လက်မစုပ်၊ လက်သည်းကိုက်တတ်တဲ့ ကလေးတွေဟာ အလာ့ဂျစ်ဖြစ်နိုင်ခြေနည်း


သူတို့ရဲ့လက်မနဲ့ လက်သည်းတွေကို စုပ်တဲ့၊ ကိုက်တဲ့ အကျင့်ရှိတဲ့ ကလေးတွေဟာ အလာ့ဂျစ်ဖြစ်နိုင်ခြေကို ပိုမိုနည်းပါးစေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။ လေ့လာချက်က “Hygiene Hypothesis” လို့ခေါ်တဲ့ အလာ့ဂျစ်ဟာ ကလေးတွေရဲ့ အစောပိုင်းကာလတွေမှာ ဖြစ်တတ်တဲ့ အလေ့အကျင့်တွေ မရှိလို့ ဖြစ်တာဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ သီအိုရီတွေ အတော်များများလည်း ဆယ်စုနှစ်များစွာ ကြာအောင်ရှိနေခဲ့ပါတယ်။ သုတေသီတွေဟာ အသက်၁၃နှစ်အရွယ်ကလေးတွေရဲ့ ၄၅ရာခိုင်နှုန်းဟာ ခွေး၊ ကြောင်၊ ဖုန်မုန့်၊ အမှိုက်၊ မြက်ပင်စတာတွေနဲ့ ထိတွေ့ရင် ယားယံတတ်တဲ့ အလာ့ဂျစ်တုန့်ပြန်မှုတွေရှိတတ်ကြပါတယ်။

ဒါပေမယ့် ဒီကလေးတွေအနေနဲ့ သူတို့ရဲ့ လက်မတွေကိုက်တဲ့ အလေ့အကျင့်ရှိရင်တော့ အလာ့ဂျစ်ဖြစ်နိုင်ခြေဟာ ၃၁ရာခိုင်နှုန်းအထိ လျှော့ကျသွားတာကို တွေ့ခဲ့ရတာပါ။ “ကျွန်တော်တို့အနေနဲ့ ငယ်စဉ်ကလေးဘဝမှာ ဖြစ်တတ်တဲ့ လက်ကိုက်၊ လက်စုပ်တဲ့ အကျင့်ရှိတဲ့သူတွေဟာ အလာ့ဂျစ်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တာကို တွေ့ခဲ့ရပါတယ်” လို့ ကနေဒါနိုင်ငံ McMaster တက္ကသိုလ်က ပါမောက္ခ Malcolm Sears ကဆိုခဲ့ပါတယ်။

လက်ချောင်းတွေကို ပါးစပ်ထဲထည့်ပြီး စုပ်တတ်တဲ့ကလေးတွေဟာ သူတို့ရဲ့ အနုဇီဝဖြစ်စဉ်တွေကို တိုးတက်လာနိုင်စေပြီး ရောဂါတိုက်ဖျက်ရေး စနစ်တွေကို တိုးတက်ဖွံ့ဖြိုးစေတယ်လို့ ဆိုခဲ့တာလည်း ဖြစ်ပါတယ်။

( Beauty Syh )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref: Independent


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ