မိုးရာသီအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ


မိုးတွင်းရောက်တဲ့အခါ ခန္ဓာကိုယ်တွင်းရှိ ကိုယ်ခံစွမ်းအားတွေဟာ ကျဆင်းနေတတ်ပါတယ်။ ဒီလိုအချိန်မှာ ရောဂါဘယတွေ ဖြစ်ပွားစေနိုင်တဲ့ ကူးစက်မှုတွေဟာ ခန္ဓာကိုယ်တွင်းမှာ ၀င်ရောက်နေရာယူလာနိုင်ပါတယ်။ အစာအိမ်နဲ့ ပတ်သက်တဲ့ အစာမကျေခြင်း၊ အူယောင်ငန်းဖျား သို့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ အအေးမိ၊ ချောင်းဆိုး၊ ရင်ကြပ် စတာတွေအပြင် အရေပြားရောဂါတွေဖြစ်တဲ့ နှင်းခူရောဂါ၊ အဖုအပိမ့်များ၊ ပြည်တည်နာများ နဲ့ ၀က်ခြံစတာတွေ ဖြစ်ပွားစေနိုင်ပါတယ်။

ရာသီဥတုရဲ့ လေထု၊ ပတ်ဝန်းကျင်ရှိ အစားအသောက်များဟာလည်း အများကြီး အရေးကြီးပါတယ်။

မိုးရာသီမှာ ပတ်ဝန်းကျင် လေထုနဲ့ အစားအသောက်တွေအတွင်း ပျံ့နှံ့နေနိုင်တဲ့ ရောဂါပိုးမွှားတွေ၊ ၀မ်းပျက်ဝမ်းလျှော၊ အထက်လန်အောက်လျှော စတဲ့ ရောဂါတွေလည်း ဖြစ်ပွားနိုင်တာကြောင့် ကိုယ်ခံအားနည်းတဲ့ သူတွေ၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေမှာလည်း အဆုတ်ရောဂါတွေ၊ အသက်ရှုလမ်းကြောင်း ရောဂါပိုးကူးစက်တာတွေလည်း ဖြစ်စေနိုင်လို့ အထူးဂရုစိုက်သင့်ပါတယ်။

မိုးရာသီမှာဆိုရင် ခန္ဓာကိုယ်ကို အထူးပိုမို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ မိုးရာသီမှာ ဓါတုပစ္စည်းတွေနဲ့  အမှိုက်သရိုက်တွေက ရေမှာပျော်ဝင်နေနိုင်တာမို့ ရေနဲ့ပတ်သက်တဲ့ ရောဂါဘယတွေ ပိုမိုများပြားတာပါတယ်။ မိုးရာသီဟာ ဘက်တီးရီးယားပိုးမွှားတွေကိုလည်း ပိုမိုပေါက်ပွားနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် အစားအစာတွေ၊ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပိုးမွှားတွေ ပိုမိုပေါက်ပွားနေတာဖို့ သေချာသန့်စင်ဆေးကြောပြီးမှ စားသုံးသင့်ပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref :

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ