ချောကလက်စားခြင်းက မှတ်ဥာဏ်စွမ်းအား တိုးတက်စေ


ချောကလက်ဟာ ခန္ဒာကိုယ်အတွက်သာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက်ပါ အထောက်အကူ ပြုတယ်လို့ သိရပါတယ်။ ကိုကိုးပါဝင်တဲ့ ချောကလက်တွေ စားသုံးတာဟာ ဥာဏ်ရည်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်း တိုးတက်စေပြီး မှတ်ဥာဏ်ချွတ်ယင်းမှု ဖြစ်နေတဲ့ သက်ကြီးပိုင်းများအား သွေးပေါင်ချိန် တက်လာစေတယ်လို့ လေ့လာမှုက ဖော်ပြထားပါတယ်။

မှတ်ဥာဏ်ချွတ်ယွင်းမှု အနည်းငယ်ဖြစ်နေတဲ့ သက်ကြီးလူနာတွေဟာ ကိုကိုးအနည်းဖြစ်စေ အတန်အသင့်ဖြစ်စေ အများအပြားဖြစ်စေ ပါဝင်သော ချောကလက်များကို စားသုံးပေးသင့်သည်ဟု အဆိုပါ လေ့လာ စူးစမ်းမှုအရ သိရပါတယ်။

 ရေရှည်၊ ရေတို မှတ်ဥာဏ်စွမ်းအား၊ စဉ်းစား တွေးတောနိုင်စွမ်းနှင့် စဉ်းစာခြင်း လျင်မြန်နှုန်းတို့ကို ရက်သတ္တ ၈ ပတ်ကြာ စမ်းသပ် စစ်ဆေး ခဲ့ကြရာ ကိုကိုးပါသော ချောကလက် အသင့်အတင့် သို့မဟုတ် အများအပြား စားသောက်သူ လူနာများတွင် မှတ်ဥာဏ်စွမ်း တိုးတက်မှုရှိသည်ကို တွေ့ခဲ့ကြတာပါ။

ချောကလက် ပုံမှန် စားသောက်ပေးခြင်းဖြင့် မှတ်ဥာဏ်စွမ်းရည် တိုးတက်မှု ရှိကြောင်းကို အီတလီနိုင်ငံ L’Aquil တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Giovambattista Desideri ဦးဆောင်သော အဖွဲ့က သုတေသနပြု လေ့လာခဲ့ ကြခြင်းဖြစ်ပါတယ်။

( Mocha )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : Health Doctor

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ