ကင်ဆာဝေဒနာရှင်တွေရဲ့ သုံးပုံတစ်ပုံကျော်ဟာ လုပ်ငန်းခွင်တွေထဲမှာ ရှိနေ




ကင်ဆာအမျိုးအစား၊ ကုသမှုပုံစံတွေကို မခွဲခြားဘဲ ကင်ဆာရောဂါခံစားနေရသူတွေဟာ အလုပ်ဆက်လက်လုပ်ကိုင်ဖို့ ဆုံးဖြတ်ချက် ချကြတာကို တွေ့ရှိရပါတယ်။

University of Wisconsin မှ သုတေသီတွေဟာ ကင်ဆာရောဂါခံစားနေရသူတွေရဲ့ သုံးပုံတစ်ပုံကျော်ဟာ အလုပ်ဆက်လုပ်ဖို့ ဆုံးဖြတ်ကြတယ်လို့ လေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကို ထိန်းချုပ်နိုင်ဖို့အတွက် သာမာန်ဘ၀ လူနေမှုပုံစံအတိုင်း ဆက်လက်နေထိုင်ပြီး ကင်ဆာဝေဒနာတွေကို ပြန်လည်ခုခံနိုင်ဖို့ ကြိုးစားလာသူ ဝေဒနာရှင်အရေအတွက် တဖြည်းဖြည်း များပြားလာတယ်လို့ ဆိုပါတယ်။

ကင်ဆာဝေဒနာရှင်ပေါင်း ၆၆၈ ဦးကို လေ့လာခဲ့ရာ ၃၅ ရာခိုင်နှုန်းခန့်က အချိန်ပြည့် သို့ အချိန်ပိုင်းအလုပ်လုပ်နေတာကြတာဖြစ်ပြီး ၄၅ ရာခိုင်နှုန်းကတော့ ကင်ဆာရောဂါကြောင့် အလုပ်ရပ်နားကြပါသတဲ့။ ယေဘုယျအားဖြင့် သူတို့ရဲ့ကျန်းမာရေးအခြေအနေဟာ လုပ်ငန်းခွင်မှာလည်း ပြောင်းလဲမှုအနည်းငယ် ရှိတယ်လို့ ဆိုပါတယ်။

အလုပ်ဆက်လုပ်ဖို့ ဆုံးဖြတ်သူ ဝေဒနာရှင်တွေဟာ ကုသမှုခံယူတဲ့အခါ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေတွေ့ရှိရပြီး အလုပ်ဆက်လုပ်တဲ့အတွက် ကုသမှုနဲ့ ရောဂါဝေဒနာတွေ ပိုမိုဆိုးရွားလာတာမျိုးမရှိကြောင်း တွေ့ရှိရတဲ့အတွက် သုတေသီတွေ အံ့အားသင့်ခဲ့ရပါသတဲ့။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ