အသက်ရှည်စေနိုင်မယ့် ဟော်မုန်းတစ်မျိုးကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ




ဒါဟာ ကျန်းမာရေးသုတေသန တွေထဲမှာ တန်ဖိုးအရှိဆုံးဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီသုတေသန က တဆင့် လူတွေ အသက်ရှည်စေမယ့် အဓိက နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ကြလို့ပါ။ သိပ္ပံပညာရှင်တွေဟာ တစ်ဖြည်းဖြည်းချင်း ပိုမို နီးစပ်လာပြီဆိုတာကိုလည်း ယုံကြည်ခဲ့ကြပါတယ်။

Yale ဆေးပညာ တက္ကသိုလ်က အဖွဲ့တွေဟာ လည်ပင်းသငံရည်အင်္ဂါစုက ထုတ်လုပ်တဲ့ ဟော်မုန်းတစ်မျိုးဟာ ဘ၀သက်တမ်းကို ၄၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်တယ်ဆိုတာကို သိရှိခဲ့ကြပါတယ်။ ဒါ့အပြင်သူတို့ရဲ့  ရှာဖွေတွေ့ရှိမှုက တဆင့် ထုတ်ဖော်ပြသနိုင်ခဲ့တာက FGF21 လို့ခေါ်တဲ့ ထိုဟော်မုန်းပမာဏ များပြားခြင်းဟာ ခုခံအားစနစ်ကို အသက်အရွယ်အရ ထိခိုက်ပျက်စီးစေခြင်းမှ လည်း ကာကွယ်ပေးနိုင်တယ်ဆိုတာပါပဲ။

သုတေသီတွေ ပြောကြားချက်အရတော့ ထို လေ့လာမှုဟာ အနာဂါတ်မှာ သက်ကြီးရွယ်အိုတွေရဲ့  ခုခံအားလုပ်ဆောင်မှုကို မြှင့်တင်ပေးရင်းနဲ့ အ၀လွန်ရောဂါ ၊ ကင်ဆာနဲ့ အမျိုးအစား ၂ ဆီးချိုသွေးချို ရောဂါတို့ကို ကာကွယ်နိုင်လိမ့်လို့ သိရပါတယ်။ သာမန်အားဖြင့်တော့ လည်ပင်းသငံရည်အင်္ဂါစုဟာ ခုခံအားစနစ်အတွက် လိုအပ်တဲ့ တီ ဆဲလ်တွေကို ထုတ်လုပ်ပေးပါတယ်။

ဒါပေမယ့် အသက်ကြီးလာတဲ့အခါမှာတော့ လည်ပင်းသငံရည်အင်္ဂါစုဟာ ပိုမို ၀ လာပြီး ဆဲလ်တွေထုတ်လုပ်နိုင်စွမ်းလျော့နည်းလာပါတယ်။ အဲဒီလို တီဆဲလ်တွေ လျော့နည်းလာခြင်းဟာ ကူးစက်ရောဂါများနဲ့ ကင်ဆာရောဂါများ ဖြစ်ပွားလာစေနိုင်ပါတယ်။ သုတေသီတွေက ထို FGF21 ဆိုတဲ့ဟော်မုန်းရဲ့  သက်ရောက်မှုတွေကို ကြွက်တွေနဲ့ စမ်းသပ်လေ့လာခဲ့တာဖြစ်ပါတယ်။

ထို FGF21 ဟော်မုန်းဟာ အသည်းမှာလည်း အန်ဒိုခရိုင်း ဆိုတဲ့ ဟော်မုန်းအဖြစ်နဲ့ ထုတ်လုပ်နေပါတယ်။ ထိုဟော်မုန်းတွေဟာ ကယ်လိုရီတွေအနေနဲ့ အဆီတွေကို လောင်ကျွမ်းစေဖို့ တားမြစ်ခံထားရချိန် ၊ ဂလူးကို့စ် ပမာဏ နည်းပါးနေချိန်တွေမှာ များပြားလာတတ်ပါတယ်။

FGF21 ဟာ အင်ဆူလင် ထိတွေ့ခံနိုင်မှုကိုလည်း ပိုမိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်လျော့ကျစေမှုကိုလည်း စွမ်းဆောင်ပေးနိုင်ပါတယ်။ လေ့လာမှုက ဖော်ထုတ်ပေးခဲ့တဲ့ သေချာတဲ့အဖြေကတော့ ထိုဟော်မုန်းဟာ အမျိုးအစား ၂ ဆီးချိုသွေးချို ရောဂါနဲ့ အ၀လွန်ရောဂါ တို့ကို ထိရောက်တဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဒီလေ့လာမှုကိုတော့ Proceedings of the National Academy of Sciences ဆိုတဲ့ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ