ကောင်လေးတွေကို စကားမပြောရ၍ မိန်းကလေးကျောင်းမှ ကျောင်းသူများ ကြီးလာလျှင် အခက်တွေ့နိုင်



မိန်းကလေးသီးသန့် ကျောင်းမှာ တက်တဲ့ ကောင်မလေးတွေဟာ အမှတ်ကောင်းကောင်းနဲ့ ကျောင်းပြီးနိုင်ကြပေမဲ့ ကျောင်းသူအရွယ်မှာ ကောင်လေးတွေနဲ့ စကားပြောခွင့်မရခဲ့ရင် အနာဂတ်တစ်ချိန်မှာ အကျိုးဆုတ်ယုတ်မှု ရှိတယ်လို့ ထိပ်သီးကျောင်းမှ ကျောင်းအုပ်ဆရာကြီးတစ်ဦးက ညွှန်းဆိုခဲ့ပါတယ်။

Brighton ကောလိပ်မှ ကျောင်းအုပ်ဆရာကြီး Richard Cairns ရဲ့အဆိုအရ တက်သစ်စ အမျိုးသမီးတွေဟာ ကလေးဘဝတုန်းက ကောင်လေးတွေနဲ့ ပေါင်းသင်းဆက်ဆံမှုပြုဖို့ မသင်ယူခဲ့ရဘူးဆိုရင် အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ သိရပါတယ်။

ကိုယ့်ကလေးရဲ့ အနာဂတ်ကို မှန်းမျှော်ပြီး အမှတ်ကောင်းဖို့အတွက် မိန်းကလေးသီးသန့် ကျောင်းမှာ ထားတဲ့ မိဘတွေအနေနဲ့ အယူအဆလွဲမှားမှုတွေရှိနေကြောင်း မဂ္ဂဇင်းဆောင်းပါးတစ်ပုဒ်မှာ Mr Cairns ကပြောပြခဲ့ပါတယ်။

"သမီးတွေအတွက် ကျောင်းရှာကြတဲ့ မိဘတွေတိုင်းက စိတ်ထဲမှာ အလားတူဆုံးဖြတ်ချက်မျိုး တော်တော်လေးရှိကြတယ်။ အတန်းပညာရော၊ လူမှုဆက်ဆံရေးတွေပါ သူတို့ရဲ့ ကလေးတတ်မယ့်နေရာကို လိုချင်ကြတယ်။ ဒါ့ကြောင့် မိန်းကလေးသီးသန့်ကျောင်းမှာထားရင် အမှတ်ပိုကောင်းတယ်ဆိုတဲ့ ခေတ်ကုန်နေတဲ့ အတွေးတစ်ရပ်ကို ကျွန်တော်ထောက်ပြနေတာပါ။ ကလေးဘဝမှာ ကောင်မလေးတွေက ကောင်လေးတွေနဲ့ ပေါင်းသင်းဆက်ဆံမှုမပြုခဲ့ရရင် သူတို့ အလုပ်ခွင်ဝင်တဲ့အခါ ဘာတွေဖြစ်ကုန်မလဲ။" လို့ သူက ဆောင်းပါးမှာ ရေးသားထားပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thithtoolwin.com

Ref: Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ