E-cigarettes သောက်သုံးခြင်းက ကိုယ်ခံစွမ်းအားကို ကျဆင်းစေ



Electronic cigarettes (E စီးကရက်) လို့ လူသိများတဲ့ ကျန်းမာရေးစီးကရက်ဟာဆိုရင်တော့ အဖျက်အမှောင့် ဘက်တီးရီးယားတွေရဲ့ လုပ်ဆောင်ချက်တွေကို အားပေးတာကြောင့် ကိုယ်ခံစွမ်းအားကို ကျဆင်းစေတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာ E-cigarettes သောက်သုံးသူအရေအတွက်ဟာဆိုရင်တော့ သုံးဆအထိမြှင့်တက်လာခဲ့တာကြောင့် ဒီစီးကရက်ရဲ့ ဆိုးကျိုးတွေကိုလည်း သုတေသီတွေက လိုက်လံရှာဖွေခဲ့တာပါ။

ဒီစီးကရက်တွေကိုတော့ ဆေးလိပ်မဖြတ်နိုင်တဲ့သူတွေအတွက် အဓိက ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့ပေမယ့်လည်း လူငယ်တွေကတော့ ခေတ်ပေါ်စီးကရက်တစ်မျိုးလို သောက်သုံးနေကြတာပါ။

ဒီဆေးလိပ်မှာ အောက်စီဂျင်လိုမျိုး လူတွေကို အကျိုးပြုစေတဲ့ ဓာတ်တွေပါဝင်နေပေမယ့်လည်း နောက်ဆုံးလေ့လာမှုတွေအရတော့ ဒီစီးကရက်တွေဟာ ကိုယ်တွင်းရောဂါပိုးတွေ ပြန့်ပွားအောင် ကူညီပေးတာကြောင့် လူရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို တဖြည်းဖြည်းအားနည်းလာအောင် ပြုလုပ်လိုက်ပြီး သေစေနိုင်တဲ့ အန္တရာယ်ရှိနေတာကို တွေ့ခဲ့ရတာပါ။

ကယ်လီဖိုးနီးယားက သုတေသနပြုလုပ်တဲ့သူတွေဟာဆိုရင်တော့ E စီးကရက် သောက်သုံးရာမှာ ထည့်သွင်းတဲ့ E liquid ထုတ်လုပ်သူတွေဆီကို သွားရောက်လေ့လာခဲ့ကြပါတယ်။ လေ့လာသူတွေဟာဆိုရင်တော့ E စီးကရက်ကနေ ထွက်လာတဲ့ အငွေ့တွေကို တစ်နေ့ကို တစ်နာရီနှုန်းနဲ့ အချိန်လေးပတ်ကျော် ရှူခိုင်းခဲ့ကြပါတယ်။

အဲ့လို့ ရှူရှိုက်ရတဲ့ ကြွက်တွေဟာဆိုရင်တော့ အသက်ရှူလမ်းကြောင်းတွေမှာ ရောင်ရမ်းတဲ့ အစက်အပြောက်တွေဖြစ်လာတဲ့အပြင် သူတို့ရဲ့ ကိုယ်ထဲမှာရှိတဲ့ နမိုးနီးယားရောဂါလို ဘက်တီးရီးယားတွေကလည်း ပြန့်ပွားနှုန်း ပိုမိုမြန်ဆန်လာတာကို တွေ့ခဲ့ကြပါတယ်။
ဒါ့ကြောင့် လူတွေမှာလည်း အလားတူဖြစ်ရပ်မျိုးတွေဟာ အချိန်ကြာလာတဲ့အခါမှာဖြစ်ပေါ်လာနိုင်ပြီး လေ့လာသူတွေကတော့ သင်သုံးတဲ့ အရည်အမျိုးအစားပေါ်မှာ မူတည်ပြီးတော့လည်း ကျန်းမာရေးကို အနှေးနဲ့ အမြန်ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။



( Paing A K )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com


Ref : MNT

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ