လျင်တစ်လိပ်သောက် သူထက် (၉)ဆပို၍ များကြောင်း သိရသည် ။


ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ