သကြားတစ်ဇွန်းထည့်ထားသောရေကအားဖြည့်အချိုရည်များထက်ပိုကောင်း


အားဖြည့်အချိုရည်တွေ ခေတ်စားနေတဲ့ ခေတ်မှာ ပညာရှင်တွေတော်တော်များများက အားဖြည့်အချိုရည်တွေဟာ ကျန်းမာရေးကိုထိခိုက်နိုင်တယ်လို့ တော်တော်များများ လက်ခံထားကြပါတယ်။ အားဖြည့်အချိုရည်တွေကြောင့် ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်နိုင်ရုံမက နောက်ပိုင်းပြဿနာတွေတော်တော်များများဖြစ်တတ်ကြပါတယ်။

အခုတော့ အင်္ဂလန်နိုင်ငံ Bath University က သုတေသနပညာရှင်တွေဟာ ရေထဲကိုသကြားထည့်ပြီးသောက်တာဟာ အားဖြည့်အချိုရည်သောက်တာထက်စာရင် ပိုပြီးတော့ ကောင်းစေနိုင်တယ်လို့ ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။

အချက်အလက်တွေအရ သကြားတစ်ဇွန်းအပြည့်ထည့်ထားတဲ့ ရေဟာ အားကစားလုပ်ရာမှာ အားဖြည့်အချိုရည်တွေထက်တောင် ပိုပြီး အစွမ်းထက်နေသေးတယ်လို့ သိရပါတယ်။ သူတို့ဟာ သကြားထည့်ထားတဲ့ရေကို သောက်ပြီး အားကစားလုပ်တဲ့သူတွေနဲ့ ဘာမှမသောက်ထားတဲ့သူတွေအားကစားလုပ်ရာမှာ ထွက်ပေါ်လာတဲ့ ကျရှုံးအောင်မြင်မှုတွေကို ရေတွက်ခဲ့ကြတာဖြစ်ပါတယ်။


အားကစားလုပ်နေချိန်မှာ သကြားအမျိုးမျိုးဟာ အလျှင်အမြန်ပဲ သကြားတွေကိုအူကနေ စုပ်ယူသွားတာကို သုတေသီတွေကတွေ့ရှိခဲ့ကြပါတယ်။ အဖွဲ့သားတွေဟာ များစွာသော အားဖြည့်အချိုရည်တွေက ဘယ်လို Carbohydrates တွေပါဝင်ပြီး ဘယ်လောက်ကြာကြာ စွမ်းအင်ကိုသိမ်းဆည်းနိုင်တယ်ဆိုတာပါ လေ့လာခဲ့ကြတာပါ။

သုတေသနကိုဦးဆောင်ခဲ့တဲ့Dr Javier Gonzalez က"ကျွန်တော်တို့လေ့လာချက်က အားဖြည့်အချိုရည်တွေမှာ ပါတဲ့ ကာဘိုဟိုက်ဒရိတ်(သကြား) တွေဟာ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ တံထွေးထဲမှာသာသိမ်းဆည်းထားတာဖြစ်ပြီး ကြွက်သားထဲမှာမဟုတ်တာကိုတွေ့ခဲ့ရပါတယ်။"

သိပ္ပံပညာရှင်တွေက ရေတစ်လီတာထဲမှာ သကြား၉၀ဂရမ် ထည့်သောက်တာဟာ လေ့ကျင့်ခန်းလုပ်တဲ့အခါ နှစ်နာရီကျော်ကြာ အကောင်းဆုံးလှုပ်ရှားမှုတွေပေးစွမ်းနိုင်တယ်လို့ဖော်ထုတ်ခဲ့ပါတယ်။

(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thithtoolwin.com

Ref: Mirror

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ