တစ်ကိုယ်တော်အစွမ်းပြအားကစားတွေကို ကစားတဲ့ ဆယ်ကျော်သက်တွေမှာ ထိခိုက်မှုပိုများ


တစ်ယောက်ချင်းကစားရတဲ့ အားကစားတွေကို အာရုံထားကစားတဲ့ အထက်တန်းကျောင်းအားကစားသမား ဆယ်ကျော်သက်တွေမှာ  ဒူးနဲ့တင်ပါး ထိခိုက်မှုတွေပိုများနိုင်တယ်လို့ သုတေသနအသစ်တစ်ရပ်ကဆိုပါတယ်။

“သင့်ကလေးတွေကို ပြိုင်ပွဲမှာ ထိခိုက်ဒဏ်ရာ ရလာလားဆိုတာ သေချာအောင် ပြုလုပ်ပါ”လို့ University  of Wisconsin-Madison က ဒူး၊ အရိုးချွတ်ယွင်းမှုနဲ့ ပြန်လည်ထူထောင်ရေး ဌာနရဲ့ လက်ထောက် ပါမောက သုတေသန စာရေးဆရာ ဒေးဗစ် ဘဲလ် ကဆိုပါတယ်။

ဒါ့အပြင် ဒေးဗစ်က “အားကစားတွေမှာ ပါဝင်ယှဉ်ပြိုင်တာက ကြီးမားများပြားတဲ့ ရှုထောင့်တွေအများကြီးရှိနေပါတယ်။ကျွန်တော်တို့က ဒီသတင်းအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး အားကစားသမားတွေနဲ့ မိဘတွေကို ခြောက်လှန့်ဖို့ အလိုမရှိပါဘူး”လို့ ဆိုပါတယ်။
ဆက်လက်ပြီး “သူတို့ကို အမြော်အမြင်ရှိတဲ့ အားကစားသမားတွေဖြစ်စေချင်ပြီး ဖြစ်နိုင်ရင်လုံခြုံစိတ်ချအောင် ပါဝင်စေချင်တာပါ”လို့ဒေးဗစ်က သတင်းတစ်ခုမှာ ဆိုပါတယ်။

အဆိုပါသုတေသနကို အထက်တန်းကျောင်းအကြီးစားတစ်ခုနဲ့ အသေးစားတစ်ခုက အားကစားသမား၃၀၀ပါဝင်ပြီး စမ်းသပ်ခဲ့တာဖြစ်ပါတယ်။အဆိုပါ ၃၀၀ထဲမှာ ၃၆%က မြင့်မားတဲ့ကစားစွမ်းရည်တွေရှိတာတွေ့ခဲ့ရပါတယ်။

၂၄%ကတော့ အသင့်အတင့်ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်ရှိပြီး ၃၅%ကတော့ နိမ့်ကျတဲ့ကစားစွမ်းရည်တွေရှိနေတာ တွေ့ရတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

တစ်နှစ်ကြာလေ့လာခဲ့တဲ့ သုတေသနမှာ အကြီးစားအထက်တန်းကျောင်းက အားကစားသမားတွေက အသေးစားအထက်တန်းကျောင်းက စွမ်းဆောင်ရည်ပိုမြင့်မားတာ တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် စွမ်းဆောင်ရည်မြင့်မားတဲ့ အုပ်စုတွေကအခြားအုပ်စုတွေထက် ဒူးထိခိုက်တာပိုများတာကို တွေ့ရတယ်လို့ ဆိုပါတယ်။အားကစားတစ်ခုတည်းကိုပဲ ရှစ်လထက်ပိုပြီးလေ့ကျင့်တဲ့ကစားသမားတွေမှာ ဒူးဒဏ်ရာနဲ့တင်ပါးထိခိုက်ဒဏ်ရာတွေ ပိုပြီးအဖြစ်များတယ်လို့ သုတေသနကဆိုပါတယ်။

သုတေသနရလဒ်ကိုတော့ The American Journal of Sports Medicineမှာ ဖော်ပြခဲ့ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ