အမေရိကန် မှာ ဇီကာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုကို ပထမဆုံး အကြိမ် အတည်ပြု



ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ရောဂါထိန်းချုပ်မှု နဲ့ ကာကွယ်ရေး စင်တာ(CDC) က ကြေညာမှုတစ်ခု ပြုလုပ်ခဲ့ပါ တယ်။ အဲဒါကတော့ Puerto Rican ဒေသမှာနေထိုင်တဲ့ အသက် ၇၀ အရွယ် အမျိုးသား တစ်ဦးဟာ ဇီကာ ဗိုင်းရပ်စ် နဲ့ ဆက်စပ်နေတဲ့ သွေးထွက်လွန်ရောဂါ တစ်မျိုးကြောင့် ဖေဖော်ဝါရီလက သေဆုံးသွားခဲ့တယ်ဆိုပါပဲ။

ဒါဟာ အမေရိကန် ပြည်ထောင်စုရဲ့  ပထမဆုံး ဇီကာ ဗိုင်းရပ်စ်နဲ့ ဆက်စပ်ပြီး သေဆုံးမှုလည်း ဖြစ်တယ်လို့ CNN သတင်းဌာနက ဖော်ပြထားပါတယ်။

ထိုအမျိုးသားဟာ ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရပြီးတဲ့နောက်မှာ ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေအတွက် တစ်ပတ်ခန့် ဆေးကုသမှု ခံယူခဲ့ပါသေးတယ်။

“သူ သက်သာသွားပြီး ရက်အနည်းငယ် အကြာမှာပဲ သူဆေးရုံကို သွေးထွက်လွန်ရောဂါ တစ်မျိုးရဲ့  လက္ခဏာတွေနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ပြီးတော့ Immune Thrombocytopenic Purpura (သို့) ITP လို့ခေါ်တဲ့ရောဂါ တစ်မျိုးလည်း စွဲကပ်လာပါတယ်။ အဲဒီရောဂါကတော့ လူတစ်ယောက်ရဲ့  ခုခံအား စနစ်က သွေးဆဲလ်တွေကို တိုက်ဆိုက်ပြီး အေးခဲစေတဲ့ ရောဂါပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လူကြီးတစ်ယောက်အတွက် ဒါမျိုးတွေက ဖြစ်လေ့ရှိတဲ့ ကျန်းမာရေး အခြေအနေတွေဖြစ်ပြီး အသက်အန္တရာယ် မရှိနိုင်ခဲ့ပါဘူး။” လို့ အရေပြား ရောဂါ ပညာရှင်တစ်ယောက်ဖြစ်တဲ့ Tyler Sharp က ဆိုပါတယ်။

ထို အမျိုးသားရဲ့  သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ကတည်းက ထုတ်ပြန်မှု မပြုလုပ်ခဲ့ခြင်းဟာ တိကျတဲ့ သေဆုံးမှု အကြောင်းအရင်းကို မသိရှိသေးခဲ့တာကြောင့်ပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဇီကာ ဆိုတာဟာ ခြင် အမျိုးအနွယ် ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး အေးဒီးစ် ဆိုတဲ့ ခြင် အမျိုးအစားတွေက တဆင့် ပျံ့နှံ့လေ့ရှိပါတယ်။ ထိုရောဂါ စွဲကပ်သွားပြီဆိုရင်တော့ အလွန်ဆုံး တစ်ပတ်ခန့်သာ ရှင်သန်ခွင့်ရှိပါတယ်။ ထိုရောဂါကို ကုသနိုင်ဖို့အတွက် ဆေးမရှိသေးသလို ဆေးပညာ သုတေသီတွေဟာလည်း ထို ဇီကာ ဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီး လေ့လာမှုတွေ ပြုလုပ်နေကြဆဲ ပဲ ဖြစ်ပါတယ်။ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ သုတေသန အရတော့ ဇီကာ ဗိုင်းရပ်စ်ဟာ ဟေတီ နိုင်ငံမှာ စတင် ပေါက်ဖွားလာခဲ့တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Elitedaily


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ