မိမိ၏လက်တွဲဖော်သေဆုံးသွားခြင်းကြောင့်နှလုံးရောဂါဖြစ်နိုင်ချေပိုများနေ


မိမိချစ်ခင်မြတ်နိုးရသော သူများ ကွယ်လွန်တိမ်းပါး သွားသည့် အချိန်တွင် စိတ်ခံစားမှုပိုင်း ဖိစီးမှုများ ၀မ်းနည်းပူဆွေးမှုများစွာ ကြုံတွေ့ရပါသည် ။ စိတ်ထောင်းတော့ ကိုယ်ကြေဆိုသလို စိတ်ကျန်းမာရေး ထိခိုက်မှုများသည် နှလုံးသွေးကြော ဆိုင်ရာပြဿနာများစွာ  ဖြစ်စေနိုင်သည် ။

မိမိ၏ လက်တွဲဖော် သေဆုံးပြီး နောက်တစ်နှစ်ကြာကာလ အထိနှလုံးခုန်နှုန်း ပုံမမှန်ဖြစ်နေခြင်း အန္တရာယ်ပိုများသည်ဟု လေ့လာမှုအသစ်တစ်ခု က ဆိုထားပါသည် ။ နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်နေခြင်း (irregular heartbeat) သည်လေဖြတ်ခြင်းနှင့်နှလုံးရောဂါ (heart failure) များ အတွက်ဖြစ်စေနိုင်သည့် အကြောင်း အရင်း တစ်ခုပင်ဖြစ်သည် ။

မိမိ၏ ခင်ပွန်း သို့မဟုတ်ဇနီး သေဆုံးပြီး နောက်ရက် ၃၀ အတွင်း atrial fibrillation ဟု ခေါ်သည် ။ နှလုံးခုန်နှုန်း မူမမှန်သည့်အမျိုး အစားတစ်မျိုးအား ပထမဆုံးအကြိမ် အဖြစ်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်မှာ ၄၁ ရာခိုင်နှုန်းပိုမိုများပြား သည်ဟု ဆိုပါသည် ။ အထူးသဖြင့်လက်တွဲဖော်ကွယ်လွန်ပြီး ၈ ရက်မြောက်နေ့မှ ၁၄ ရက်မြောက်နေ့အထိ atrial fibrillation ဖြစ်ပွားရန် အန္တရာယ်အများဆုံး အချိန်ဖြစ်သည် ။ သုတေသနပညာရှင်များမှ ၎င်းင်းတို့၏ လေ့လာမှုမှာစောင့်ကြည့်ခြင်းပုံစံသာဖြစ်ပြီး ယင်းကဲ့သို့ဖြစ်ရသည့် အကြောင်းအရင်းဖြစ်စဉ်ကို တိကျစွာ ပြောနိုင်ခြင်း မရှိပဲ ဆက်လက်လေ့လာမှုများ လိုအပ်ဦးမည်ဟု ပြောကြားခဲ့ပါသည် ။

Health Updates Journal
Dr. A.Z
https://www.facebook.com/HealthUpdatesJournal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ